Pundits In Town

Pundits In Town

Share

20/07/2023

Pundits In Town ... ဘောလုံးနဲ့ပတ်သတ်သူတွေက အကြောင်းအရာတခုခုကို ဆွေးနွေးကြမယ်။ ကျန်သူတွေက နားထောင်ကြမယ်။ ဆုံရပ်လေးတခုခုဖြစ်တယ်။ ဒါက PIT Talk တွေရဲ့ မူလသဘောပေါ့။ အဲ့တာရဲ့နောက်မှာတော့ စီစဥ်သူဖြစ်သော ကျွန်တော်က ကိုယ့်ဘယ်အချိန်ခေါ်ခေါ်ထလာပေးတဲ့ ဝင်းကျော်မိုး (အဝင်း) ၊ ထိုင်းမှာ ရောက်နေတဲ့ ကိုဘုန်းသစ်အောင် ၊ Authentic City ဆိုင်က ကိုစိုးသက်ပိုင် နဲ့ စာရေးဆရာ ကိုမိုးညီထက်နိုင် တို့ကလွဲရင် ကျန်တဲ့အတွဲအစပ်တွေကိုတော့ အလျဥ်းသင့်သလိုခေါ်ရပါတယ်။

ဒီလိုခေါ်ရာမှာ ဖုန်းရှိသူတွေကို ဖုန်းဆက်ပြီး မရှိသူတွေကိုတော့ စာပို့ရပါတယ်။ ဖုန်းဆိုရင်တော့ အလုပ်က ညီ / ညီမ တဦးဦးကို ပြောပြီးဆက်ခိုင်းလို့ရပေမယ့် စာပို့တဲ့အခါတော့ ကျွန်တော်ပဲ မြန်သွားအောင် တလေးတစားရေးပို့ဖြစ်ပါတယ်။ ဘယ်လိုလူမျိုးမဆိုပါ။

ကျွန်တော့်အနေနဲ့ ဒီလိုစကားပြောပွဲတပွဲဖြစ်ဖို့ အားထုတ်ရတာများပါတယ်။ အသက်မွေးဝမ်းကျောင်းက ဝန်ဆောင်မှုလုပ်ငန်းဖြစ်လို့ အချိန်မရွေးဖုန်းထလာတတ်တဲ့သဘော ၊ ပိတ်ရက်လဲမနားရတဲ့သဘောရှိချိန်မှာ ဒီလို Talk တွေကိုလုပ်ရတာဟာလည်း ဝန်လေးပါတယ်။ ဒါ့အပြင် လာပြောပေးသူတွေအတွက် စားရေးသောက်ရေး ၊ ကြိုပို့စီစဥ်ရတာတွေလဲပါတော့ အကုန်အကျလဲရှိပြန်ပါတယ်။ သို့သော် ဘောလုံးအားကစားကို မှီတည်၍အသက်မွေးသူ ၊ Gambling Ads များနဲ့ရှောင်လိုသူတွေအတွက် Space တခုဖြစ်လိုတဲ့ ဆန္ဒပိုကဲတော့ ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်အားထုတ်ပါတယ်။

ဒီနေရာမှာ သွားပြီး Approach ရတဲ့ ပုဂ္ဂိုလ်တွေကို စိစစ်သလားဆိုရင်တော့ Yes and No ပါပဲ။ စိစစ်ပါတယ်။ သို့သော် အသေးစိတ်တော့လည်း သိပ်မကြည့်နိုင်။ ဒိတော့ သူတို့ရဲ့ ပညာဝမ်းစာ ၊ တင်ဆက်ပုံအနေအထားအရ နားဆင်သူတွေ မနှစ်သက်တာမျိုးလဲဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သတိချပ်စေလိုတာက အားလုံးဟာ ဘောလုံးဝါသနာရှင်တွေဖြစ်ပါတယ်၊ ပြီးတော့ ဘယ်လောက်ဆိုးတဲ့သူဖြစ်ဖြစ် စကားဝိုင်းမှာ ကိုမိုးညီထက်နိုင်တို့လိုလူမျိုး ပြီးတော့ ကျွန်တော့်ရဲ့ Request လုပ်မှုတွေလိုမျိုးရှိလာရင် ထိမ်းထိမ်းသိမ်းသိမ်းဖြစ်လေ့ရှိပါတယ်။

ဒီကြားထဲတော့ ဘာမှသိပ်မလုပ်ဖြစ် ၊ လုပ်ဖို့ရည်ရွယ်ပေမယ့် ကမကထလုပ်တာက ကိုယ်ဆိုတော့ ကိုယ်အချိန်ကြပ်တဲ့အခါ ဒီလို အပျော်ကိစ္စတွေလဲ နောက်ရွေ့ရတာပေါ့။ မကြာခင်တော့ နေရာပံ့ပိုးပေးတဲ့တနေရာရာမှာ လုပ်ဖြစ်ဦးမယ်ထင်ပါတယ်။ ကြေငြာပေးပါ့မယ်။

အားနဲချက်တွေ ၊ စိတ်အလိုမကျမှုတွေရှိပါက ကျွန်တော့်အပြစ်သာဖြစ်ပါကြောင်း ၊ လိုအပ်တာတွေကို ဝိုင်းဝန်းထိမ်းကြောင်းနိုင်ကြပါကြောင်း ၊ မိမိဖက်က ကြိုးပမ်းမှုများကိုလည်း လာရောက်ချီးမြင့်စေလိုပါကြောင်း။

Ko Pyae
Organizer

05/03/2023

Open to public ကိုစပြီးကြိုးစားခဲ့ပါတယ်။ ရှိတဲ့လူတွေထဲကပဲ လက်ခုပ်သံအချို့စပြီးကြားရတဲ့ အချိန်ပါပဲ။ နောက်ထပ် Episode တွေမှာဆုံကြတာပေါ့။

Organized by
Ko Pyae
Gunners' Side

26/02/2023

Lovely Reminder

Flamingo Bar မှာ EPL နဲ့ ဒီညပွဲအကြောင်းပြောဖို့ A Winn နဲ့ Ko Pyae ရှိပါမယ်။ လာရောက်အားပေးကြပါဦး။

Time
6:30 pm to 8:00 pm

Cheers!

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon