Follow Me Webtoon

Follow Me Webtoon

Share

17/03/2025

🎨The 2nd Find Your Myanmar Webtoon Content Competition
ပထမဆုရရှိသွားခဲ့တဲ့ webtoon လက်ရာပဲ ဖြစ်ပါတယ်🏆

🎉ပထမဆုရရှိသူ Bang Art Studioအား ထပ်မံဂုဏ်ပြုပါတယ်ရှင်🎉

နောက်နှစ် 3rd Find Your Myanmar မှာလည်း ဒီလိုမျိုး အဖိုးတန် လက်ရာတွေနဲ့ ပါဝင် ယှဥ်ပြိုင်မယ့် ပြိုင်ပွဲဝင်များကို ဖိတ်ခေါ် စောင့်မျှော်နေပါ့မယ်ရှင့်

10/03/2025

အားလုံးပဲ မင်္ဂလာပါရှင့်။

အခုဆိုရင် အားလုံးရင်ခုန်စွာစောင့်မျှော်နေကြတဲ့ "Find Your Myanmar" Webtoon Content Competition ဆုရရှိသူဆန်ခါတင်စာရင်း ထွက်ရှိလို့လာပါပြီပဲဖြစ်ပါတယ်ရှင့်။
ဆုပေးအပ်ချီးမြှင့်ပွဲ တက်ရောက်ခွင့်အား ၎င်းဆန်ခါတင်စာရင်းဝင် (၈)ဦးထံ ပေးအပ်သွားမှာဖြစ်ပြီး ပေးအပ်သွားမည့် ဆုအသီးသီးကတော့ ဆုပေးအပ်သည့် ပွဲနေ့မှာ ရင်ခုန်စိတ်လှုပ်ရှားမှုအပြည့်နဲ့ စောင့်မျှော်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်ရှင့်။

ဆုမရရှိသော ဆန်ကာတင် စာရင်းဝင် ပြိုင်ပွဲဝင်များအတွက်လည်း ဆုပေးပွဲအားတက်ရောက်ပေးသည့်အတွက် ကျေးဇူးတင် အမှတ်တရလက်ဆောင်များ ပြင်ဆင်ပေးအပ်သွားမှာ ဖြစ်ပါတယ်။

ဆုရရှိသူ ဆန်ခါတင်စာရင်းဝင် (၈)ယောက်အား သီးသန့်ဆက်သွယ်၍ ဆုပေးပွဲအားဖိတ်ကြားပေးမှာဖြစ်ပါတယ်ရှင့်။

03/03/2025

ဆုရရှိသူ Announcement ကို စောင့်မျှော်နေကြပြီးလားရှင့် ??

Broadcasting Content Promotion foundation(방송콘텐츠 진행재단) က‌နေ ဦးစီးကျင်းတဲ့ 2nd Webtoon content competition ကို 12လပိုင်းကနေ 2လပိုင်း 20ရက်နေ့အထိ ပြိုင်ပွဲဝင်လက်ရာများကို လက်ခံပြီး ပြိုင်ပွဲကို ကျင်းပခဲ့တာဖြစ်ပြီး
ပါဝင်ယှဥ်ပြိုင်ပေးကြတဲ့ ပြိုင်ပွဲဝင်များ အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်။

အားလုံး ရင်ခုန်စွာ စောင့်မျှော်နေကြတဲ့ ဆုရရှိသူ ပြိုင်ပွဲဝင်များကိုတော့ မတ်လ 7ရက်နေ့မှာ ကိုရီးယား PD တွေကနေ အကဲဖြတ်ပြီး March 8ရက်နေ့
page မှာပဲ ကြေငြာပေးသွားမှာ ဖြစ်ပါတယ်။
ဆုပေးပွဲကိုတော့ မတ်လ March 16ရက်နေ့ Lotte Hotel မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်ရှင့်...

မတ်လ 8ရက်နေ့ ကြေငြာချက်မှာတော့ ဆုစာရင်းဝင်တဲ့ ပြိုင်ပွဲဝင် ၄ ဦးရဲ့ အမည်ကိုသာ ‌ကြေငြာပေးမှာ ဖြစ်ပြီး ရရှိတဲ့ ဆုအမျိုးအစားတွေကိုတော့ ဆုပေးပွဲနေ့မှာ ကြေငြာပေးသွားမှာမလို့ စိတ်လှုပ်ရှားစွာ စောင့်မျှော်ရင်ခုန်ရမှာပဲ ဖြစ်ပါတယ်။
ဆုရရှိသူတွေကိုတော့ သီးသန့် ဆက်သွယ်ပေးမှာမို့လို့ မတ်လ ၈ရက်နေ့ ဆုရရှိသူ ကြေငြာချက်ကို ရင်ခုန်စွာ စောင့်မျှော်ပေးကြပါဦးရှင်💐

10/01/2025

📣 Find Your Myanmar Webtoon Content အား ပြိုင်ပွဲကာလတိုးမြှင့်ကြောင်းကြေညာခြင်း📣

BCPFမှ ကြီးမှူးကျင်းပသော Webtoon Contentပြုင်ပွဲကြီးအား Deadline ယခင် 31.1.2025 မှ ယခု 21.2.2025 အထိ တိုးမြှင့်ပေးလိုက်ပါပြီရှင့်။

တိုးမြှင့်လိုက်တဲ့ 21.2.2025 ရက်နေ့အမှီ ဇာတ်လမ်းများကို
သတ်မှတ်ထားတဲ့သတ်မှတ်ချက်များအတိုင်း ပေးပို့ပြီး
ပထမဆု- ငွေကျပ် သိန်း50 မှ တတိယဆု- ငွေကျပ် 10သိန်းတို့အပြင်
HUION ရဲ့ Authorized Distributor ဖြစ်တဲ့ Digitland Myanmar Ltd. ကနေပြီးတော့ Co-Sponsor အနေနဲ့ပေးအပ်သွားမယ့်
HUION Drawing Tablet တွေကိုရရှိနိုင်မယ့် အခွင့်အရေးကို လက်မလွတ်စေဖို့ webtoon ဝါသနာရှင်များအားလုံးကို ဖိတ်ခေါ်လိုက်ပါတယ်ရှင့်။

ပြိုင်ပွဲ အသေးစိတ်အကြောင်းအရာကိုတော့ အောက်ပါ Link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/share/p/1BCq7CPosR/

Ph : 09759952895 , Viber - +959759952895 တို့မှာလည်း လာရောက်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်။

07/01/2025

🎉ဒုတိယအကြိမ် ပြန်လည်ရောက်ရှိလာတဲ့ 𝑾𝒆𝒃𝒕𝒐𝒐𝒏 𝑪𝒐𝒏𝒕𝒆𝒏𝒕ပြိုင်ပွဲကြီး🎉

အခုကျင်းပမယ့် ပြိုင်ပွဲကိုတော့ Koreaနိုင်ငံမှာရှိတဲ့ Broadcasting Content Promotion Foundation - BCPF ကနေ ဦးစီကျင်းပခြင်းဖြစ်ပြီး ဆုကြေးငွေကိုလည်း ပထမအကြိမ်တုန်းကထက် 10ဆပိုမို တိုးမြင့်လိုက်ပါပြီနော်။ ဆုကြေးငွေတွေအပြင် HUION ရဲ့ Authorized Distributor ဖြစ်တဲ့ Digitland Myanmar Ltd. ကနေပြီးတော့ Co-Sponsor အနေနဲ့ HUION Drawing Tablet တွေကိုလည်း Bonus Prizeအဖြစ်ချီးမြှင့်ပေးအပ်သွားမှာ ဖြစ်ပါတယ္။


ပြိုင်ပွဲလေးရဲ့ သတ်မှတ်ချက်တွေကတော့
 Cut(40)နှင့် အထက်ရှိသော Completed Story ဖြစ်ရမည်။
 ပေးပို့ရမယ့် File Format အား JPEG (သို့မဟုတ်) PNG ဖြင့်ပေးပို့နိုင်ပြီး Tablet, Phone, PC ကြိုက်ရာကို အသုံးပြုနိုင်ပါသည်။
 Individual ဖြစ်စေ Group လိုက်ဖြစ်စေ ပါဝင်ယှဥ်ပြိုင်နိုင်သည်။
 ပေးပို့လျှောက်ထားသည့်အခါတွင် ဇာတ်လမ်းအမည်၊ အမျိုးအစား၊ ဇာတ်လမ်းအညွှန်း အကျဉ်းချုပ်တို့ကိုပါ ထည့်သွင်းရေးသားပေးရမည်ဖြစ်သည်။
အထက်ပါသတ်မှတ်ချက်များနှင့်ကိုက်ညီသော ယှဥ်ပြိုင်မည့် ဇာတ်လမ်းနှင့်အတူ +959 759952895 Viber နံပါတ်သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။

--------------------------Viber သို့ ပေးပို့ရမည့်အချက်အလက်များ--------------------------
 အမည်
 ဖုန်းနံပါတ်
 Email Address
 နေရပ်လိပ်စာ
 Individual or Group
 ဇာတ်လမ်းခေါင်းစဉ်
 ဇာတ်လမ်းအညွှန်း အကျဉ်းချုပ်တို့နှင့် အတူ ယှဉ်ပြိုင်မည့် ဇာတ်လမ်း JPEG (သို့မဟုတ်) PNG အား‌ ပေးပို့ရမည်ဖြစ်သည်။
------------------------------------------------------------------------------------------

အချိန်ကာလအားဖြင့်
 ၂၀၂၄ခုနစ် ၁၀လပိုင်း ၁၁ရက်နေ့မှ ၂၀၂၅ခုနစ် ၁လပိုင်း ၃၁ရက်နေ့အထိ ပြိုင်ပွဲဝင် ဇာတ်လမ်းများကို ပေးပို့ယှဉ်ပြိုင်နိုင်ပါတယ်။

ချီးမြှင့်ပေးသွားမယ့် ဆုတွေအနေနဲ့ကတော့
ပထမဆု - ငွေကျပ် သိန်း(50) + HUION Inspiroy Keydial (KD200) Wireless Tablet
ဒုတိယဆု - ငွေကျပ် သိန်း(30) + HUION Inspiroy Frego M Wireless Tablet
တတိယဆု - ငွေကျပ် (10)သိန်း + HUION Inspiroy 2S Pen Tablet (တတိယဆုအား စုစုပေါင်းနှစ်ဆုရွေးချယ်ကာ ပေးအပ်သွားမှာဖြစ်ပါတယ်)

ပြိုင်ပွဲနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက +959 759952895 Viber နံပါတ်သို့ ရုံးချိန်အတွင်း ဆက်သွယ်၍ မေးမြန်းစုံစမ်းနိုင်ပါတယ်။

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. 307(3rd Floor) , The Leaf Office Tower A, Dhama Thukha Kyaung Street, Hlaing Township
Yangon