Yu Thet - Forex Advisor

Yu Thet - Forex Advisor

Share

21/05/2026

အပြင် စီးပွား​ရေး​တွေကို အဓိက အာရုံစိုက်လုပ်​နေရင်းနဲ့ "Trading လုပ်နေရတဲ့ Trader များအတွက် "အချိန်မရှိတာ" ထက် "နည်းလမ်းမှားနေတာ" က ပိုဆိုးပါတယ်။

မိတ်​ဆွေတို့က ကိုယ့်လုပ်ငန်းနဲ့ကိုယ် အလုပ်ရှုပ်နေလို့ Trading မှာ တစ်နေကုန် Chart တွေ ကြည့်ဖို့ အချိန်မပေးနိုင်ဘူး ဖြစ်နေတယ်ဆိုရင်

​"Trading ဆိုတာ Chart ကို (24) နာရီ ထိုင်စောင့်နေရတဲ့ အလုပ်မဟုတ်ဘူး" ဆိုတဲ့ Mindset ကို စထည့်ကြည့်ဖို့လိုပါတယ်။

Trading ကို Chart ရှေ့မှာ တစ်နေကုန်ထိုင်ကြည့်နေရတဲ့ အလုပ်တစ်ခုလို့ မြင်နေသရွေ့ မိတ်​ဆွေရဲ့ Primary Business ရော၊ Trading Business ကိုပါ ထိခိုက်နေဦးမှာပါ။

တကယ်တော့ "နည်းစနစ်မှန်ရင်" တစ်နေ့ကို ကိုယ်အားလပ်ချိန်​လေးပေးရုံနဲ့ Trader တစ်ယောက်လို ​သေချာ Trade လို့ ရပါတယ်။

မိတ်​ဆွေတို့အတွက် အချိန်ကုန်သက်သာပြီး ထိရောက်နိုင်တဲ့ Trading လုပ်ငန်းဖြစ်စေဖို့ ကျွန်မ​ပြောပြမယ့် ဒီအချက်(3) ခု​လောက်ကို ​ပြင်ဆင်ကြည့်ပါရှင်။

1. ပြင်ပစီးပွား​ရေး​တွေလုပ်​နေတဲ့ လုပ်ငန်းရှင်တ​စ်ယောက်ဆိုရင် မနက်​စော​စော နဲ့ ညဘက်​တွေမှာ အချိန်ရနိုင်မယ်ထင်ပါတယ်။

• ​တစ်နေ့ကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ် (2) ကြိမ်ပဲ Chart ကို Analysis လုပ်ကြည့်ပါ။
• အချိန်ပေးရတာ သက်သာသလို၊ ပိုပြီးလည်း အေးဆေးပါတယ်။
• Lower Timeframe (ဥပမာ - 5 min, 15 min) တွေမှာ ဈေးနှုန်းအတက်အကျဟာ အရမ်းမြန်ပြီး မှားယွင်းတဲ့ Signal တွေ ပြတတ်သလို စိတ်လှုတ်ရှား​စေတတ်ပါတယ်။ ဒါကြောင့် အချိန်မပေးနိုင်တဲ့ Trader တစ်ယောက်အတွက် (ဥပမာ - H4 လို) Higher Timeframe ကို ကြည့်တာဟာ အမှားနည်းစေသလို၊ Timeframe ကြီးလေလေ၊ Signal ပိုခိုင်မာလေလေဖြစ်လို့ စိတ်ဖိစီးမှု သိသိသာသာ လျော့ကျသွားပါလိမ့်မယ်။ တစ်နေ့ကို (၂) ကြိမ်လောက်ပဲ Chart ကြည့်ဖို့ လိုအပ်ပါတော့တယ်။

