PDF Channel

PDF Channel

Share

Photos from PDF Channel's post 25/11/2023

လားရှိုးတွင် TNLA က သိမ်းပိုက်ထားသော မိုင်းကျက်တပ်စခန်းကို ရှင်းလင်းရေးပြုလုပ်စဥ် ဟောင်ဝှစ်ဇာလက်နက်ကြီး အပါအဝင် လက်နက် မျိုးစုံ ၇၈ လက်နှင့် ခဲယမ်း အမြောက် အများ သိမ်းဆည်းရရှိ

■ စစ်ကောင်စီ တပ်သား အလောင်း ၅၀ ကျော်မြုပ်နှံထား သည့်နေရာကိုလည်း ရှာဖွေတွေ့ရှိ

ရန်ကုန်၊ နိုဝင်ဘာ ၂၅

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်တွင် TNLA က သိမ်းပိုက်ထားသော မိုင်းကျက်တပ်စခန်းကို နယ်မြေ ရှင်းလင်းရေးပြုလုပ်စဥ် ဟောင်ဝှစ်ဇာလက်နက်ကြီး အပါအဝင် လက်နက် မျိုးစုံ ၇၈ လက်နှင့် ခဲယမ်း အမြောက် အများ သိမ်းဆည်းရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန် ထားသည်။

ယမန်နေ့ နိုဝင်ဘာလ ၂၄ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၅ မိနစ်တွင် လားရှိးမြို့နယ်ရှိ စစ်ကောင်စီ၏ မိုင်းကျက်တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က သိမ်းပိုက်ပြီး ဝင်ရောက် ရှင်းလင်းခဲ့ရာ ၎င်းတပ်စခန်းအတွင်းမှ စစ်ကောင်စီ၏ ဟောင်ဝစ်ဇာ လက်နက် ကြီး အပါအဝင်၊ လက်နက်မျိုးစုံ ၇၈ လက်၊ ကျည်ပေါင်းများစွာသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကောင်စီတပ်သား အလောင်း ၅၀ ကျော် မြုပ်နှံထားသည့် နေရာကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မိုင်းကျက်တပ်စခန်းကို ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့မှစ၍ တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သီတင်းပတ် ၄ ပတ်ကြာ နိုဝင်ဘာ ၂၄ ရက်တွင် အလုံးစုံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်း စစ်ကောင်စီ တပ်စခန်းကို တိုက်ခိုက်မှုများအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်က Jet Fighter ဖြင့် ၉၅ ကြိမ်၊ Y8/Y12 လေယာဉ် ဖြင့် ၁၂ ကြိမ်၊ Mi 35 ရဟတ်ယာဉ်ဖြင့် ၁၅ ကြိမ်၊ Mi17 ၁၅ ကြိမ် ထက်မနည်း လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Address


Yangon
11041