BALE BOX
16/09/2024
BVik's Vintage Pageမှာ Active ဖြစ်ပါတယ်နော်
ကျနော့်ရဲ့ ဒီPageဟောင်းလေး သတိရလို့
ခဏဝင်ကြည့်တာပါ
ညီကိုတွေ အတော်များများလဲ Page အသစ်ကို
ရောက်နေပြီ ထင်ပါတယ်
🏢 ၅လွှာ အခန်းကျဉ်းထဲမှာ
ခလေးတစ်ဖက်နဲ့ လင်မယား နှစ်ယောက်ထဲ
ဘေထုပ်ရောင်းရတာ ဘယ်လိုနေလဲ ❓
••• ပြောပြမယ်နော်
📦 မှာထားတဲ့ အထုပ်တွေရောက်လာရင်
⬆️ ၅လွှာကို ထမ်းတင် အထုပ်ဖောက်
⬇️ ပြီးရင် မီးပူတိုက် ဒိုဘီအပ်ဖို့ ၅လွှာက ပြန်ချ
⬆️ ဒိုဘီက ပြန်ရပြီဆို ၅လွှာကို ပြန်တင်
📷 ပြီးရင် အဲ့အထုပ်ရဲ့ Live တွေ Post တွေအတွက်
page မှာ ကြော်ငြာဖို့ အထည်တွေ အများကြီး
ဖြန့်စီ ဓာတ်ပုံရိုက်
↪️ ဒါတွေပြီးသွားတော့
အထည်ရာချီကို Sizeခွဲ Sizeတိုင်း
ညရောက်တာနဲ့ ••••
🎬 Live တက် ၃/၄နာရီ မတ်တပ်ရပ်ဈေးရောင်း
Live ပြီးတာနဲ့ ညတွင်းချင်း ••••
📨 တစ်ယောက်ချင်းစီ စာတွေပြန်
🌝 ပြီးရင် ပါဆယ်တွေ အများကြီးထုပ်
🚚 နောက်နေ့ deli လာယူပြန်တော့
ရောင်းထားတဲ့ အထုပ် ၄၀/၅၀လောက်
၅ လွှာကနေ ပြန်ထမ်းချ
📷 Postနဲ့မှ ဝယ်လို့
အဆင်ပြေတဲ့ ညီကိုမောင်နှမတွေအတွက်
တစ်နေ့စာ အရောင်း အထည် ၃၀ ပုံပြန်ရိုက်
( ပုံရိုက်ရတာ အတော်ကြာပါတယ်
ကျနော်ကလဲ အထည်လေးတွေ ကျော့နေမှ
အရောင်းပို့စ်တင်ချင်တာကိုး 😆
လှချင်တော့လဲ အချိန်ပေးအပင်ပန်းခံပေါ့ )
📱 ပုံတွေရိုက်ပြီးတာနဲ့ အထည် ၃၀ စာ
အရောင်းပို့စ်တွေ Schedule လုပ်
🌜ညဘက် Post တွေတက်တာနဲ့
ဈေးထိုင်ရောင်း
📦 အရောင်းပို့စ်တွေ အားလုံးပြီးတာနဲ့
ညတွင်းချင်း ပါဆယ်ထုပ်
🔄 နေ့တိုင်းကို အဲ့လိုလုပ်နေရင်းကနေ
🙍♀️ ကစားဖော်မရှိတဲ့ တစ်ဦးတည်းသော
သမီးလေးကိုလဲ မပျင်းရအောင်
လင်မယားနှစ်ယောက် တစ်လှည့်စီ
ဆော့ပေးရသေးတယ် 😁🫶
🧡 အဲ့လို လည်ပတ်နေရတာမို့
ဘယ်သူ့ကိုမှ
CBကနေ သီးသန့်ပြမရောင်းပေးနိုင်တာပါ
🧡 မိတ်ဆွေအပေါင်းသင်းတွေ
ဆုံဖို့ခေါ်ခဲ့ရင်လဲ မလာနိုင်ခဲ့တာပါ
နားလည်ပေးနိုင်မယ်ဆိုတာ
သိပါတယ်နော်ဗျ 🙏
06/04/2024
🔱 ရှယ်သန့် နှုန်းချို Teeလေးတွေ
🧡 ဒီည ၉ နာရီ BVik's Vintageမှာ
အရောင်းပို့စ်လာပါမယ်နော်ဗျ
🙏 ခုမှ မီးလာလို့ပုံတွေစရိုက်နေတာမို့
အမြည်းပုံလေးတွေပဲ တင်လိုက်တာပါ
ကျေးဇူးပါဗျ
ခုည ၉ နာရီဆုံမယ်နော် 🤜🤛
12/03/2024
🔱 BVik's Vintageမှာ
ဒီည White Graphicတွေနဲ့ဆုံမယ်နော်ဗျ 🤍
🎬 ခုည ၉ နာရီ White Graphic Tee Live ရှိပါမယ်ဗျ
🚨 ကိုယ့်အကြိုက် Graphic ရဖို့ဆိုရင်တော့
ည ၉ နာရီ Alarm သာ ပေးထားပါနော်ဗျ 😉
🤍 ပုံမှာပြထားတဲ့ အထည်တွေ အကုန်ရောင်းပေးမှာပါ
✅ Live စစချင်း ထုံးစံအတိုင်း
Kpay 5000 Giveawayလဲ ရှိပါမယ်
🚫 ကြိုမရောင်းပေးပါဘူး ခင်ဗျ
ကျေးဇူးပါဗျ 🙏
ည ၉ နာရီ Liveမှာ ဆုံမယ်နော် 🤜🤛
07/03/2024
🎬 ဒီည ၉ နာရီ
💯 BVik's Vintageမှာ
တော်တော်တန်တဲ့ Tee Live
✅ အထုပ်ကထွက်သမျှ ဂေါင်ထည်တွေအပြင်
🔥 Tee အသန့် ( No Error ) Condition 90+
3 ထည် တစ်တွဲကို 13000 ထဲနဲ့
Live မှာရောင်းပေးမှာပါဗျ 🫶
🚫 ကြိုမရောင်းပေးပါဘူးခင်ဗျ
ကျေးဇူးပါဗျ 🙏
ခုည ၉ နာရီ ဆုံမယ်နော် 🤜🤛
03/03/2024
🤍 White Tee နဲ့ 🏵️ Tie Dye Tee လေးတွေ
💡 ခုည ၈နာရီ BVik's Vintageမှာ
အရောင်းပို့စ်တက်ပါမယ်နော်ဗျ 🫶
🚫 ကြိုမပြ/ ကြိုမရောင်းပေးပါဘူးခင်ဗျ
ကျေးဇူးပါဗျ 🙏
ခုည ၈ နာရီ ဆုံမယ်နော် 🤜🤛
02/03/2024
🏵️ နှုန်းချိုလေးတွေလဲ တင်ပေးပါအုံးဆိုလို့
🧡 ဒီလို Tee သန့်သန့်လေးတွေကို
5000-6000 ဝန်းကျင်
နှုန်းချိုလေးတွေနဲ့ BVik's Vintageမှာ
ဒီည လာမယ်နော်ဗျ
🫶 ဘယ်လို တန်တန်လေးနဲ့လှတယ်ဆိုတာ
ညနေလောက် အမြည်းVideoလေး
တင်ပေးပါမယ်နော်
🚫 ကြိုမရောင်းပေးပါဘူးခင်ဗျ
ကျေးဇူးပါဗျ 🙏
ည ၈ နာရီ ဆုံမယ်နော် 🤜🤛
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
Opening Hours
| Monday | 11:00 - 01:00 |
| Tuesday | 11:00 - 01:00 |
| Wednesday | 11:00 - 01:00 |
| Thursday | 11:00 - 01:00 |
| Friday | 11:00 - 01:00 |
| Saturday | 11:00 - 01:00 |
| Sunday | 11:00 - 01:00 |