Study with Us
05/08/2021
“ 너는 나의 태양, 난 너의 해바라기! 🌻"
မင်းက နေဆို ငါက မင်းရဲ့နေကြာပန်း 🌻
해를 바라보는 꽃이라고 해서 해바라기
နေကို မျက်နှာမူ(ကြည့်)နေတဲ့ပန်းမို့ နေကြာပန်း...☀️🌻
#해바라기
30/06/2021
အားလုံးပဲ မဂ်လာပါရှင့်
Study With Us Page ကနေ ကြိုဆိုပါတယ်
ကိုရီးယားစာကို စိတ်ဝင်စားလို့ပဲ ဖြစ်စေ
ကိုရီးယား ဇာတ်လမ်းတွဲတွေ ကြည့်ရင်းနဲ့
ကိုရီးယားစာသင်ချင်စိတ်ဖြစ်လာလို့ပဲ ဖြစ်စေ
ကိုရီးယားသီချင်းတွေ နားထောင်ရင်းနဲ့ အဓိပ္ပာယ်ကို တိုက်ရိုက်နားလည်ချင်လို့ပဲဖြစ်စေ
ဘယ်လိုအကြောင်းအမျိုးမျိုးနဲ့ပဲဖြစ်ဖြစ် ကိုရီးယားစာလေ့လာချင်တယ်ဆိုတဲ့ learners များ အားလုံးအတွက် Admin ဘာသာပြန်ထားတဲ့ အကြိုက်ဆုံး စာပိုဒ်လေးတစ်ခုကို တင်ပေးချင်ပါတယ်
지금 이 순간에
အခု ဒီအခိုက်အတန့်မှာ
최선을 다하면
အကောင်းဆုံးလုပ်ရင်
다음 순간에
နောင်တစ်ချိန်မှာ
가장 좋은 위치를
နေရာကောင်းကို
차지할 수 있다.
သိမ်းပိုက်နိုင်မယ်
과거에 머물러 살지 않고
အတိတ်မှာ ပိတ်မနေဘဲ
미래를 꿈꾸기 보다는
အနာဂတ်ကို စိတ်ကူးယဉ်တာထက်စာရင်
오직 지금이 순간에 집중하라.
အခု ဒီအခိုက်အတန့်ကိုပဲ အာရုံစိုက်ပါ။
တစ်ခုခုလုပ်မယ်လို့ စဉ်းစားထားရင် ချက်ချင်း လက်တွေ့ အကောင်အထည်ဖော်တာက တစ်ဝက်လောက် ပြီးမြောက်ပါတယ်နော်
ဒါကြောင့် learners တို့လည်း ဒီအခိုက်အတန့်လေးကို တန်ဖိုးထားပြီး စတင်လိုက်ပါ။
နောက်ထပ် ဘယ်လို စိတ်ဝင်စားဖို့ ကောင်းတဲ့ ဘာသာပြန် အတိုအစလေးတွေ တင်ပေးဦးမလဲဆိုတာ စောင့်ကြည့်ပေးကြပါဦးနော်
အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon