World Delivery Service

World Delivery Service

Share

27/11/2021

အန္တရယ်ကြီးမားလာတဲ့ပြန့်လာနေပြီဖြစ်သော အိုမီခရွန် ကိုရိုနာ ဗိုင်းရပ်စ် Omicron B 1.1. 529

တောင်အာဖရိက ဘော့စဝါနာ အင်္ဂလန် ဂျာမဏီ ဥရောပ ဟောင်ကောင် စင်္ကာပူ အိန္ဒိယ သို့ရောက် ရှိနေပြီဖြစ်ပါတယ်။

ဗီဇပြောင်းအလွန်မြန်ဆန်ကူးစက်နူန်းမြန်ပါတယ်။

copy from.VOA tv news

တောင်အာဖရိကမှာ စတင်တွေ့ရှိခဲ့တဲ့ ကိုဗစ်မျိုးကွဲသစ်ဟာ တခြားပိုးအမျိုးအစားတွေထက် ကူးစက်မှု မြန်ဆန်နိုင်တာကြောင့် အန္တရာယ်ရှိတဲ့ အမျိုးအစားအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ်လိုက်ပါတယ်။

“B.1.1.529 မျိုးကွဲကို စိုးရိမ်ရတဲ့ ပိုးအမျိုးအစားအဖြစ် သတ်မှတ်ပြီး၊ Omicron လို့ အမည်ပေးထားပါတယ်” လို့ WHO အရေးပေါ်အစီအစဉ်က နည်းပညာဆိုင်ရာအကြီးအကဲ Maria Van Kerkhove က သောကြာနေ့က ပြောဆိုလိုက်တာပါ။

ကနဦး ရရှိတဲ့ အထောက်အထားတွေအရ ဒီပိုးဟာ ကိုဗစ်ရောဂါ ကူးစက်ဖူးတဲ့လူတွေကို ထပ်မံကူးစက်နိုင်တဲ့ အန္တရာယ်ရှိတယ်လို့လည်း ကျွမ်းကျင်သူတွေ တွေ့ရှိချက်တွေကို ဆန်းစစ်လေ့လာအပြီး ထုတ်ပြန်တဲ့ WHO ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

မကြာသေးခင် သီတင်းပတ်တွေကစလို့ တောင်အာဖရိကမှာ ကိုဗစ် ကူးစက်မှု တရှိန်ထိုး မြင့်တက်လာချိန်မှာပဲ Omicron လို့ခေါ်တဲ့ ပိုးအမျိုးအစားသစ်ကို တွေ့ရှိခဲ့တာ ဖြစ်ကြောင်းလည်း WHO ကပြောပါတယ်။

ပိုးအမျိုးအစားသစ်ဟာ ဆင့်ကဲဗီဇပြောင်းလဲမှုတွေ အများအပြား တွေ့ရတာကြောင့် စိုးရိမ်စရာ ကောင်းတဲ့ ပိုးအမျိုးအစားအဖြစ် သတ်မှတ်လိုက်တာပါ။ အန္တရာယ်ရှိတဲ့ ပိုးအမျိုးအစားအဖြစ် သတ်မှတ်ခံရတာ ဆဌမမြောက်ဖြစ်တဲ့ Omicron ပိုးအမျိုးအစားကိုတော့ လက်ရှိ ကိုဗစ်ပိုး စမ်းသပ်တဲ့ PCR စနစ်နဲ့ စစ်ဆေးသိရှိနိုင်တယ်လို့လည်း WHO ကပြောပါတယ်။

ဒီပိုးမျိုးသစ် နဲ့ ပတ်သက်ပြီး ကူးစက်မှု အခြေနေ၊ ကာကွယ်ဆေး ထိရောက်မှု ရှိမရှိနဲ့ ကုသနည်းတွေနဲ့ ပတ်သက်ပြီး သေသေချာချာ သိရအောင် စမ်းသပ်စစ်ဆေးဖို့ သီတင်းပတ်နဲ့ချီ ကြာမြင့်နိုင်တယ် လို့လည်း WHO က ပြောပါတယ်။

23/11/2021

Cracked heels လို့ခေါ်တဲ့ ခြေထောက်ကွဲတဲ့ရောဂါကတော့ တစ်နှစ်ပတ်လုံး ဖြစ်နိုင်ပါတယ်.. ဒါပေမဲ့ ဆောင်းတွင်းမှာ ပိုအဖြစ်များပါတယ်.. အဓိကဖြစ်ရတဲ့အကြောင်းရင်းကတော့ အရေပြားခြောက်လို့ ဖြစ်ရတာပါ.. ခြေဖနောင့်ကိုကြည့်လိုက်ရင် အောက်မှာရှိတဲ့ Sole ရဲ့အရေပြားနဲ့ ဘေးပတ်လည်မှာရှိတဲ့ အရေပြားတွေဟာ ဖွဲ့စည်းတည်ဆောက်ပုံ မတူကြပါဘူး.. ဒီနှစ်ခုဆုံတဲ့နေရာမှာ ခြောက်သွေ့နေရင် အပေါ်ကနေ body weight နဲ့ဖိလိုက်တဲ့အခါမှာ ကွဲထွက်သွားတာ ဖြစ်ပါတယ်.. အထူးသဖြင့် callus လို့ခေါ်တဲ့ အသားမာရှိရင် အရေပြားက ထူနေတော့ ပိုကွဲထွက်နိုင်ပါတယ်.. အရေပြားပါးနေရင်တော့ ကွဲခဲပါတယ်..

သာမန်အားဖြင့်တော့ ခြေဖနောင့်ကွဲရောဂါဟာ အမြင်မလှတာကလွဲလို့ သိပ်ဒုက္ခပေးလေ့မရှိပါဘူး.. ဒါပေမဲ့ ပစ်စလက်ခတ်ထားမယ်.. ခြေထောက်သန့်ရှင်းရေးကိုလည်း ဂရုမစိုက်ဘူးဆိုရင် ပိုပြီးကွဲလာပြီးတော့ ရောင်လာတတ်ပါတယ်.. ရောင်တော့ နာလာမယ်.. ပိုဆိုးလာရင် သွေးထွက်လာမယ်.. အဲ့ဒီအခါမှာ လမ်းလျှောက်လို့မရဘူး ဖြစ်လာတတ်ပါတယ်.. အဲ့ဒီအခါမျိုးမှာ ကတ်ကြေးတို့ ဘလိတ်ဓားတို့နဲ့ ခြစ်ထုတ်တာတို့ ဖဲ့တာတို့လုပ်ခဲ့ရင် မေးခိုင်ပိုးဝင်တတ်လို့ လုံးဝမပြုလုပ်သင့်ပါဘူး.. ရိုးရိုးဘက်တီးရီးယားတွေ ဝင်သွားရင်ကို အနာပိုဆိုးလာနိုင်ပါတယ်.. ဒါကြောင့် ကုသလို့လည်းလွယ်ကူတဲ့ ဒီရောဂါကို ပေါ့ပေါ့ဆဆမနေဘဲ အမြန်ဆုံးသက်သာပျောက်ကင်းအောင် ကုသသင့်ပါတယ်..

အရေးအကြီးဆုံးကတော့ Foot hygiene လို့ခေါ်တဲ့ ခြေထောက်ကို သန့်ရှင်းအောင်ထားဖို့ ဖြစ်ပါတယ်.. အပြင်ကနေ ပြန်ရောက်ပြီးတိုင်း ခြေထောက်ကို ရေနဲ့ဆေးကြောသန့်စင်ရမှာ ဖြစ်ပါတယ်.. အထူးသဖြင့် ညအိပ်ယာဝင်ခါနီးတိုင်း ရေနဲ့ဆေးကြောသန့်စင်ရပါမယ်.. ဆေးတဲ့အခါမှာ ရေအေးအေးကြီးနဲ့မဆေးဘဲ ရေနွေးနဲ့ဆေးရမှာ ဖြစ်ပါတယ်.. ခြေဖနောင့်ကွဲတာ သိပ်ဆိုးရင် အထူးသဖြင့် အသားမာတွေထူနေရင် ရေနွေးထဲမှာ ကိုယ်ခံနိုင်သလောက်ရှိတဲ့အပူချိန်မှာ ဆားလေးနည်းနည်း ဆပ်ပြာမှုန့်နည်းနည်းထည့်ပြီး ၁၅ မိနစ်လောက်စိမ်ပြီး ခြေထောက်ချင်း ပွတ်ထားပေးနိုင်ပါတယ်.. အဲ့ဒီလိုလုပ်လိုက်ရင် ခြေဖနောင့်ကွဲထဲမှာရှိတဲ့ အညစ်အကြေးတွေဟာ အပြင်ကိုထွက်သွားမယ်.. အသားမာတွေလဲ ပျော့သွားမယ်.. အပေါ်ဆုံးအလွှာတွေလည်း တဖြည်းဖြည်းချင်းကွာကျသွားတဲ့အတွက် အမြန်ဆုံး သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်..

ခြေဖနောင့်ကွဲသူတွေဟာ ဖိနပ်ရွေးချယ်ဝတ်ဆင်မှု မှားယွင်းလို့လည်း ဖြစ်တတ်ပါတယ်.. အထူးသဖြင့် ခွာပါးတဲ့ဖိနပ်မျိုးကို မဝတ်သင့်ပါဘူး.. ခွာမညီတဲ့ဖိနပ်မျိုးကိုလည်း မဝတ်သင့်ပါဘူး.. ခွာနည်းနည်းထူတာဟာ ပိုသင့်တော်ပါတယ်.. အမျိုးသမီးတွေဆိုရင် ဒေါက်မြင့်ဖိနပ် ဝတ်ချင်ရင် ဝတ်နိုင်ပါတယ်.. shoe စီးရင်လည်း ကိုယ်နဲ့ အံဝင်ဂွင်ကျဖြစ်တဲ့ ဖိနပ် size ကို ရွေးဖို့လိုပါတယ်.. ချောင်လွန်းရင်လည်း လမ်းလျှောက်တိုင်း ပွတ်တိုက်မှုဖြစ်ပြီး အသားမာ ပိုတက်တတ်ပါတယ်.. ကြပ်လွန်းရင်လည်း သွေးကောင်းကောင်းမလျှောက်လို့ အနာကျက် နှေးနိုင်ပါတယ်.. ခြေအိတ်နဲ့ shoe နဲ့စီးရင် ခြေထောက်ရေစိုကြီးနဲ့ မဝတ်ရပါဘူး.. ခြေအိတ်လည်း ရေစိုနေရင် သေသေချာချာမခြောက်ရင် မဝတ်သင့်ပါဘူး..

နောက်ထပ် အရေးကြီးတာကတော့ ရေများများသောက်ပေးဖို့ ဖြစ်ပါတယ်.. ခြေထောက်ကွဲရခြင်းရဲ့ အဓိကအကြောင်းက အရေပြားခြောက်သွေ့လို့ ဖြစ်ရတာဖြစ်တဲ့အတွက် ရေများများသောက်မှ အရေပြား ပြန်လည်စိုပြေလာမှာ ဖြစ်ပါတယ်.. ရေဆိုတဲ့နေရာမှာ ရိုးရိုးသောက်ရေထက်စာရင် သဘာဝ Fruit Juice တွေ (ဥပမာ သံပုရာရည်၊ လိမ္မော်ရည်၊ နာနတ်သီးဖျော်ရည်၊ ဖရဲသီးဖျော်ရည်) ကို ပိုသောက်နိုင်လေ ကောင်းလေဖြစ်ပါတယ်..

Want your business to be the top-listed Grocery Store in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


Yangon