Beauty Angle
07/05/2024
စားကြပါအူး
အမှန်တော့ ကိုယ်လည်းမစားရသေးလို့ ပုံလေးတွေရှာ save ထားတာပါ😝😝
31/01/2024
Bar သွားတိုင်း shark ဘူးနဲ့ ဆိတ်လက်ဖက်ထောင်းမှာစားတဲ့အဖွဲ့က သပ်သပ်ကိုရှိတာနော် 🤭🤭
မသိရင် သူ ဘီယာနဲ့ မြည်းနေပါတယ်ပေါ့😅
15/09/2023
ကိုယ်တိုင် detox သောက်လိုသူများအတွက်
3 days plan
13/09/2023
မမျှော်လင့်ခြင်း ဥယျာဉ်🌿🌿
ငါအမြဲတမ်း ပျော်ရွှင်မှုကိုခံစားရတယ်
ဘာကြောင့်လဲသိလား
အကြောင်းကတော့ ငါဘယ်သူဆီက
ဘာကိုမှ မမျှော်လင့်လို့ပါဘဲ
မျှော်လင့်ခြင်းတွေက အမြဲတမ်း နာကျင်စေတယ်လေ
William Shakespeare
အလွယ်တကူ အိမ်တွင်းအလှဆင်ဖို့ နည်းလေးတစ်ခု🥰
27/11/2021
“variant of concern”names “ Omicron”
မူရင်းဗိုင်းရပ်စ်၊ ဗီဇပြောင်း ဒဲလ်တာတို့နဲ့ ပြိုင်ရင်
၅၀၀% တောင်သာပါတယ်တဲ့။
တောင်အာဖရိက ဘော့တ်စဝါနာမှာ စတွေ့တယ်လို့
ကြေငြာထားပါတယ်။
အဲဒီပိုးနဲ့ ပိုးတွေ့လူနာသစ် ၇၆ ၀၀၀ ကျော်နဲ့
ဂျာမဏီက သူတို့ မနိုင်တော့ပါဘူးတဲ့။
ဥရောပနိုင်ငံတွက အာဖရိကမှ လာမယ့်
လေကြောင်းတွေနဲ့ ခရီးသည်တွေထဲက
သူ့နိုင်ငံသားက လွဲပြီး ဝင်ခွင့်ပိတ်ဖို့
ကြေငြာလိုက်ပါတယ်။
ဘယ်လ်ဂျီယံမှာ တွေ့တဲ့ပိုးသစ်နဲ့လူက အီဂျစ်
နိုင်ငံက ပြန်လာတာပါတဲ့။
ဘီ ၁၁၅၂၉ လို့ အမှတ်အသားရှိတဲ့ ပိုးကိုတွေ့တာ
အမှန်ပါလို့ ဘယ်လ်ဂျီယံ ကျန်းမာရေးဝန်ကြီးက
သူ့ တွစ်တာမှာ ရေးထားတယ်။
နယ်သာလန်နိုင်ငံ အဲမ်စတာဒမ်လေဆိပ်ကို
ဆိုက်ရောက်လာတဲ့ လေယာဉ်ထဲမှာ တောင်အာဖရိက
နိုင်ငံက ခရီးသည်တွေ ပါလာတော့ ဖွင့်ပြီးသား
လေယာဉ်တံခါးကို ပြန်ပိတ်လိုက်ပြီး ခရီးသည်တွေ
ကို ဆင်းခွင့် မပေးတာ့တာတွေ့လိုက်ပါတယ်။
ဘယ်လိုကူးစက်တယ် ဘယ်ပုံပျံ့နှံ့တယ်ဆိုတာ
ခြေရာခံလို့ မရကြသေးပါဘူးတဲ့၊ WHO မှာ
အစည်းအဝေးတွေနဲ့ ယောက်ရက်ခတ်နေပါပြီ။
ဒီပိုးဟာ ဘယ်ဆေးကိုမှ မကြောက်ပါတဲ့။
ဒီတော့ ခင်ဗျားတို့ ကျွန်တော်တို့ ရင်ဆိုင်ကြရ
ပါလိမ့်ဦးမယ် ကြိုတင်ပြင်ဆင်မှု လုပ်ပါ။
ကိုယ်တိုင်ရင်ဆိုင်ကြရမှာပါ၊ ဘယ်သူကမှ
လှည့်ကြည့်မှာ မဟုတ်တာ သေချာတယ်မဟုတ်
လား၊ တကယ်တော့ ဒီနိုင်ငံက အားကစားလို
ပြောရင် ပွဲ ပမ်းလွန်းမက ပမ်းနေပါပြီ။
အသက်ရှင်ရပ်တည်ဖို့ အတော်ကြိုးစားနေကြ
ရတာပါ။
ဒီရောဂါပိုးဟာ သေတတ်ပါတယ်၊ ဒါပေမယ့်
မကြောက်နဲ့။ မကြောက်နဲ့ဆိုသော်လည်း
မပေါ့ပါနဲ့၊
မသေအောင်နေထိုင်ခြင်းက ခင်ဗျားတို့
ကျွန်တော်တို့အတွက် တော်လှန်ရေးတစ်ရပ်ကို
ဆင်နွှဲနေတယ်လို့ အဓိပ္ပါယ်ရပါတယ်။
မူးရင်း ပိုစ့်ပိုင်ရှင်အား crd ပေးပါတယ်ရှင်
16/11/2021
ဆောင်းရာသီတော့ရောက်ပီ ❄️ ❄️
မင်မင်နဲ့အကြိုက်ချင်းတူရင်တော့ share ထားလိုက်တော့😝😝
ဒါမဲ့ ဆွယ်တာဝတ်မရအောင်ထိ ရန်ကုန်မြို့တော်ကြီးက ပူအိုက်နေတော့ မင်မင်ငိုပီပေါ့လေ
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Yangon
Opening Hours
| 09:00 - 17:00 |