Happy Hour
12/12/2022
The Glory ဇာတ်ညွှန်းကိုရေးပြီးတော့ ဆရာမ Kim Eun Sook ပြောတယ်. ဒီဇာတ်လမ်းက Song Hye Kyo ရဲ့ဇာတ်ပဲ. ဒါကြောင့် ဇာတ်လမ်းရေးနေရင်း Kyo နဲ့ခဏခဏဆုံဖြစ်တယ်. ဇာတ်ညွှန်းကိုပြတယ်. အများကြီးတိုင်ပင်ခဲ့တယ်. Kyo ကလည်းဒီလိုပဲပြောခဲ့တာ. ဆရာမ Kim Eun Sook နဲ့ခဏခဏဆုံရင်း The Glory ဇာတ်ညွှန်းအကြောင်းတွေပြောဆိုဖြစ်တယ်. နောက်ဆုံးဇာတ်လမ်း လက်ခံဖြစ်တယ်တဲ့.
ဇာတ်လမ်းက အားလုံးသိတဲ့အတိုင်း ကျောင်းတွင်းအကြမ်းဖက်မှုကို ကလဲ့စားချေတဲ့ဇာတ်ပေါ့. ဒီလိုဇာတ်တွေအများကြီးရှိပေမယ့် ဆရာမ KES ရဲ့လက်ရာက ဇာတ်မြှုပ်ကွက်တွေနဲ့ စိတ်ဝင်စားစရာကောင်းမယ့်ပုံလို့ teaser ကြည့်ပြီးတွေးမိတယ်. လူအတော်များများလည်း teaser ကိုသဘောကျစိတ်ဝင်စားတာတွေ့ရတယ်.
Victim အနိုင်ကျင့်ခံရသူရဲ့ အနာဆုံးစကားက "ငါတို့ဘာမှားလို့လဲ" ဆိုတဲ့ bully အနိုင်ကျင့်သူတွေရဲ့တုံ့ပြန်စကားပါပဲ ဆိုတဲ့အချက်ကို ဆရာမ KES ကသေချာလေး ရိုက်ပြထားတယ်လို့ဆိုထားတယ်. ဒီဒရမ်မာမှာ ကလဲ့စားချေတဲ့ mission ကလည်း အမှားမရှိတဲ့လက်တုံ့ပြန်ခြင်းကို ဖော်ဆောင်ထားတယ်လို့ ဆိုပါတယ်.
ဆရာမ Kim ရဲ့ဇာတ်ညွှန်းစကားလုံးတွေရဲ့ ထိချက်ပြင်းထန်တာကို victim ဖြစ်ခဲ့ဖူးသူတစ်ယောက်က ဒီလိုဆိုထားတယ်. "တစ်ယောက်ယောက် တစ်ခုခုကဖြစ်ဖြစ် ကျွန်မကိုကူပေးရင်??? အနည်းဆုံး ရာသီဥတုကပဲ ကိုယ့်ဖက်ကကူပေးရင်ရော?? ဆိုတဲ့စကားလုံးကြားပြီး ကျွန်မမျက်ရည်ကျမိတယ်. ဘာလို့လဲဆိုတာ့ ကျွန်မအနိုင်ကျင့်ခံခဲ့ရတဲ့နေ့ရက်တွေမှာ နေ့တိုင်းမိုးရွာပါစေလို့ ဆုတောင်းဖူးတယ်. ဘာလို့လဲဆိုတော့ ကျွန်မကိုအနိုင်ကျင့်တဲ့ အားကစားချိန်ကိုမသွားချင်လို့ပါ"
ဒီလိုကိုယ်တိုင်ကြုံတွေ့သူတွေရဲ့ရင်ကို ထိမှန်အောင် ရိုက်ကူးပေးထားတဲ့ ဒါရိုက်တာ Ahn Gilho ကို Kyo ကချီးကျူးထားပါတယ်. "ဒီလိုသေချာ ပြင်ဆင်ရိုက်ကူးပေးတဲ့ ဒါရိုက်တာကို ကျေးဇူးတင်ပါတယ်. ဒီလိုရိုက်ကွင်းပြင်ဆင်မှုက သရုပ်ဆောင်တွေအတွက် စွမ်းရည်ကိုမြှင့်တင်ပေးတယ်"
Teaser ကြည့်ပြီး အရမ်းကြည့်ချင်သွားအောင် ဖမ်းစားနိုင်တဲ့ The Glory ကမကြာခင် 30 Dec Netflix မှာပြသတော့မှာပါ. Descendents of the sun နာမည်ကျော် drama မှာစာရေးဆရာမ Kim နဲ့ မင်းသမီး Kyo တို့ရဲ့လက်ရာကတော့ မပြခင်ကတည်းက ရင်ခုန်စရာတွေနဲ့ ပြည့်နေပါပြီ. မင်မင်လည်း အဲ့ဒီညမှာ တထိုင်တည်းကြည့်ဖို့ အလုပ်ချိန်တောင် ရွှေ့ထားပါတယ်.
Netflix ကြည့်သူတွေအနေနဲ့ original site Netflix မှာကြည့်ပေးကြပါနော်
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon