Teacher phyu Lay

Teacher phyu Lay

Share

26/04/2024

#ဒိန်ချဉ်လုပ်နည်း
ဒီလိုရာသီဥတုမှာ ဒိန်ချဉ်ကောင်းကောင်းလေးစားချင်နေတယ်ဟုတ် ???😀
ဒိန်ချဉ် လုပ်နည်းလေး မေးထားလို့ ဒိန်ချဉ်ကြိုက်တဲ့သူတွေအတွက် အိမ်တွင်းဒိန်ချဉ် လုပ်နည်းလေးတင်ပေးလိုက်ပါပြီနော်။
ပြုလုပ်ပုံကတော့.....
၁။💥နွားနို့အစိမ်း လက်ဘက်ရည်ပန်ကန်လုံး တစ်လုံးစာလောက်ကို ဘာမှမထည့် ဘာမှမလုပ်ပဲ ၂၄နာရီထားပြီး တစ်ရက်ကြိုပြီးအချဉ်ဖောက်ထားလိုက်ပါမယ်
၂။💥 နောက်တစ်နေ့မှာ နွားနို့ ၁ ပိသာကိုကျက်အောင်ကြာကြာလေးကျိုပါမယ်။ မပျစ်မကျဲအနေအထားထိရောက်အောင် ကျိုလိုက်ပါမယ် ပြီးရင် မီးဖို့ပေါ်ကချပြီးအအေးခံထားပါ လက်ညိုးထည့်ကြည့်လို့ အပူခံနိုင်ရုံနွေးနွေးလေးဖြစ်တဲ့အထိ အအေးခံလိုက်ပါမယ်
၃။💥နွားနို့နွေးနွေးလေးထဲကို အရင်နေ့ကအချဉ်ဖောက်ထားတဲ့ နွားနို့ချဉ် ဟင်းခပ်ဇွန်း ၁ဇွန်းလောက်ထည့်ပြီး သမအောင်မွှေပေးလိုက်ပါ
၄။💥ပြီးရင်တော့ မြေအိုထဲထည့်ပြီး ဒိန်ချဉ်လုပ်ပါတော့မယ် အိုကိုလေလုံအောင်မပိတ်ပဲ ဇကား (သို့)အဝတ်ပါးနဲ့ဖုံးပါမယ် ပြီးရင်တော့ အိုးကို နေရာမရွှေ့တော့ပဲ အခန်းအပူချိန်မှာပဲ ၂၄ နာရီ ထားလိုက်ရင် ဒိန်ချဉ်ရပါပြီ။ (၂၄ နာရီထားတဲ့အချိန်မှာ အိုးကိုနေရာရွှေ့တာ အဖုံးခနခနဖွင့်ကြည့်တာ မွှေကြည့်တာတွေ လုံးဝမလုပ်ရပါဘူးနော်)

ဒိန်ချဉ်ဖြစ်သွားပြီဆိုရင်တော့ ရေခဲသေတ္တာထဲမှာ ထားပြီး ကြာကြာစားလို့ရပါပြီ။(မြေအိုမရှိလည်း အခြားအိုးတွေခွက်တွေနဲ့ထည့်လည်း ရပါတယ်နော် မြေအိုးနဲ့ဆိုရင်တော့ ပိုမွှေးပိုကောင်းပါတယ်ရှင့်)

ဒိန်ချဉ်နဲ့တွဲစားမယ့် သကြားရည်ဖြစ်ဖြစ် ထန်းလျက်ရည်ဖြစ်ဖြစ်နဲ့ ကိုယ့်စိတ်ကြိုက်တွဲပြီး ကျန်းမာရေးနဲ့ ညီညွတ်ပြီး အရသာရှိတဲ့ အိမ်လုပ်ဒိန်ချဉ်လေးသုံးဆောင်လို့ ရပါပြီနော်

18/05/2023

Teacher phyuဘာလက်ဆောင်ပေး ရမလည်း

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Website

Address


Pazundaung
Yangon