ToRi Tour
01/05/2026
📢မေလ (၁) ရက်နေ့ ၊ ကမ္ဘာ့အလုပ်သမားနေ့ မှာ Tori Travel ရုံးလေး ပိတ်ပါမယ်ရှင်....
ကမ္ဘာ့အလုပ်သမားနေ့ (မေလ(၁) ရက်၊ သောကြာနေ့) က အများပြည်သူရုံးပိတ်ရက်လေးမို့လို့ Tori Travel ရုံးလေးကိုလည်း ခေတ္တပိတ်ထားမှာဖြစ်ကြောင်း ကြိုတင် အသိပေးပါရစေနော်.... 🗓️✨
ပိတ်ရက်လေးမှာ ခရီးသွားဝန်ဆောင်မှုလေးတွေနဲ့ ပတ်သက်ပြီး အနည်းငယ် ကြန့်ကြာမှုတွေ ရှိခဲ့ရင်လည်း နားလည်ပေးဖို့ မေတ္တာရပ်ခံပါတယ်ရှင်.....🙏
🗓မေလ (၂) ရက်နေ့ (စနေနေ့) မှာတော့ မနက် (၉) နာရီမှ နေ့လယ် (၁) နာရီအထိ ပုံမှန်ရုံးဖွင့်ရက်လေး အတိုင်း ပြန်လည်ဝန်ဆောင်မှုပေးသွားမှာ ဖြစ်လို့ ခရီးစဉ်တွေ စုံစမ်းချင်တာပဲဖြစ်ဖြစ်၊ လာရောက်တိုင်ပင်ချင်တာပဲဖြစ်ဖြစ် ရုံးသို့ လာရောက်ဖို့ ဖိတ်ခေါ်ပါတယ်ရှင်😍.....
ပိတ်ရက်အတွင်း အရေးကြီးတဲ့ ခရီးသွားဝန်ဆောင်မှုတွေအတွက်ကတော့ အောက်ပါ Hotline နံပါတ်တွေကို ဆက်သွယ်နိုင်သလို Tori Travel Page ရဲ့ Messenger ကနေလည်း စာလေးပို့ပြီး အချိန်မရွေး မေးမြန်းထားနိုင်ပါတယ်ရှင်.... 👇
📲 လေယာဉ်လက်မှတ်၊ ကားလက်မှတ်များအတွက် : 097777 725 66
📲 Visa & Insurance ဝန်ဆောင်မှုများအတွက် : 097777 041 77
📲 Hotel & Tour Package လေးများအတွက် : 09777 4600 66
ဲ့ခရီးသွားမယ်
29/04/2026
🌸Konnichiwa! Japan ရဲ့ နွေဦးအလှမှာ ပျော်ရွှင်ခဲ့ရတဲ့ Tori Travel ရဲ့ April Tour များ 🌸
ဆာကူရာပန်းပင်လေးတွေရဲ့ အလှလေးတွေကို ခံစားရင်း စိတ်လှုပ်ရှားပြီး ပျော်စရာကောင်းခဲ့တဲ့ Japan April Collective Tour ကြီးများကတော့ အမှတ်တရပေါင်းများစွာနဲ့ အောင်အောင်မြင်မြင် ပြီးဆုံးသွားခဲ့ပါပြီရှင်! 🇯🇵✨
ဂျပန်နိုင်ငံရဲ့ အလှပဆုံးနေရာတွေကို စုံလင်စွာနဲ့ ပျော်ပျော်ပါးပါး လည်ပတ်ခဲ့ကြတဲ့ အမှတ်တရပုံရိပ်လေးတွေကို ပြနမလည်ဝေမျှပေးလိုက်ပါတယ်ရှငိ . ☺️💫
နောက်ထပ်လာမယ့် စိတ်လှုပ်ရှားစရာကောင်းတဲ့ Tour ခရီးစဉ်အသစ်တွေကို လက်လွှတ်မခံရအောင် Tori Travel Page လေးကို See First လုပ်ပြီး စောင့်ကြည့်ပေးကြပါဦးနော်! 🚩✨
🏨Tour Department : 09 777 4600 66
📌ToRi Travel : No.94/96 & 98/100, မြေညီထပ်, ဗိုလ်အောင်ကျော်လမ်း (အောက်ဘလောက်), ဗိုလ်တထောင်မြို့နယ်။
⏰Office Hour: 9:00 AM to 5:00 PM (Monday to Friday)
☎️01 8380211, 01 8378800, 09 777 9 77771
www.toritravel.com
ဲ့ခရီးသွားမယ်
27/04/2026
🍃⛈️ မိုးရာသီရောက်တာနဲ့ အတွေးထဲအရင်ဆုံးရောက်တဲ့ ဘားအံမြို့ရဲ့ အလှပဆုံးနေရာလေးတွေ..
☔️🌲မိုးစက်လေးတွေ တစ်စက်ချင်းကျလာတဲ့အချိန်မှာ လေညှင်းလေးတွေ တဖြည်းဖြည်းဝင်လာပြီး တောင်တန်းတွေက ပိုပြီးစိမ်းစိုနက်ရှိုင်းလာတဲ့အပြင် အရင်တည်းကလှတဲ့ရှုခင်းတွေက မိုးရေကြောင့် ပိုအသက်ဝင်လာသလိုပါပဲ .....
🛤️✨ အဲ့လိုအချိန်မှာ ဘားအံမြို့ရဲ့ လှပတဲ့တောင်တန်းတွေကို ငေးမောကြည့်ရတဲ့ခံစားချက်.. ပြီးတော့ မြေသင်းနံ့လေးမွှေးမွှေးလေးနဲ့ လေညှင်းအေးအေးလေးတွေက မွန်းကြပ်နေတဲ့ စိတ်အကုန်လုံးကို ဖြေလျော့သွားစေတဲ့ ခံစားချက် ဒီအရာတွေကတော့ ဘာနဲ့မှမလဲနိုင်လောက်အောင်ကို အေးချမ်းလွန်းတာဖြစ်လို့....
💁သွားရောက်လည်ပတ်ရတဲ့ခံစားချက်ကတော့ ပြောမပြတတ်လောက်တဲ့ ခံစားချက်မျိုးလေးရစေမှာပါ။
😇ဒီနေ့မှာတော့ မင်မင်က ဒီတစ်ခေါက်ရောက်လာမယ့် မိုးတွင်းမှာ သွားရောက်လည်ပတ်သင့်တဲ့ ဘားအံမြို့ရဲ့အလှပဆုံးနေရာ (၅)နေရာကို ချစ်ဧည့်သည်တော်တို့အတွက် Sharing လုပ်ပေးသွားမှာပဲဖြစ်ပါတယ် ။
(၁) နောင်ခလိုင်ရေဂူ
တောင်အရိပ်တွေကြားထဲက တိတ်ဆိတ်အေးချမ်းတဲ့အလှတရား၊ ရေထဲကနေ မြင်ရတဲ့ တောင်နဲ့ဂူ ပေါင်းစပ်ထားတဲ့ သဘာဝရှုခင်း စတာတွေက postcard တစ်ပုံလိုမျိုး ခံစားချက်ပေးပါတယ် ။ မိုးရာသီသွားရင်တော့ ရေအပြည့်နဲ့ ရေကူးလို့လဲကောင်းတယ်နော် ။
(၂) တောင်ဝိုင်းတောင်
ဘားအံရောက်ရင်တော့ တောင်ဝိုင်းတောင်ကို မဖြစ်မနေတက်သင့်တယ်နော် ။ Viewpoint အရမ်းကောင်းတဲ့နေရာဖြစ်ပြီးတော့ တောင်ထိပ်ရောက်ရင် တိမ်ပင်လယ်ကိုကြည့်ဖို့အတွက် အားခဲပြီး တက်မှရမယ်ရှင် ။ တောင်အောက်ကို လှမ်းကြည့်လိုက်ရင်တော့ လယ်ကွင်းတွေ၊ ရေကန်တွေနဲ့ တောင်တွေအကုန်ပေါင်းစပ်ထားတဲ့ ရှုခင်းက တောင်တက်လို့မောပန်းနေတဲ့စိတ်ကိုတောင် ပြန်လည်ငြိမ်သက်စေပါတယ်။
(၃) ရသေ့ပျံဂူ
သဘာဝကျောက်လှိုဏ်ဂူဖြစ်ပြီး ဂူထဲမှာတော့ရှေးဟောင်းအုတ်ခွက်ဘုရားတွေနဲ့ အေးချမ်းတဲ့နေရာလေးဖြစ်ပြီးတော့ View Point ကလဲ အရမ်းလှပါတယ် ။
(၄) ဆန္ဒန်ဂူ
ဘားအံရဲ့ iconic place တစ်ခုဖြစ်ပြီး သဘာဝနဲ့ သမိုင်းပေါင်းစပ်ထားတဲ့ အလှအပကို ခံစားရစေမှာပါ။ ဂူအတွင်းမှာ Buddha statue တွေရှိပြီးတော့ ဂူထွက်ပေါက်မှာတော့ လှေစီးချင်သူတွေအတွက် boat ride experience ပါရှိတယ်နော် ။ ကြည်လင်နေတဲ့ရေကန်ထဲမှာ လှေစီးရတဲ့အတွေ့အကြုံက တကယ်ကို မေ့မရတဲ့ အမိုက်စားခံစားချက်ရစေပါတယ်။
(၅) ထွန့်ပတိုင်
ထွန့်ပတိုင်ကတော့ ကမ္ဘာကြီးကို အပေါ် စီးကနေကြည့်နေရသလိုခံစားရစေတဲ့ အလှတရားလို့ တင်စားခေါ်ဝေါ်နိုင်ပြီး အလုပ်ပင်ပန်းမှုတွေနဲ့ စိတ်ဖိစီးမှုတွေ အချိန်အနည်းငယ်အတွင်း မေ့ပျောက်သွားအောင် သဘာဝနဲ့ ပြန်ချိတ်ဆက်ပေးနိုင်တဲ့နေရာတစ်ခုဆိုရင်လဲ မမှားပါဘူးရှင် ။
😉☁✨ အားလုံးကို ချုံငုံပြီးပြောရမယ်ဆိုရင်တော့ ဘားအံမြို့ရဲ့ အလှက သွားရောက်လည်ပတ်သူတိုင်းကို စိတ်အေးစေပြီး “ ဘားအံမှာပဲအခြေချတော့မယ် “ဆိုတဲ့စိတ်တောင် ဖြစ်သွားစေလောက်တယ်နော်..
🥰 အခု မင်ရေးပေးထားတဲ့ Content လေးကိုဖတ်ရင်း ဘားအံကို သွားရောက်လည်ပတ်ချင်တယ်ဆိုရင်တော့..
🍃 မိုးရာသီရောက်မှ ခရီးထွက်ဖို့ စတင်ပြင်ဆင်တာထက်စာရင် အခုထဲက ကားလက်မှတ် နဲ့ hotel ကို ကြိုတင်plan လုပ်ထားပြီး အားလုံးစိတ်ချရစေဖို့ Tori ကို သတိရလိုက်တော့နော် ..။
🏡ToRi Travel : No.94/96 & 98/100, မြေညီထပ်, ဗိုလ်အောင်ကျော်လမ်း (အောက်ဘလောက်), ဗိုလ်တထောင်မြို့နယ်။
☎ Office Hour: 9:00 AM to 5:00 PM (Monday to Friday) 01 8380211, 01 8378800, 09 777 9 77771
📱Tour Department : 09 777 4600 66
🌐www.toritravel.com
ဲ့ခရီးသွားမယ်
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. 94-96/98-100, Bo Aung Kyaw Street (Lower Block), Botahtaung Township
Yangon
11161
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |