Myanmar Arbitration Centre MAC

Myanmar Arbitration Centre MAC

Share

Photos from Myanmar Arbitration Centre MAC's post 15/01/2024

အနုညာတခုံသမာဓိသင်တန်းအပတ်စဉ်-၆ သင်တန်းဆင်းပွဲနှင့် အပတ်စဉ် ၁ မှ ၆ အထိ ခုံသမာဓိ သင်တန်းသား၏ မိတ်ဆုံညစာစားပွဲအခမ်းအနားကျင်းပ
************************************************************************
မြန်မာအနုညာတစီရင်ဆုံးဖြတ်ခြင်းဗဟိုဌာန (Myanmar Arbitration Centre – MAC) မှ အနုညာတခုံသမာဓိ သင်တန်းအပတ်စဉ် - ၆ သင်တန်းဆင်းပွဲနှင့် ခုံသမာဓိသင်တန်းအပတ်စဉ် ၁ မှ ၆ အထိ ခုံသမာဓိ သင်တန်း တက်ရောက်ခဲ့ကြသော သင်တန်းသူ/သားများ၏ စုံညီညစာစားပွဲကို ၁၃.၁.၂၀၂၄ ရက် ၊ စနေနေ့ ၊ ညနေ (၄) နာရီတွင် အတွင်းဝန်များရုံး (ယခင်ဝန်ကြီးများရုံး) ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်း ၊ ခုံသမာဓိသင်တန်းတွင် ပို့ချပေးခဲ့သော မြန်မာအနုညာတစီရင် ဆုံးဖြတ်ခြင်းဗဟိုဌာန ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်း၊ မြန်မာအနုညာတစီရင် ဆုံးဖြတ်ခြင်းဗဟိုဌာန၏ မန်းနေးဂျင်းဒါရိုက်တာ ဦးကျော်ဒေဝ ၊ အပတ်စဉ် ၆ သင်တန်းသူ/သားများ နှင့် ဧည့်သည်တော်များ စုစုပေါင်း (၉၀) ဦးခန့်ပါဝင်တက်ရောက်ခဲ့ကြပါသည်။

သင်တန်းဆင်းပွဲအခမ်းအနားမစတင်မီ ခုံသမာဓိသင်တန်းအပတ်စဉ် - ၆ တွင် သင်ကြားပို့ချပေးခဲ့သော ဒေါက်တာ မောင်မောင်သိမ်း အား သင်တန်းသူ/ သားများက ဂါရဝါပြု ကန်တော့ခဲ့ကြပြီး ဆရာကြီးမှ သင်တန်းသူ/သားများ အား ဆုံးမဩဝါဒ ပေးခဲ့ပါသည်။

အခမ်းအနားတွင် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်း က ကြိုဆိုနူတ်ခွန်းဆက် အဖွင့်အမှာစကားပြောကြားရာတွင် အသင်းချုပ်သည် စီးပွားရေးမူဝါဒများညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရခြင်း၊ Information Research နှင့် Networking တို့ကို အလေးနက်ထားဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ကုန်သည်စက်မှုအသင်းချုပ်သည် ပုဂ္ဂလိကကဏ္ဍစီးပွားရေး လုပ်ငန်းများ၌အငြင်းပွားမှုများတွေ့ကြုံလာပါက လုပ်ငန်းရှင်များရဲ့ စီးပွားရေးအငြင်းပွားမှုတွေကို အဖြေရှာဆောင်ရွက်ခြင်းဖြင့် အချိန်ကြာ အမုန်းတရားများမရှိစေရေးအတွက် စီးပွားရေးဆိုင်ရာအငြင်းပွားမှုများ ညှိနှိုင်းဖျန်ဖြေရေးကော်မတီ ကိုဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ရာတွင် ပိုမိုစည်းစနစ်ကျနစွာ ဥပဒေဖြင့် ဖြေရှင်းနိုင်မည့် အနုညာတ စီရင်ဆုံးဖြတ်ခြင်းဥပဒေကို ၂၀၁၆ ခုနှစ်တွင် ပြဋ္ဌာန်းပေးခဲ့သည့်အတွက် ပြည်တွင်း၊ပြည်ပ စီးပွားရေးအငြင်းပွားမှုများကို လက်ခံဖြေရှင်း ဆောင်ရွက်ပေးနိုင်မည့် စင်တာတစ်ခုလိုအပ်နေကြောင်း ဆရာကြီး ဒေါက်တာမောင်မောင်သိမ်း အကြံပြုချက် ဖြင့် ၂၀၁၉ ခုနှစ်တွင် စတင် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့သို့ ဆောင်ရွက်ရာတွင် အရည်အချင်း ပြည့်ဝသည့်ခုံသမာဓိပုဂ္ဂိုလ်များ ပေါ်ထွက်လာစေရန် ခုံသမာဓိသင်တန်းပို့ချခြင်းတို့ကိုလည်း ဆက်လက် ဆောင်ရွက်ခဲ့ရာ ယခုအခါ အပတ်စဉ် - ၆ အထိ သင်တန်းသားများ မွေးထုတ်ပေးခဲ့ပြီးဖြစ်သည့် အတွက် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့သူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ သင်တန်းပို့ချပေးသော ဒေါက်တာမောင်မောင်သိမ်း က ခုံသမာဓိသင်တန်းသင်တန်းဆင်းပွဲ အပတ်စဉ်-၆ သို့ ကုန်သည်စက်မှု အသင်းချုပ်ဥက္ကဋ္ဌ ကိုယ်တိုင်လာရောက်ချီးမြှင့်ပေးသည့်အတွက် ကျေးဇူး တင်ရှိကြောင်း၊ သင်တန်းဆင်းပွဲအခမ်းအနားကို မြန်မာနိုင်ငံ၏ သမိုင်းမှတ်တမ်းများဖြင့် ပြည့်စုံတင့်တယ်သည့် ပထမဆုံးသော လွှတ်တော်နေရာနှင့် လွတ်လပ်ရေးတို့ စတင်ခဲ့သည့် မင်္ဂလာရှိသောနေရာတွင် ကျင်းပရခြင်းအတွက် ပိုမို၍ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ထို့နောက် သမိုင်းဝင် အဆောက်အဦဖြစ်သည့် အတွင်းဝန်ရုံး၏ သမိုင်းကြောင်းနှင့် စတင်တည်ဆောက်ခဲ့မှုများအကြောင်းကို သင်တန်းသူ/သားများ သိရှိနိုင် စေရန် မျှဝေခဲ့ပြီး ခုံသမာဓိအဖြစ် ဆောင်ရွက်ကြမည့်သူများကို လမ်းညွှန် အမှာစကားများပြောကြားခဲ့ပါသည်။ ထို့နောက် အပတ်စဉ်-၆ သင်တန်းသူ/ သားများအား တစ်ဦးချင်းစီ သင်တန်းဆင်းလက်မှတ်များကို ဆရာ ဒေါက်တာမောင်မောင်သိမ်း က ချီးမြှင့်ပေးခဲ့ပါသည်။

အစီအစဉ် ဒုတိယအပိုင်းအဖြစ် ခုံသမာဓိသင်တန်း အပတ်စဉ် ၁ မှ ၆ အထိ သင်တန်းတက်ရောက်ခဲ့သူများ၏ မိတ်ဆုံညစာစားပွဲအခမ်းအနားကို ညနေ (၆:၃၀) နာရီတွင် အတွင်းဝန်ရုံး၏ မြက်ခင်းပြင်နေရာ၌ ဆက်လက် ကျင်းပခဲ့ပါသည်။

အဆိုပါ မိတ်ဆုံညစာစားပွဲသို့ ဖိတ်ကြားထားသော ယခင်အပတ်စဉ် သင်တန်း ဆင်း သင်တန်းသူ/ သား များ ၊MAC ဒါရိုက်တာအဖွဲ့ဝင်များ၊ ဧည့်သည်တော် များ စုံညီစွာပါဝင် တက်ရောက်ခဲ့ပြီး အခမ်းအနား အစီအစဉ် ကို ည (၈:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

မြန်မာအနုညာတစီရင်ဆုံးဖြတ်ခြင်းဗဟိုဌာန

#13.1.2024(Saturday)
#16:00-20:30

Want your organization to be the top-listed Government Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. 29, Min Ye Kyaw Swar Street, Lanmadaw Township
Yangon