God Hand Modelling Studio

God Hand Modelling Studio

Share

Photos from God Hand Modelling Studio's post 01/12/2022

Brand - Yolopark
Model - Optimus Prime
Painted build by God Hand Modelling Studio
Commercial work

ကျွန်တော့်ရဲ့ Optimus Prime Project လေးကတော့ အောင်မြင်စွာပဲပြီးဆုံးသွားပါပြီ။ ဒီကောင်လေးကိုတော့ လာအပ်တဲ့ customer က original version ပဲလိုချင်တယ်ဆိုလို့ Original အရောင်လေးတွေအတိုင်းကိုပဲ အနည်းငယ်ဆန်းသစ်ပြီး အရောင်လေး ပိုလှသွားအောင် Raditz ရဲ့Easy clear clear color လေးတွေကိုအသုံးပြုထားတာပဲဖြစ်ပါတယ်။ ဒီကောင်လေးကိုဆောက်တဲ့အချိန်မှာ တွေ့ရတဲ့ အခက်အခဲက တော့ ဆေးမှုတ်ဖို့ part တွေ အရမ်းများတာ ၊ ဆေးမှုတ်ပြီးပြန်တပ်တဲ့ အချိန်မှာ instruction စာအုပ်က အညွှန်းက မရှင်းလင်းတာနဲ့ EPC က မီးမမှန် တာလေးတွေက တော့ ဆောက်တဲ့အချိန်မှာ ရတဲ့ အပျော်လေး တွေပျောက်ပြီး ထထလောင်ရတာပါပဲဗျာ 😄 ။ ဒီကောင် လေးကိုတော့ အခုမှ စဆက်မဲ့ beginner တွေ အနေနဲ့ တော့ စပြီးမကိုင်သင့်ပဲ Experiance ရှိပြီးသားလူတွေအနေနဲ့ ကတော့ building skill ကို Next level နဲ့ New Experience ကိုရရှိစေမှာမလို့ စမ်းကြည့်သင့်ပါတယ် လို့ ညွှန်းချင်ပါတယ် ။ ဒီ kit လေးက ကြော်ငြာထားသလို solid ဖြစ်တယ် ဆိုပေမဲ့ တစ်ချို့ နေရာလေးတွေကတော့ ပြုတ်ထွက်နိုင်တဲ့ part သေးသေးလေးတွေ အများကြီးပါဝင်တာတော့တွေ့ရပါတယ် ။ ပါဝင်တဲ့ Part တွေများချက်ကတော့ လက်ချောင်းလေး တွေနဲ့ လက်ဖဝါး နှစ်ဖက်တင်ကို part 50 နီးပါးလောက်ပါဝင်မှာဖြစ်လို့ အဝ ဆောက်လို့ရမဲ့ kit အမျိုးအစားထဲမှာပါဝင်ပါတယ် 😁။ ဒီ Kit လေးမှာ ဆောက်ရတာ လက်အဝင်ဆုံးကတော့ body ပိုင်းနဲ့ ခြေထောက် ပိုင်းလေးတွေဖြစ်ပြီးတော့ ပုံမှန် Gunpla တွေနဲ့ မတူပဲ ဆက်ရတဲ့ အပိုင်းလေးတွေပါဝင်တာ မလို့ တချို့နေရာလေးတွေကတော့ ချွေးပျံပြီး ခေါင်းစားရမှာဖြစ်ပြီး အားလုံးပြီးသွားရင်တော့ တော်တော်မိုက်တဲ့ ခံစားမှု့ ကိုရမှာဖြစ်လို့ တစ်ကောင်လောက်ဝယ်ပြီးစမ်းကြည့်ကျဖို့ အကြံပေးပါရစေဗျာ 😊😊

24/11/2022

Today W.I.P

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon