Hanuman Foot Patch Yangon
11/10/2025
လက်ညောင်းလာရင် ဒီလိုလုပ်
==================
အလုပ်တွေလုပ်နေရ၊ စာတွေရေး၊ ကွန်ပျူတာတွေသုံးရတာကြာလာလို့ရှိရင် လက်တွေညောင်းလာတတ်ပါတယ်။ လက်ညောင်းလာရင်တော့ အခုဖော်ပြမဲ့ လေ့ကျင့်ခန်းတွေကို လုပ်ကြည့်လိုက်ပါ။
🔸လေ့ကျင့်ခန်းတစ်ခုကို (၁၀)ကြိမ်ပြုလုပ်ပါ
🔸အစမှအဆုံးအထိ (၃) ကြိမ် ပြုလုပ်ပါ
Credit
10/10/2025
💢 အကြောညပ်သူများအတွက် ရောဂါသက်သာပျောက်ကင်းစေဖို့ နည်းလမ်းကောင်း 💢
အကြောညပ်ရောဂါသည် ကိုယ်ခန္ဓာ၏ အောက်ပိုင်း ခါး၊ပေါင် နှင့် ခြေသလုံးတို့တွင် ခံစားရလေ့ရှိပါသည်။ အကြောညပ်ရောဂါသည် အလွန်ခံရခက်သည်။
၂၄နာရီပါတ်လုံး ခံစားနေရသည်တော့ မဟုတ်ပါ။ အကြောက အညပ်ခံရလိုက် ပြန်လွတ်သွားလိုက် ဖြစ်ဟန်ရှိပါသည်။
အကြောညပ်ဝေဒနာ ခံစားနေရချိန်တွင် အနေခံခက်လှသဖြင့် စိတ်ဓာတ်ပင် ကျချင်လာတတ်သည်။
အကြောညပ်ဝေဒနာ မသက်မသာ ဒုက္ခခံစားနေရရာက အကြောညပ်ခြင်းမှ ပြန်လွတ်သွားသောအခါ ခံစားရသောသုခသည် အလွန်ပင်တန်ဘိုးရှိကြောင်း ခံစားသိရှိမိတော့သည်။ (ဒါ့ကြောင့်ပင် ကျန်းမာခြင်းသည် လာဘ်တစ်ပါးဟု ဆိုကြရပါသည်)
ယခုဆက်လက်၍ ကျွန်တော်ကိုယ်တိုင် ခံစားခဲ့ရသော အကြောညပ်ဝေဒနာ သက်သာပျောက်ကင်းခဲ့ရပုံကို ကုသိုလ်ပြုပါမည်။
တစ်ခုတော့ပြောလိုသည် လွယ်လွန်းပြီး ငွေမကုန်ရသဖြင့် တန်ဘိုးမရှိထင်ကာ တန်ဘိုးမသိဖြစ်မှာတော့ စိုးရိမ်မိသည်။♨️
လက်တွေ့ပျောက်ကင်းခဲ့သော
လေ့ကျင့်နည်း♨️
လိုအပ်သောပစ္စည်းမှာ
တစ်ကိုက်( ၂ တောင်)ခန့်ရှိသော
ကြိုးတစ်ချောင်းမျှသာဖြစ်ပါသည်
ပီနံကြိုး(ပလပ်စတစ်ကြိုး)
ဖြင့်လည်း ရပါသည်။
🍁၁။ ၄င်းကြိုးကို ပုံတွင်ပြထားသည့်အတိုင်း အဖြားနှစ်ဖက်ဆက်ချည်၍ ကြိုးကွင်းလုပ်လိုက်ပါ။
🍁 ၂။ မွှေ့ယာအထူအခင်းမပါသော ခုတင်ပေါ်တွင် ပက်လက်အိပ် ပါ။
🍁၃။ ခြေနှက်ဖက်ကို ပုံတွင်ပြထားသည့်အတိုင်းကားထားပါ
(ခြေဖဝါးအဖျားပိုင်းသည် အပြင်ဘက်ကိုလဲ၍နေတတ်ပါသည်)။
🍁၄။ ထိုသို့မဖြစ်စေရန် ပုံတွင်ပြထားသည့်အတိုင်း ခြေဖျားပိုင်းနှစ်ဖက်ကို ကြိုးကွင်းဖြင့်သိုင်းထားရပါသည်
(ခြေရင်းဘက်မှကြည့်လျှင် ပုံပြပါအပါအတိုင်း ခြေဖဝါးနှစ်ဖက် မတ်မတ်ထောင်နေပါစေ)။
🍁၅။ ဘေးဘက်မှကြည့်လျှင်လည်း ပုံပြပါအတိုင်း ခြေဖဝါးနှစ်ဖက် မတ်မတ်ထောင်နေပါစေ။
🍁၆။ ထိုသို့နေရသည်မှာ အလေ့အကျင့်မရသေးက အနည်းငယ်အခံခက်ပါသည်(ကြိုးစား၍လေ့ကျင့်ပါ)။
🍁၇။ ထိုအနေအထားအတိုင်း ၂ နာရီခန့်နေလိုက်ပါက ညပ်နေသော ခါးကြော ပေါင်ကြောများ အညပ်လွတ်ခါ အကြောညပ်ဝေဒနာ သက်သာလာသည်ကို
လက်တွေ့ခံစားရပါသည်။
🍁၈။ ထိုအနေအထားအတိုင်း အိပ်ပျော်သွားပြီး ၂ နာရီထက် ပိုကြာလျှင် ပိုကောင်းပါသည်
(အိပ်ယာမှနိုးလျှင် ခန္ဓာကိုယ် အပေါ်ပိုင်းမှစ၍ ဘေးဘက်သို့ စောင်းငဲ့ကာ လှုပ်ရှားလိုက်လျှင် တောင့်တင်းနေသော ခြေနှစ်ဖက်လည်း အဆင်ပြေသွားပါသည်။
🍁 ၉။ ဤကဲ့သို့ တစ်ကြိမ်တစ်ခါ အောင်မြင်အောင် လုပ်ကြည့်ပြီးလျှင် ဤလေ့ကျင့်ခန်း၏ တန်ဘိုးသိရပါလိမ့်မည်။
🍁၁၀။ အခါအားလျှော်စွာ ဆက်လက်လေ့ကျင့်ပါက အကြောညပ်ဝေဒနာ လုံးဝပျောက်ကင်းနိုင်ပါသည်။
#မှတ်ချက်
ဤနည်းကို ခါးညပ်ဝေဒနာ ကိုယ်တိုင်ခံစားခဲ့ရစဉ်က ကျွန်တော်၏ တပည့်(လုပ်ငန်းမန်နေဂျာ) ကိုဖိုးဇော်ခေါ် ကိုအောင်ဇော်မင်းက ပေးပါသည်။
ကိုဖိုးဇော် ကို ဒေါက်တာသန်းစိုးနိုင်(ယခုအထိလူပျိုကြီး)က ပေးသည်ဟု ပြောပြသိရှိရပါသည်။
သူတို့ပြောစကားမှ ကိုယ်တိုင်လက်တွေ့ လေ့ကျင့် ပျောက်ကင်းခဲ့ပါသဖြင့် ကြိုးစား၍ ရေးသားကုသိုလ်ပြုပါသည်။
💗ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာ
ကြပါစေ။💗
အဆင်ပြေသက်သာပြီး.အာရုံကြောညှပ်ဝေဒနါမှအမြန်ဆုံးသက်သာပျောက်ကင်းကြပါစေရှင့်
ထပ်ဆင့်မျှဝေပါသည်
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon