Collab Tech
25/03/2023
Camera lens အတွက်သုံးပေးထားတဲ့ Glass ကပိုပြီးတော့ Durability ပိုင်းမှာအားနည်းနေတာလား
18/03/2023
ကျွန်တော့အတွက် Samsung ရဲ့ Lineup တွေထဲမှာမှ သဘောမကျဆုံးနဲ့ ပေးရတာနဲ့သိပ်ပြီးတန်မနေဘူးလို့ခံစားရစေတဲ့ Lineup ဆို Galaxy A54 လို့ဘဲပြောရမလား။ ဘယ်လိုမျိုးမှန်းကိုမသိတာ :3
10/03/2023
Messenger Application သွင်းစရာမလိုတော့မယ့် Facebook
လွန်ခဲ့တဲ့ 9 နှစ်လောက်ကတည်းကစပြီး Facebook နဲ့နီးစပ်တဲ့လူဆိုရင်တော့ ဒါကိုတစ်သီးတစ်သန့်မိတ်ဆက်ပေးစရာလိုမယ်မထင်ပါဘူး။ လွန်ခဲ့တဲ့ ဆယ်စုနှစ်လို့ဆိုလို့ရမယ့် အချိန်မှာ Facebook နဲ့ Messenger ဟာတစ်ပါးတည်းဆိုတာကိုကြိမ်ပြောစရာဖြစ်ကောင်းဖြစ်နေလိမ့်မယ်။
ဒါပေမယ့် 2000 နောက်ပိုင်းအတော်များများဟာ Facebook နဲ့ Messenger တူတွဲပြီးမြင်တွေ့ခဲ့ရတာမျိုးမဟုတ်ခဲ့တဲ့အတွက် ဒါကိုအထူးတလည်ရှင်းပြရမယ်ထင်တယ်။
ဟဲဟဲ ....။ ဟိုးအရင်တုန်းကကိုကြီးတို့ခေတ်တုန်းကပေါ့ကွယ်။ Facebook Applicaiton ရှိရုံနဲ့ Messenger ပါသုံးလို့ရသကွဲ့။
ဟဲဟဲ ထားပါတော့ အရင်ကတည်းက အတူတကွသုံးလို့ရနေတဲ့ Facebook ကသူတို့ရဲဲ့ Message ပို့တဲ့စနစ်ကို လွန်ခဲ့တဲ့ ၉ နှစ်လောက်က Messenger ဆိုပြီး Application တစ်ခုအနေနဲ့ခွဲထုတ်ခဲ့ပေမယ့် အခုချိန်မှာတော့ Twitter Applicaiton တစ်ခုထဲမှာဘဲ Message ရော Newfeed လိုမျိူးပြန်လည် ပေါင်းထည့်ပေးတော့မှာဘဲဖြစ်ပါတယ်။
ထူးဆန်းလားဆိုတော့။ မထူးဆန်းပါဘူး Facebook ဟာ ဗမှားပြည်မှာဘဲ B2B B2C အသုံးအများဆုံးဖြစ်ပေမယ့် Internation မှာတော့ တခြားသော Platform တွေသုံးနေခဲ့တဲ့အတွက် ဒါကတော့အထူးခြားဆုံးအပြောင်းအလဲနေနဲ့ မြန်မာပြည်မှာဘဲဖြစ်လိမ့်မယ်ထင်တယ်။ ကျွန်တော့်အနေနဲ့ဒါမျိုးကိုတော့သဘောကျတယ် တစ်သီးတစ်သန့်ကြီးသွင်းစရာမလိုတော့ဘူးလို့ထင်တယ်ပိုပြီး Productive ဖြစ်လာလိမ့်မယ်လည်းထင်တယ်။
ခင်ဗျားတို့ရောအရင်ခေတ်ကလိုမျိုး Application တစ်ခုထဲကနေပြီးတော့ Newfeed ရော Messenger ရော Access ရမယ်ဆိုရင်ဘယ်လိုခံစားရလဲဗျ။
02/03/2023
Pixel Phone တွေကိုအလိုလျှောက် Reboot ဖြစ်သွားစေမယ့် Youtube Video
ခင်ဗျားတို့ "The Ring" ဆိုတဲ့ Horror Movie ကြည့်ဖူးကြတယ်မှတ်လား။ အဲ့ဇာတ်ကားထဲမှာ Creepy Video တစ်ခုကိုကြည့်လိုက်မိတဲ့လူတိုင်းဟာ (၇) ရက်နေ့မြောက်ကျရင် ထူးဆန်းစွာသေဆုံးသွားကြရတယ်။ အခုလည်းအဲ့လိုပါဘဲ ၁၉၇၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ "Alien" ဇာတ်ကားထဲကဇာတ်ဝင်ခန်းတစ်ခန်းဖြစ်တဲ့ Video (Comment မှာ Link ထည့်ပေးထားပါတယ်) ကိုကြည့်လိုက်တဲ့အချိန်တိုင်းမှာ Google Pixel Phone တွေဟာအလိုအလျှောက် Reboot ဖြစ်ဖြစ်သွားပါတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။
ဒီဖြစ်ရပ်ကို "OGPixel5" အမည်ရှိ လူတစ်ယောက်ဟာ Google Pixel 6, 6a, Pixel 7 တို့ကိုအသုံးပြုစမ်းသပ်ကြည့်တဲ့အချိန်တိုင်းမှာ Reboot ဖြစ်ဖြစ်သွားတယ်လို့ Google Pixel Subreddit မှာရေးသားဖော်ပြထားပါတယ်။ တစ်ချို့သော Pixel User တွေကလည်း Reboot ဖြစ်ရုံတင်မဟုတ်ဘဲနဲ့ Reboot ဖြစ်ပြီးနောက်ပိုင်းမှာလည်း ဖုန်းလိုင်းမမိတာမျိုးတွေဖြစ်တတ်ပြီး နောက်တစ်ကြိမ် Reboot ပြုလုပ်ပေးဖို့လိုအပ်တယ်လို့လည်းဖော်ပြထားပါတယ်။
ယခုလိုဖြစ်ရပ်မျိုးဟာပထမဆုံးအကြိမ်မဟုတ်ခဲ့ပါဘူး။ 2020 ခုနှစ်က ကျိန်စာသင့် Wallpaper လို့နာမည်ကြီးခဲ့တဲ့ ဖြစ်ရပ်မျိုးလည်းကြုံခဲ့ရပါသေးတယ်။ (Wallpaper Link ကိုတော့ Comment မှာဖော်ပြပေးသွားပါ့မယ်။) ဒီကျိန်စာသင့် Wallpaper ကို မိမိိဖုန်းမှာ Wallpaper အဖြစ်ထားမိခဲ့ရင် မအိမိရဲ့ Phone ကို Crash ဖြစ်သွားစေမှာဘဲဖြစ်ပါတယ်။ ဒီဖြစ်ရပ်တွေအားလုံးဟာ Google's Exynos Drived Tensor Soc တွေမှာဖြစ်လေ့ရှိတာ တွေ့ရပေမယ့် Exynos အသုံးပြုထားတဲ့ Samsung တွေမှာတော့ဖြစ်ပွားခဲ့ခြင်းမရှိပါဘူး။
ကဲ Pixel ကိုင်ထားတဲ့လူများရှိခဲ့ရင် စမ်းကြည့်ပြီးတော့ Comment မှာအတွေ့အကြုံလေးတွေမျှဝေပေးသွားနိုင်ပါတယ်။
02/03/2023
Emoji အသစ်တွေပါဝင်လာမယ့် Apple ရဲ့ iOS 16.4 Public Beta
ဒီနေ့မှာတော့ Apple ဟာ သူတို့ရဲ့ Second Beta တွေဖြစ်တဲ့ iOS 16.4 iPadOS 16.4 တို့ကို Public Beta အဖြစ်ထုတ်ပေးလိုက်ပြီဘဲဖြစ်ပါတယ်။ Public Beta ဆိုတာကတော့ Non Developer မဟုတ်တဲ့လူတွေအတွက် Software တွေကိုစမ်းသပ်အသုံးပြုနိုင်ဖို့အတွက် ထုတ်ပေးတဲ့ Version တစ်မျိုးဘဲဖြစ်ပါတယ်။
ဒီနေ့မှာတော့ Apple ဟာ First Public Beta ထုတ်ပြီးပြီးချင်း ဒုတိယမြောက်အပတ်မှာဘဲ Second Beta ကိုထုတ်ပေးခဲ့တာဘဲဖြစ်ပါတယ်။ ဒီ iOS 16.4 မှာတော့ Emoji Character အသစ် (ပုံတွင်ဖော်ပြထားပါသည်) တွေပါဝင်လာမှာဖြစ်ပါတယ်။ နောက်ပြီး Safari Web Push Notification လည်းပါဝင်လာမှာဖြစ်ပြီးတော့ ကျွန်တော်တို့ Mac မှာအသုံးပြုတဲ့အတိုင်း အသုံးပြုလို့ရမှာဘဲဖြစ်ပါတယ်။
02/03/2023
Samsaung Galaxy Z Fold 4 ထပ် ထက်ဝက်နီးပါး ဈေးသက်သာမယ့် "Techno Phantom V Fold"
Foldable ဈေးကွက်ကပိုပြီးတော့ အပြိုင်အဆိုင်များလာတာနဲ့အမျှ ဈေးတွေကပိုပြီးတော့နည်းသထပ်နည်းလာကြတတယ်။ MWC 2023 မှာတော့ Techno ဟာ Samsung ရဲ့ Galaxy Z Fold နဲ့ဆင်တူဖြစ်တဲ့ Phantom V Fold ဆိုတဲ့ Foldable ကို ထက်ဝက်သက်သာတဲ့ဈေးနဲ့ မိတ်ဆက်သွားခဲ့ပါတယ်။
$1099 နဲ့စတင်ရောင်းချသွားမယ့် ဒီ "Techno Phantom V Fold" ဟာ "Qualcomm" အစား "MediaTek's Dimensity 9000+ Chipset" ကိုအသုံးပြုပေးထားတယ်။ Qualcomm Chip ကိုမသုံးထားပေမယ့် Oppo's Find N2 Flip မှာအဆင်ပြေပြေသုံးပြသွားတာကိုတွေ့ရတယ်။ ဒီ Chip နဲ့အတူ RAM 12GB, UFS 3.1 Storage 256GB ဒါမှမဟုတ် 512 GB ဆိုပြီးတော့ ရွေးချယ်စရာရှိတယ်။ Android 13 ကို Outofthebox ကို Techno Skin နဲ့ရမယ်။
Spec တွေကတော့ရွတ်ပြမနေတော့ဘူး။ ပြောစရာရှိတာက ဈေးနည်းတိုင်းရောတကယ်ကောင်းမှာလား။ ဘာလို့ဒီလိုမေးခွန်းမျိုးမေးရတာလဲဆိုရင် Techno ရဲ့ UI ဟာအတော့ကိုရွဲတဲ့ထဲကိုပါတယ်လို့ပြောလို့ရတယ်။ ဒီနေရာမှာ Samsung ရဲ့ UI ကအသာကြီး။ Oppo တို့ Huawei တို့ဆိုတာလည်း UI ကသူ့ဟာနဲ့သူအဆင်ပြေတဲ့အဆင့်ကိုရောက်နေပြီ။ ဒါပေမယ့် Techno ရဲ့ UI ကတကယ်ရော Foldable Phone တွေအတွက်အဆင်သင့်ဖြစ်ရဲ့လား။ နည်းပညာကရော အဆင်သင့်ဖြစ်ပြီလား။
Foldable Phone တွေကိုဈေးသက်သက်သာသာနဲ့ ထွက်လာစေချင်တာမှန်ပေမယ့် ကျွန်တော့ Personal အမြင်အရတော့ Techno Phantom V Fold ကိုတော့နည်းနည်းသံသယဝင်မိတယ်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Phoeyarzar Street Lanmadaw Tsp
Yangon
11131