2. Chart ရှေ့မှာ ထိုင်စောင့်မနေပါနဲ့။

• ​ကိုယ်​စောင့်နေတဲ့ ဈေးတန်းကိုရောက်ရင် ဖုန်းထဲကို Notification လာအောင် Alert ပေးထားပါ။ (ဒါမှမဟုတ် ကိုယ့်ကိုသတိ​ပေး​ပေး Notofication ပို့​ပေးမယ့်သူရှိရင်လဲ အဆင်​ပြေနိုင်ပါတယ်)
• ​ကိုယ်ဝင်ချင်တဲ့ ဈေးတန်း​တွေမှာ Limit Order ​တွေ ကြိုတင်ထားလိုက်ပါ။
• ​Trade တစ်ခုဖွင့်ပြီးတာနဲ့ Stop Loss (ရှုံးနိုင်ခြေ) နဲ့ Take Profit (မြတ်နိုင်ခြေ) ကို တစ်ခါတည်း သတ်မှတ်လိုက်ပါ။ ပြီးရင် Chart ကို ပိတ်လိုက်ပါ။ ကိုယ့်အပြင်စီးပွားရေးကိုပဲ အာရုံစိုက်ပါ။ ဈေးကွက်က သူ့အလုပ်သူ လုပ်ပါလိမ့်မယ်။
3. ခဏခဏ Trade မ​နေပဲ Quality Trade ​တွေကိုပဲ အာရုံစိုက်ပါ။ တစ်နေ့ကို Trade ပေါင်းများစွာ ဝင်နေတာဟာ Professional မကျပါဘူး။
• ​တစ်ရက်မှာ High Probability ရှိတဲ့ Setup (1) ခု သို့မဟုတ် (2) ခု​လောက်ရဖို့ပဲ အာရုံစိုက်ပါ။
• ​ကိုယ့်ရဲ့ Business Schedule နဲ့ ကိုက်ညီတဲ့ Trading Session ကိုပဲ ရွေးချယ် Trade ပါ။(ဥပမာ - New York Session)

​နိဂုံးချုပ်အ​နေနဲ့​ပြောရရင် "Trading ဆိုတာ မိတ်​ဆွေတို့ဘဝကို ပိုမိုကောင်းမွန်အောင် ထောက်ပံ့ပေးတဲ့ Income Source တစ်ခုပဲ ဖြစ်သင့်ပါတယ်။ မိတ်​ဆွေတို့ဘဝရဲ့ ပျော်ရွှင်မှုနဲ့ စီးပွားရေးလုပ်ငန်းတွေကို ဝါးမြိုသွားတဲ့ အရာတစ်ခု မဖြစ်ပါစေနဲ့။ စနစ်တကျ Plan ချထားတဲ့ Trade တစ်ခုဟာ တစ်နေကုန် Screen ကြည့်နေတဲ့ Trade ထက် ပိုပြီး အကျိုးအမြတ်များပါတယ်။"

​"အလုပ်ရှုပ်နေတဲ့ Trader တစ်ယောက်အတွက် အကောင်းဆုံးလက်နက်ဟာ "စိတ်ရှည်ခြင်း" ဖြစ်ပါတယ်။ ဈေးကွက်နောက်ကို လိုက်မပြေးပါနဲ့၊ ကိုယ်သတ်မှတ်ထားတဲ့ နေရာရောက်လာတဲ့အထိ ဈေးကွက်ကို စောင့်ခေါ်ပါ။ ဒါဟာ လုပ်ငန်းရှင်ဆန်တဲ့ Trading ပုံစံပါပဲ။"

ဒါ​ကြောင့် ကျွန်မအခုအကြံပြုပေးတဲ့ (3) ချက်​လောက်ကိုပဲ စပြီးပြင်ဆင်ကြိုးစားကြည့်ပါရှင်။

Yu Thet
8.1.2026 (MMT - 8:00 p.m)

Trading (ကမ္ဘာ့ရွှေစျေးကွက်) မှာ ကျွန်မရဲ့ အကြံဉာဏ်ပေးမှုများနဲ့အတူ တိုင်ပင်ဆွေးနွေးရင်း အရောင်းအဝယ်ပြုလုပ်လိုတာဖြစ်စေ၊ အခြေခံကနေစပြီး ကျွမ်းကျင်တဲ့အထိ Class တွေ လေ့လာလိုတာဖြစ်စေ၊ Telegram : https://t.me/yuthet_ytc မှတဆင့် ဆက်သွယ်နိုင်ပါတယ်ရှင့်။

Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon