Star Butterfly Japanese Language Center
29/06/2026
✨ Congratulations ပါနော်။ ရှေ့ဆက်မယ့် ခရီးလမ်းမှာလည်း အိပ်မက်တွေ အကောင်အထည်ဖော်နိုင်ပြီး အောင်မြင်မှုများစွာ ပိုင်ဆိုင်နိုင်ပါစေ။ 🧡
ဂျပန်နိုင်ငံ၊ Kagawa မြို့ရှိ မွေးမြူရေးလုပ်ငန်းမှာ Interview အောင်မြင်ရွေးချယ်ခံခဲ့ရသော မောင်လေး သက်နိုင်ထူး အတွက် Congratulations ပါ။ ✨🧡✨
Star Butterfly GSC မှ အလွန် ဂုဏ်ယူရပြီး ရှေ့ဆက်ရမယ့် ဘ၀တက်လမ်းတွေမှာလည်း ဒီထက်အများကြီး အဆင်ပြေ ချောမွေ့ ဖြောင့်ဖြူးပါစေလို့ ဆုတောင်းပေးလိုက်တယ်နော် 🧡
🔸 Star Butterfly General Services Co., Ltd
အခန်း (404 A ) လေးလွှာ၊ ရွှေသံလွင်ကွန်ဒို၊ အေးရိပ်သာ ၁ လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
🌍 ပြည်ပ အလုပ်အကိုင် အခွင့်အလမ်းများနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက - 🇹🇭 0809014891, 🇲🇲 09400099410, 09400099420 သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ ✨
28/06/2026
Star Butterfly မှ အလွန်အမင်း ဂုဏ်ယူရပါသော 🧡✨
🎉🇯🇵 Tochigi ခရိုင်ရှိ Construction (Infrastructure and Equipment) မှာ Interview အောင်မြင်သွားတဲ့ မောင်လေး ဇာနည်ထက် Congratulations ပါ။ ✨🧡
ကြိုးစားမှုတွေ အကျိုးပေးလာတဲ့ ဒီအောင်မြင်မှုအတွက် Star Butterfly GSC မှ အထူးဂုဏ်ယူဝမ်းမြောက်မိပါတယ်။
ဂျပန်နိုင်ငံမှာ စတင်ရမယ့် အလုပ်အကိုင်ခရီးစဉ်အသစ်မှာလည်း အရာရာအဆင်ပြေချောမွေ့ပြီး အတွေ့အကြုံကောင်းများစွာ ရရှိကာ ဘဝတက်လမ်းတွေ ဒီထက်ပိုမိုတိုးတက်အောင်မြင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ 🧡 ✨
•••
🔸 Star Butterfly General Services Co., Ltd
အခန်း (404 A ) လေးလွှာ၊ ရွှေသံလွင်ကွန်ဒို၊ အေးရိပ်သာ ၁ လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
🌍 ပြည်ပ အလုပ်အကိုင် အခွင့်အလမ်းများနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက - 🇹🇭 0809014891, 🇲🇲 09400099410, 09400099420 သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ ✨
25/06/2026
🇯🇵📢 ဂျပန်ဘာသာစကားကို စနစ်တကျ ကျွမ်းကျင်စွာနဲ့ အစပြုချင်တယ်ဆိုရင်တော့ Star Butterfly ရဲ့ N5 အတန်းလေးကနေ စတင်ဖို့အချိန်ရောက်ပါပြီ ‼️
Star Butterfly ရဲ့ Sensei Thwel Hnin ကိုယ်တိုင် သင်ကြားပေးမယ့် N5 Online Class အသစ်လေးကို July 6 ရက်နေ့မှာ စတင်ဖွင့်လှစ်ပါတော့မယ်နော်။
🧡JLPT N5 Online Class
📌 Start date - 6.7.2026
🗓️ Days - Mon, Wed, Fri
⏰ Time - 8:00 am - 10:00 am
💰Fees - 200,000 ks ( စာအုပ်ဖိုး မပါ)
•••
✨ Star Butterfly ရဲ့ Online Class မှာဆိုရင် …
✅ Zoom Live Class အပြင် Replay Video များလည်း စနစ်တကျ Recording လုပ်ပေးခြင်း
✅ Text Books PDF Files များ မျှဝေပေးခြင်း
✅ Weekly Test နဲ့ Monthly Mock Test များ ပြုလုပ်ပေးခြင်း
✅ Old Questions များလက်တွေ့စာမေးပွဲပုံစံအတိုင်း လေ့ကျင်ပေးခြင်းတို့ဖြင့် သေချာသင်ကြားပေးသွားမှာဖြစ်ပါတယ်။
သင်တန်းသား/သူ တစ်ဦးချင်းစီအတွက် သင်ကြားတဲ့နေရာမှာ လစ်ဟာမှု မရှိစေရအောင် သင်တန်းသား ဦးရေ သတ်မှတ်ထားတာကြောင့် အခုပဲ Star Butterfly Page ရဲ့ Messenger မှာဖြစ်စေ ဖုန်းနံပါတ် 𝟬𝟵 𝟰𝟬𝟴 𝟵𝟬𝟭 𝟭𝟯𝟯 ကို ဆက်သွယ်၍ဖြစ်စေ အမြန်ဆုံး လာရောက်စာရင်းပေးသွင်းလိုက်တော့နော်။ ✨
…
21/06/2026
👨👧👦🧡 Happy Japanese Father’s Day 🧡👨👦
ဒီနေ့ June 21 ဟာ ဂျပန်နိုင်ငံရဲ့ Father’s Day (父の日 – Chichi no Hi) ကျရောက်တဲ့နေ့ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံမှာ Father’s Day ကို နှစ်စဉ် June လရဲ့ တတိယမြောက် တနင်္ဂနွေနေ့ မှာ ကျင်းပကြပြီး ဖခင်များနဲ့ ဖခင်အဖြစ် တာဝန်ယူပေးနေသူများကို ကျေးဇူးတင်ဂုဏ်ပြုတဲ့ အထိမ်းအမှတ်နေ့တစ်နေ့ ဖြစ်ပါတယ်။
🌼 ဂျပန်မှာဆိုရင် အဖေများနေ့မှာ အဝါရောင်ပန်းလေးတွေကို လက်ဆောင်ပေးလေ့ရှိပါတယ်။ အမေများနေ့အတွက် Carnation ပန်းပေးသလို အဖေများနေ့မှာလည်း အဝါရောင်နှင်းဆီပန်း သို့မဟုတ် အဝါရောင်ပန်းများ ပေးကာ ချစ်ခြင်းမေတ္တာနဲ့ကျေးဇူးတင်မှုကို ဖော်ပြကြပါတယ်။
🎁 လက်ဆောင်အနေနဲ့လည်း Sake, Beer လို ဂျပန်ရိုးရာအရက်များ၊ အရသာရှိသော အစားအသောက်များ၊ လည်စည်း၊ ပိုက်ဆံအိတ်နဲ့ ကလေးများကိုယ်တိုင် ပြုလုပ်ထားသော Handmade Gifts များကို ပေးလေ့ရှိကြပါတယ်။
🍱 မိသားစုဝင်များ စုစည်းပြီး ဖခင်ကြိုက်နှစ်သက်တဲ့အစားအစာများနဲ့ အထူးညစာစားပွဲ ပြုလုပ်ပြီးနော့လည်း အတူတကွ အချိန်ကုန်ဆုံးကြပါတယ်။
✨ ဖခင်ဆိုတာ မိသားစုရဲ့ အားကိုးရာ၊ လမ်းပြကြယ်တစ်ပွင့်ပါ။
ဒီ Father’s Day မှာ ကမ္ဘာပေါ်ရှိ ဖခင်အားလုံး ကျန်းမာပျော်ရွှင်ပြီး မိသားစုနှင့်အတူ နွေးထွေးတဲ့ အချိန်များကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်လိုက်ပါတယ်။ 🧡
15/06/2026
🗣️ နှုတ်ကြောင့် အန္တရာယ်ရှိတယ်ဆိုတဲ့အတိုင်းတစ်ခါတလေ ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်းက တစ်ဖက်လူရဲ့ စိတ်ကို နာကျင်စေနိုင်သလို၊ မလိုအပ်တဲ့ ပြဿနာတွေကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။
စကားတစ်ခွန်း ထွက်သွားဖို့က စက္ကန့်ပိုင်းပဲ ကြာပေမယ့်...
အဲ့ဒီစကားရဲ့ သက်ရောက်မှုကတော့ နှစ်ပေါင်းများစွာ ကျန်ရစ်နေနိုင်ပါတယ်။
ဒါကြောင့် ဂျပန်လူမျိုးတွေက—
💭 မပြောခင် စဉ်းစားပါ။
💭 စိတ်ဆိုးနေချိန်မှာ အလျင်စလို မပြောပါနဲ့။
💭 စကားလုံးတွေကို ဂရုတစိုက် ရွေးချယ်ပါ။
လို့ ဒီစကားစုလေးနဲ့ သင်ခန်းစာပေးထားတာ ဖြစ်ပါတယ်။
တိတ်ဆိတ်ခြင်းက အမြဲတမ်း မှန်တယ်လို့ မဆိုလိုပေမယ့် မဆင်မခြင် ပြောမိတဲ့ စကားတစ်ခွန်းထက်တော့ ပိုကောင်းတဲ့ အချိန်တွေ ရှိတတ်ပါတယ်။
“口は災いの元 (Kuchi wa wazawai no moto)”
🗓️ >>> 祝福とともに月曜日を始める!!! ✨
…..
🔸 Star Butterfly Japanese Language Center
အခန်း (404 A ) လေးလွှာ၊ ရွှေသံလွင်ကွန်ဒို၊ အေးရိပ်သာ ၁ လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
🇯🇵 ဂျပန်နိုင်ငံ အလုပ်အကိုင် အခွင့်အလမ်းများ၊ ဂျပန်ဘာသာစကား တန်းခွဲများနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက - 𝟬𝟵 𝟰𝟬𝟴 𝟵𝟬𝟭 𝟭𝟯𝟯 သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ ✨
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |