Big Bee
18/09/2025
ကိုယ်တကယ်ပိုင်တဲ့ ဈေးဆိုင် တည်ဆောက်ပါ...
ဆိုင်ရဲ့ စာရင်းဇယားတွေက ရှုပ်ယှက်ခတ်နေလား?
Customer တွေက တစ်ခါလာပြီးရင် ပျောက်သွားတာများနေလား?
Promotion လုပ်ချင်တိုင်း Facebook မှာပဲ Boost လုပ်နေရတာ ငွေကုန်ကြေးကျ များနေပြီလား?
ဒီလိုခေါင်းစားစရာတွေအတွက် အဖြေက ကိုယ့်လုပ်ငန်းအတွက် ကိုယ်ပိုင် E-commerce App တစ်ခု ဖန်တီးဖို့ပါပဲ။
App တစ်ခု ဖန်တီးမယ်ဆိုရင် သုံးစွဲသူ customer အတွက် လွယ်ကူဖို့လိုသလို ကိုယ့်အတွက် လုပ်ငန်းကို စီမံခန့်ခွဲရာမှာလည်း အထောက်အကူ ပြုနိုင်ဖို့ လိုပါတယ်။
ကျွန်တော်တို့ရဲ့ Big Bee မှာတော့ ဒီလိုအခြေခံအချက်တွေ အပြင်
✅ ကိုယ်ပိုင် App
App Store, Play Store တို့မှာ ကိုယ်ပိုင် Brand နာမည်နဲ့ App ပိုင်ဆိုင်ခွင့် ရရှိမှာဖြစ်လို့ ကြာလာတာနဲ့အမျှ customer တွေရဲ့ စိတ်ထဲမှာ ခိုင်မာတဲ့ အမှတ်တံဆိပ်တခုကို ဖန်တီးနိုင်ပါလိမ့်မယ်။
✅ Loyalty System (ပွိုင့်စနစ်)
Customer တွေအတွက် ပွိုင့်စုဆောင်းနိုင်မယ့်စနစ်ကို ထည့်သွင်းပေးထားလို့ customer တွေရဲ့ သစ္စာရှိမှုကို တည်ဆောက်နိုင်ပြီး ပြန်လည်ဝယ်ယူမှုနှုန်းကို မြှင့်တင်နိုင်ပါတယ်။
✅ Sale Dashboard
ကိုယ့်လုပ်ငန်းရဲ့ နေ့စဉ်၊ လစဉ်၊ နှစ်စဉ် အရောင်းစာရင်းတွေ၊ customer တစ်ဦးချင်းစီရဲ့ ဝယ်ယူပုံတွေကို အသေးစိတ်ကြည့်ရှုနိုင်တာကြောင့် လုပ်ငန်းကို ပိုမိုထိရောက်စွာ စီမံခန့်ခွဲနိုင်ပါတယ်။
✅ Notification
အထူးပရိုမိုးရှင်းတွေ၊ ကုန်ပစ္စည်းအသစ်ရောက်ရှိမှုတွေနဲ့ သတင်းအချက်အလက်တွေကို customer တွေဆီ တိုက်ရိုက် notification ပို့ပေးနိုင်ပါတယ်။ ဒါမှသာ ကိုယ့်လုပ်ငန်းရဲ့ သတင်းအချက်အလက်တွေကို customer တွေဆီ အမြန်ဆုံးရောက်ရှိစေမှာပါ။
✅ Inventory Management
ကိုယ့်လုပ်ငန်းရဲ့ ပစ္စည်းလက်ကျန်တွေကို အချိန်နဲ့တပြေးညီ စစ်ဆေးနိုင်တာကြောင့် ပစ္စည်းပြတ်တာ၊ ပိုနေတာမျိုး လုံးဝမရှိဘဲ ကောင်းကောင်းလည်ပတ်နိုင်ပါလိမ့်မယ်။
✅ Facebook Integration
page နဲ့ ချိတ်ဆက်ထားနိုင်လို့ App နှစ်ခုသုံးစရာ မလိုဘဲ Big Bee App တစ်ခုတည်း သုံးရုံနဲ့ Comment မန့်တာ၊ Reply ပြန်တာတွေကို လွယ်လွယ်ကူကူ လုပ်နိုင်မှာပါ။
ဒီလိုမျိုး ကိုယ်ပိုင် App ကို စတင်ဖို့ ငွေကြေးအရင်းအနှီး အများကြီး မလိုပါဘူး။ တစ်နှစ်လုံးစာကို (၁၅) သိန်း သုံးရုံနဲ့ ကျွန်တော်တို့ Big Bee မှာ ကိုယ်ပိုင် App ကို ဖန်တီးနိုင်ပါပြီ။
ဒီမှာ လုပ်ငန်းရှင်မိတ်ဆွေများ App က အဆင်ပြေပါ့မလား၊ အလုပ်ရောဖြစ်ပါ့မလားလို့ တွေးနေမယ်ဆိုတာ နားလည်ပါတယ်။
ကျွန်တော်တို့နဲ့ တွဲလုပ်ထားတဲ့ လုပ်ငန်းပေါင်းနှစ်ဆယ်ကျော် ရှိတဲ့အပြင် ပထမအဆင့်မှာ ငါးသိန်းပေးသွင်းရုံနဲ့ အဆင်ပြေမပြေ စမ်းသပ်လို့ ရပါတယ်။ အဆင်မပြေရင် ကျွန်တော်တို့ဘက်က 100% ပြန်အမ်းပေးမှာမလို့ စိုးရိမ်စရာ မရှိပါဘူး။
ကိုယ်ပိုင် App ဖန်တီးဖို့ စိတ်ဝင်စားတဲ့ လုပ်ငန်းရှင်များ အသေးစိတ်ကို ဆွေးနွေးတိုင်ပင်ချင်ရင် Comment မှာ Big Bee App လို့ ရိုက်ခဲ့ပါ။
Big Bee
ကိုယ်တကယ်ပိုင်တဲ့ ဈေးဆိုင်တည်ဆောက်ပါ။
10/08/2025
လုပ်ငန်းတစ်ခု အမြတ်ရဖို့
ဝယ်သူများမှ၊ ဖောက်သည်များမှ
မဟုတ်ဘူး။ များများဝယ်အောင်
လုပ်နိုင်ရင်လည်း အပြောင်းအလဲဖြစ်တယ်။
ဒါ့ကြောင့် Big Bee Owner တွေအတွက်
ကိုယ့်ရဲ့ App မှာ
များများဝယ်လာအောင်
ဆွဲဆောင်နိုင်ဖို့ ပထမဆုံး
နည်းလမ်း (၃) ခုကို ပြောပြပေးမယ်။
(၁) ပေါင်းစပ်ဝယ်ယူမှုကို အားပေးပါ။
ဝယ်သူက ပစ္စည်းတစ်ခုကို စိတ်ဝင်စားနေပြီဆိုရင်
အဲဒီပစ္စည်းနဲ့ ဆက်စပ်ပြီး တွဲဖက်သုံးလို့ရတဲ့
တခြားပစ္စည်းတွေကိုပါ
တစ်ခါတည်း ဝယ်ဖို့ ပြသပေးပါ။
ဥပမာ - ဖုန်းတစ်လုံးဝယ်သူကို
ဖုန်းကာဗာ၊ Screen Protector၊ နားကြပ်
စတာတွေနဲ့ တွဲဖက်ပြီး "Bundle Deal" အဖြစ်
လျှော့စျေးနဲ့ ရောင်းချပေးတာမျိုးပါ။
(၂) ကန့်သတ်ချက်နဲ့ Delivery Free လုပ်ပါ။
ဝယ်သူတွေ အများဆုံး စိတ်ဝင်စားကြတဲ့
အရာတွေထဲက တစ်ခုက Delivery Free ပါ။
App မှာ Delivery Free ရဖို့
အနည်းဆုံး ဝယ်ယူရမယ့် ပမာဏတစ်ခု
သတ်မှတ်ပေးပါ။
ဥပမာ - ၁၅,၀၀၀ ကျပ်ဖိုးအထက် ဝယ်ယူတာနဲ့
Delivery Free ဆိုတာမျိုးပါ။
ဒီလိုသတ်မှတ်လိုက်ရင် အများစုက
နောက်တခေါက် ပို့ဆောင်ခ
မကုန်ချင်တဲ့အတွက် လိုအပ်တာထက်
ပိုပြီးဝယ်ယူဖို့ ဆုံးဖြတ်တတ်ကြပါတယ်။
(၃) Loyalty Program တွေ တည်ဆောက်ပါ။
ဝယ်သူတွေ များများဝယ်လေ
အမှတ်တွေ ပိုရလေ
အကျိုးခံစားခွင့်တွေ ပိုရလေဖြစ်တဲ့
Loyalty Program တွေ
ဖန်တီးထားပါ။
Loyalty Program တွေထဲမှာ
အကောင်းဆုံး နည်းဗျူဟာကို ပြောပါဆိုရင်
Starbucks ပဲ။
ဝယ်ယူမှုတိုင်းမှာ ကြယ်ပွင့်တွေစုပြီး
Free Drink တွေ၊ မွေးနေ့လက်ဆောင်တွေ
လဲလှယ်ရရှိနိုင်တာကြောင့် ဝယ်သူတွေက
Starbucks မှာ အမြဲတမ်း ပုံမှန်ဝယ်ယူဖို့
စိတ်အားထက်သန်ကြပါတယ်။
ဒီလိုမျိုး နောက်ထပ်နည်းလမ်းတွေကို
သိချင်ရင် Comment မှာ
Yes လို့ မန့်ခဲ့ပါဦး။
Big Bee
အွန်လိုင်းပေါ် ဈေးဆိုင်တည်ပါ။
06/04/2025
BigBee မှာ Point တွေကို ဘယ်လိုသတ်မှတ်ပြီး ပေးရမလဲ?
ဒီနေ့ခေတ်မှာ Point တွေနဲ့ လဲလှယ်ပြီး ဆုလက်ဆောင်တွေ ပေးတာက New Normal ဖြစ်လာတယ်။
customer အသစ်ရဖို့၊ customer တွေမြဲနေဖို့၊ customer တွေများလာဖို့ လုပ်ငန်းတိုင်းက မဖြစ်မနေ လုပ်လာကြတယ်။
Big Bee ကို အသုံးပြုကြတဲ့ လုပ်ငန်းရှင်တွေအနေနဲ့လည်း ကိုယ့်စိတ်ကြိုက် Point တွေကို သတ်မှတ်ပြီး ဆုလက်ဆောင်တွေကို လဲလှယ်ပေးလို့ ရပါပြီ။
ဘယ်လိုလုပ်ရမလဲ ဆိုရင်တော့
(1) ပထမဆုံး Menu ထဲက Business Settings ကိုနှိပ်ပါ။
(2) Point Setting ကိုနှိပ်ပြီး on ပေးပါ။
(3) ပြီးရင်တော့ ကိုယ့်စိတ်တိုင်းကျ Point တွေကို သတ်မှတ်လို့ ရပါပြီ။
Point တွေကို သတ်မှတ်တဲ့အခါ 1 point ကို 1000 ကျပ်လား၊ 10000 ကျပ်လား စသည်ဖြင့် ဖြည့်ပါ။
Point Expire Duration ဆိုတာကတော့ Point တွေကို သတ်မှတ်ရက်အတွင်း မသုံးဖြစ်ရင် Customer Acc ထဲမှာ ပျောက်သွားမှာပါ။
Product တခုချင်းစီပေါ် ပေးမှာလား၊ ဝယ်တဲ့ပမာဏပေါ် မူတည်ပြီး Point တွေပေးမှာလား ရွေးလို့လည်း ရပါတယ်။
Big Bee
အွန်လိုင်းပေါ် ဈေးဆိုင်တည်ပါ။
Click here to claim your Sponsored Listing.
Category
Website
Address
First Floor, No. 677 Myittar Road
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |