Cozy Nook Design Studio
29/03/2026
ဒီအိမ်လေးကတော့ခေတ်မီပြီး သန့်ရှင်းတဲ့ ဒီဇိုင်းကို သဘာဝပုံစံနဲ့ ပေါင်းစပ်ထားတဲ့ Modern Minimalist နှစ်ထပ်အိမ်ဒီဇိုင်း ဖြစ်ပါတယ်။
အိမ်ရဲ့ exterior design ကို အဖြူရောင်နံရံများနှင့် သစ်သား texture façade ကိုပေါင်းစပ်အသုံးပြုထားပြီး အိမ်တစ်လုံးလုံးကို နွေးထွေးပြီး modern feeling ရရှိစေပါတယ်။
အပေါ်ထပ်မှာထားရှိတဲ့ အရွယ်အစားကြီးသော glass window များကြောင့် အိမ်အတွင်းသို့ သဘာဝအလင်းရောင်များ လုံလောက်စွာဝင်ရောက်နိုင်ပြီး အတွင်းပိုင်းကို ပိုမိုပွင့်လင်းကျယ်ဝန်းစေပါတယ်။
အိမ်အမိုးကို triangular roof design ဖြင့်ပြုလုပ်ထားပြီး မြန်မာနိုင်ငံလို အပူပိုင်းဒေသအတွက် အပူကာကွယ်မှုနှင့် မိုးရေစီးဆင်းမှုအတွက်လည်း အထောက်အကူဖြစ်စေပါတယ်။
Ground floor တွင် သစ်သား main door ကို အသုံးပြုထားပြီး အိမ်ဝင်ပေါက်ကို ခန့်ညားသပ်ရပ်စေပါတယ်။ ထို့အပြင် အိမ်ရှေ့တွင် စိုက်ပျိုးထားသော အပင်များနှင့် landscape design ကလည်း အိမ်ကို သဘာဝနှင့် နီးစပ်သည့် အေးချမ်းသောနေထိုင်မှုပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးပါတယ်။
ဒီဒီဇိုင်းသည် ခေတ်မီပြီး ရိုးရှင်းသန့်ရှင်းသော အိမ်ဒီဇိုင်းကို ကြိုက်နှစ်သက်သော မိသားစုများအတွက် အထူးသင့်လျော်သော အိမ်ဒီဇိုင်းမျိုး လေးဖြစ်ပါတယ်ရှင်။
#အိမ်ဒီဇိုင်း
Click here to claim your Sponsored Listing.
Category
Website
Address
Yangon