SKY.Com

SKY.Com

Share

11/04/2025

လိုချင်တာရအောင်
လုပ်ဆောင်နိုင်စွမ်းမရှိတဲ့အခါ
အငုံ့စိတ်ဆိုတာ ဖြစ်လာတယ်။

အငုံ့စိတ်ဖြစ်လာတဲ့အခါ
အဖြေရှာဖို့ထက်
အပြစ်တင်ဖို့ကို
လုပ်ဆောင်တတ်တယ်။

ဒါကို စိတ်ပညာရှင်
Alfred Adler က
Inferiority Complex လို့ခေါ်တယ်။
ငယ်ဘဝမှာ လိုချင်တာကို
ပြည့်ပြည့်စုံစုံရခဲ့တာနဲ့
မရခဲ့တာကွာတယ်။

တချို့သူတွေဆို သူတို့ကို
နှိမ်လို့နှိမ်နေမှန်းမသိဘူး။
တခြားသူတွေကိုလဲ
မနှိမ်တတ်ဘူး။
အဲ့လိုလူတွေအများကြီးတွေ့ဖူးတယ်။

တချို့သူတွေက တစ်ခုခုဆို
comment မှာ
wall မှာ တခြားသူတွေကို
အပြစ်ပြောတာ နှိမ်နေတာကိုတွေ့လိမ့်မယ်။

ဒါက အငုံ့စိတ်ရဲ့ တုန့်ပြန်မှုပဲ။

ကျွန်တော်လဲ အဲ့လို
inferiority complex တော်တော်ဖြစ်ခဲ့ဖူးတယ်။
အထူးသဖြင့် ၂၀၁၀ ထိပဲ။
လုပ်ချင်တာမလုပ်ရတဲ့ဘဝ။
ကိုယ့်မှာအစွမ်းအစရှိတယ်လို့ယုံကြည်ပြီး
တခြားသူတွေ ဖြစ်မြောက်တာတွေ့တော့
ဒေါသထွက်။
လောကကို အပြစ်တင်မိတာ။
သတင်းတွေရဲ့ comment မှာဆို
ကိုယ့်ကို အရင်ဆုံးတွေ့လိမ့်မယ်။

နောက်ပိုင်းကျတော့
ဒါကို ကောင်းတဲ့အပိုင်းအသုံးချဖို့
နည်းလမ်းရှာဖြစ်တယ်။
ဒီ inferiority complex ကို
ကောင်းတဲ့ဖက်မှာသုံးဖို့
ဖြစ်ချင်တာဖြစ်ဖို့
လောကအမြင်ကို update လုပ်ဖို့
စဥ်းစားကြည့်တယ်။​

နောက်ပိုင်းမှာ ဒီဥပဒေသနှစ်ခုသုံးတယ်။​
"အပြင်မတင်နဲ့ အဖြေရှာ။"
"ပြိုင်မငြင်းနဲ့ မေး။"

Phyo Paing @ Derek

#ဦးနှောက်အာဟာရ

18/07/2024

ချစ်ခြင်းမေတ္တာတွေထပ်တူကျချင်တယ်
ဘဝမှာလူတစ်ယောက်ကို
စိတ်ချလက်ချချစ်ချင်တယ်။

အရာအားလုံးနဲ့ယှဥ်ရင်တောင်
ကိုယ့်ကိုရွှေးချယ်စေချင်တယ်ဘယ်တော့မှ
နောက်ပြန်မကြည့်ရတဲ့အထိစိတ်လုံခြုံချင်တယ်။

16/06/2024

မုန်းတီးရတဲ့သူကို မေ့ပစ်လိုက်တာထက်
ချစ်ခဲ့တဲ့သူကို မေ့နိုင်ဖို့က ပိုပြီးခက်ခဲတယ်နော်။

သူတို့တွေက နာကျင်အောင် လုပ်လိုက်လို့ ဒဏ်ရာတွေရလာတဲ့အခါမှာလည်း ချစ်ရတဲ့သူကြောင့် ဖြစ်တည်လာရတဲ့ ဒဏ်ရာတွေက ပိုပြီးနက်နဲနာကျင်ရတယ်။

မုန်းတဲ့သူပေါ်ထားရတဲ့ စိတ်ခံစားချက်တွေပဲဖြစ်ဖြစ်
ချစ်ရတဲ့သူအပေါ် နှစ်ထားမိတဲ့ စိတ်ခံစားချက်တွေပဲဖြစ်ဖြစ် အကုန်လုံးက စိတ်မထားတတ် ၊ မဖြတ်တတ်တဲ့အခါမှာ အတော်ကြီးကို လေးလံကြရတယ် ။

လွှတ်ချပြီး အရှေ့ကို ဆက်လျှောက်နိုင်ရင်လည်း အင်မတန်ပေါ့ပါးရတယ် ။ ချစ်ရတဲ့သူရော မုန်းရတဲ့သူရော ပေးတဲ့ စိတ်ဒုက္ခက ကိုယ်သယ်လာသ၍ကတော့ လေးနေဦးမှာ ။

ဆက်ပြီးထမ်းသယ်လာမလား ၊ လွှတ်ချပြီး ပေါ့ပေါ့ပါးပါးရှေ့ဆက်မလားဆိုတာကတော့ ကိုယ့်ရွေးချယ်မှုပေါ့ ။

—— မာရင်ရင်

05/02/2024

စိတ်ထဲကပါလိုဘဲဖြစ်ဖြစ် မပါလို့ဘဲဖြစ်ဖြစ် ငါ့အပေါ်မယုတ်မာသ၍တော့ မင်းကိုငါ အလေးထား ဆက်ဆံနေမှာပါဘဲ 🫶🫶
မင်းယုတ်မာပြလိုက်တာနဲ့ မင်းကမ္ဘာကြီးမှောင်မိုက်သွားလိမ့်မယ် ငါဆိုတဲ့အလင်းတန်းကို မင်းဆုံးရှုံးသွားပြီမို့ 😊😊
တုပြိုင်ပြီး မင်းလဲကျတဲ့ထိ ပြန်ထိုးနှက်မယ့်သူထဲ ငါမပါဘူး ငါကမင်းလို အတုအယောင်စိတ်ထားနဲ့ ယှဉ်ဖို့မှ မထိုက်တန်ဘဲ 🥰🥰


#ကြာကြာပေါင်းကြည့်မှလူတွေအကြောင်းသိရမယ်

15/12/2023

ငါချစ်တဲ့ အမျိုးသားလေးက ပေးရင် ပန်းတစ်ပွင့်ဆိုလဲ ပျော်ရတယ်။
သကြားလုံးလေးဆိုလဲ ပျော်ရတာပဲ။
မိန်းမတွေရဲ့စိတ်ဆန္ဒက ရိုးရှင်းပါတယ်ကွယ်။
ငါတို့အပေါ် စစ်မှန်ရင်၊
ငါတို့အတွက်ဆိုပြီး သီးသန့် ရည်ရွယ်ရင်
ပျော်စရာဖြစ်ဖြစ် ၊ ဒဏ်ရာဖြစ်ဖြစ်
အလုံးစုံကို လက်ခံဖြစ်တာပါပဲ။
အဓိကက စိတ်ကို လုံခြုံစေခြင်းပဲ။
စိတ်ကိုအေးချမ်းစေတယ်လို့ ငါတို့သတ်မှတ်ပြီးရင်
အဲ့ဒီနေရာမှာပဲ အမြစ်တွယ်၊
အဲ့ဒီလူကိုပဲ မေတ္တာထားချင်တော့တယ်။



💭 || 13.12.2023

15/11/2023

14/11/2023

နေပူလို့ ထင်တယ်
ချဉ်ပေါင်းသယ်လေးတောင် အရင်လိုမသွားနိုင်တော့ဘူး
ကိုယ့်အိမ်ရှေ့က အရိပ်လေးထဲမှာပဲ
သူ့လှည်းလေးကိုရပ်ပီး တနေကုန်ငိုင်နေရှာတာ
စျေးလည်း ရောင်းမကောင်းဘူးထင်ပါရဲ့ ..
ကိုယ်ကလည်း အဲလိုတွေမြင်ရင် မနေတတ်တော့
သွားမေးကြည့်တယ် ..
ကျနော် နေမကောင်းဘူး အစ်ကိုတဲ့
ဟုတ်တယ် ..
သူ့နဖူးကိုစမ်းကြည့်တော့ ကိုယ်တွေအရမ်းပူနေတယ်
အဲဒါနဲ့သူ့ရှေ့မှာပဲ စည်ပင်ကိုဖုန်းဆက်ပေးလိုက်တယ် .. .

သူ့ခမျာ လှည်းလေးတွန်းပြီး ပြေးတာပြေးတာဆိုတာလေ
အာ့မှ ချွေးတွေထွက်ပီး အဖျားပျောက်သွားမှာလေ

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon