Medico
19/05/2026
ဆိုင်လိပ်စာ-744/ကုန်သည်လမ်း၊25လမ်းနှင့်ဘုရားလမ်းကြား၊ပန်းဘဲတန်းမြို့နယ်၊ရန်ကုန်။
05/05/2026
- နေပူထဲမှာ လူတစ်ယောက် ရုတ်တရက် မူးလဲသွားရင်... (၅ မိနစ်အတွင်း အသက်ကယ်နည်း) ☀️🆘
မင်္ဂလာပါခင်ဗျာ….. ဒေါက်တာရဲ ဖြစ်ပါတယ်။
အခုရက်ပိုင်း အပူရှိန်က အရမ်းပြင်းထန်နေပါတယ်။ ဒီလိုအချိန်မှာ အပြင်ထွက်ရင်းဖြစ်ဖြစ်၊ အလုပ်လုပ်ရင်းဖြစ်ဖြစ် လူတစ်ယောက် ရုတ်တရက် မူးလဲသွားတာ၊ သတိလစ်သွားတာမျိုး ကြုံရရင် ဒါဟာ အလွန်အန္တရာယ်များတဲ့ "အပူရှပ်ခြင်း (Heatstroke)" ဖြစ်နိုင်ပါတယ်။
ဒီလိုအခြေအနေမျိုးမှာ ဆေးရုံမရောက်ခင် မိနစ်ပိုင်းအတွင်း သင်လုပ်ပေးလိုက်တဲ့ အကူအညီက လူတစ်ယောက်ရဲ့ အသက်ကို ကယ်တင်နိုင်ပါတယ်ခင်ဗျာ။
✅ ချက်ချင်းလုပ်ပေးရမယ့် အချက် (၄) ချက်
၁။ အရိပ်ထဲရွှေ့ပါ: လူနာကို အေးမြပြီး လေဝင်လေထွက်ကောင်းတဲ့ အရိပ်အောက်ကို အမြန်ဆုံး ရွှေ့ပေးပါ။
၂။ အဝတ်အစားလျှော့ပါ: တင်းကြပ်နေတဲ့ အင်္ကျီ၊ ခါးပတ်တွေကို ဖြေလျှော့ပေးပါ။
၃။ ချက်ချင်း အေးအောင်လုပ်ပါ: ရေအေးဝတ်နဲ့ တစ်ကိုယ်လုံးကို ပွတ်တိုက်ပေးပါ။ အထူးသဖြင့် ချိုင်းကြား၊ ပေါင်ခြံနဲ့ လည်ပင်းတဝိုက်ကို ရေခဲဝတ် (သို့) ရေအေးဝတ် ကပ်ပေးတာက ကိုယ်အပူချိန်ကို အမြန်ဆုံး ကျဆင်းစေပါတယ်။
၄။ သတိရှိရင် ရေတိုက်ပါ: လူနာက သတိရှိနေသေးရင် ရေအေးအေးလေး တိုက်ပေးပါ။ (သတိလစ်နေရင်တော့ ပါးစပ်ထဲ ဘာမှ အတင်းမထည့်ရပါဘူး)။
ဒါဟာ အရေးပေါ်အခြေအနေမို့လို့ အခုလို ပြုစုပေးရင်းနဲ့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံး ပို့ဆောင်ပေးဖို့လည်း မမေ့ပါနဲ့ဦးနော်။
ကိုယ့်ရဲ့ မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေ အရေးပေါ်ကြုံလာရင် သိထားရအောင် ဒီ Post လေးကို အခုပဲ Share ပြီး သိမ်းထားလိုက်ပါဦး။
အားလုံးပဲ ကျန်းမာကြပါစေ
ဒေါက်တာရဲ ။
#အပူရှပ်ခြင်း #ရှေးဦးသူနာပြုစုနည်း #ကျန်းမာရေးဗဟုသုတ #ဒေါက်တာရဲ
30/03/2026
ကလေးငယ်တွေကို ကတုံး ခဏခဏတုံးပေးရင် ဆံပင်ပိုသန်လာတယ်ဆိုတာ တကယ်ပဲလား? 👶✂️
မင်္ဂလာပါ…. ဒေါက်တာရဲ ဖြစ်ပါတယ်။
မွေးကင်းစ ကလေးငယ်လေးတွေ ဆံပင်ပါးနေတာ၊ နီနေတာကို ကြည့်ပြီး ကလေးဆံပင်သန်လာအောင် လူကြီးတွေက "ခေါင်းတုံးသာ ပြောင်နေအောင် တုံးပေးလိုက်၊ ဆံပင်က ပိုသန်ပြီး မည်းမှောင်လာလိမ့်မယ်" လို့ ပြောတတ်ကြပါတယ်။ ဒီလိုနဲ့ ကလေးကို ခေါင်းတုံးတွေ ခဏခဏ တုံးပေးကြတဲ့ ဖေဖေမေမေ၊ ဖိုးဖိုးဖွားဖွားတွေ ရှိကြလား?။
တကယ်ပဲ ကတုံးတုံးလိုက်ရင် ဆံပင်က ပိုသန်လာသလား?
ဆေးပညာအရ အဖြေကတော့ "မသန်လာပါဘူး"။
🛑 ဒါဆို ဘာလို့ ကတုံးတုံးပြီးရင် ဆံပင်ပိုသန်လာတယ်လို့ ထင်ရတာလဲ?
ကျွန်တော်တို့ရဲ့ ဆံပင်ပင်စည်ဟာ အရင်းမှာ တုတ်ပြီး၊ အဖျားလေးတွေမှာ သေးသွယ်သွားပါတယ်။ ကလေးကို ခေါင်းတုံးတုံးလိုက်တဲ့အခါ သေးသွယ်နေတဲ့ အဖျားပိုင်းတွေ ပြတ်သွားပြီး၊ အရင်းက တုတ်တုတ်ကြမ်းကြမ်း အပိုင်းကနေ စထွက်လာရသလို၊ ညီညီညာညာလေး ထွက်လာလို့ စမ်းကြည့်လိုက်ရင် ဆံပင်ပိုကြမ်းလာတယ်၊ ပိုသန်လာတယ်လို့ ထင်ယောင်ထင်မှား ဖြစ်သွားတာပါ။
ဆံပင်ရဲ့ အရောင်၊ အထူအပါး၊ အဖြောင့်အကောက် ဆိုတာတွေဟာ အရေပြားအောက် နက်ရှိုင်းတဲ့နေရာမှာရှိတဲ့ "ဆံပင်အမြစ် (Hair Follicle)" နဲ့ "မိဘတွေဆီကရတဲ့ မျိုးရိုးဗီဇ (Genetics)" အပေါ်မှာပဲ ၁၀၀ ရာခိုင်နှုန်း မူတည်ပါတယ်။
အပေါ်ကနေ ဆံပင်တွေကို ကတုံးတုံးပစ်လိုက်ရုံနဲ့ အရေပြားအောက်က ဆံပင်အမြစ်ကြီးက ပြောင်းလဲမသွားပါဘူး။ ဥပမာပြောရရင် မြက်ပင်ကို အပေါ်ကနေ ဖြတ်လိုက်ရုံနဲ့ မြက်ပင်အမြစ်ကြီး ပိုမကြီးလာသလိုပါပဲ။
-မွေးကင်းစ ကလေးငယ်လေးတွေကို ကတုံးတုံးပေးတဲ့အခါ
🛑 ၁။ သင်တုန်းဓားရှပြီး ပိုးဝင်ခြင်း
ကလေးရဲ့ ဦးရေပြားက အရမ်းနုနယ်ပါတယ်။ သင်တုန်းဓားနဲ့ ရိတ်တဲ့အခါ မျက်စိနဲ့မမြင်ရတဲ့ ပွန်းပဲ့ဒဏ်ရာလေးတွေကနေတဆင့် ဘက်တီးရီးယားပိုး ဝင်ရောက်နိုင်ပါတယ်။
🛑 ၂။ အအေးပတ်လွယ်ခြင်း
ဆံပင်မွေးလေးတွေက ဦးခေါင်းကိုနွေးထွေးနေအောင် ကူညီထိန်းညှိပေးထားပါတယ်။ ဆံပင်မရှိတဲ့အခါ အပူအအေး ရုတ်တရက် ပြောင်းလဲရင် အလွယ်တကူ အအေးမိ ဖျားနာတတ်ပါတယ်။
🛑 ၃။ နှာစေး၊ နှာပိတ် ဖြစ်လွယ်ခြင်း
အအေးပတ်လွယ်တာကြောင့် နှာစေးနှာပိတ်ဖြစ်တာ၊ နှာရည်ကျတာတွေအပြင် ချောင်းဆိုး၊ချွဲကြပ်တာတွေပါ ပိုပြီး ခံစားရတတ်ပါတယ်။
🛑 ၄။ နေလောင်ဒဏ်ခံရခြင်း
ဆံပင်ဟာ ဦးရေပြားကို နေရောင်ခြည် (UV) ဒဏ်ကနေ သဘာဝအတိုင်း ကာကွယ်ပေးထားတာပါ။ ကတုံးတုံးထားရင် ဦးရေပြား တိုက်ရိုက် နေလောင်ပြီး အရေပြားပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
🛑 ၅။ ဆံပင်ပေါက်မှားခြင်း
ခေါင်းရိတ်လိုက်တဲ့ ဆံပင်တွေ ပြန်ထွက်လာတဲ့အခါ အပြင်ကိုမထွက်ဘဲ အရေပြားထဲ ပြန်စိုက်ဝင်သွားတတ်ပါတယ်။ အဲဒီအခါ ဦးရေပြားမှာ အဖုအပိမ့်တွေ၊ ပြည်တည်ဖုတွေ ဖြစ်လာတတ်ပါတယ်။
✅ အကြံပြုချက်
ကလေးတွေဟာ အသက် (၁) နှစ်၊ (၂) နှစ် အရွယ်ရောက်လာတာနဲ့အမျှ အာဟာရပြည့်ဝလာရင် သူ့မျိုးရိုးနဲ့သူ ဆံပင်တွေ အလိုလို သန်စွမ်းလာမှာမို့ မေမေတို့ရေ... စိတ်မပူကြပါနဲ့ခင်ဗျာ။
ကိုယ့်ပတ်ဝန်းကျင်မှာ ကလေးဆံပင်ပါးလို့ စိတ်ညစ်နေတဲ့ မေမေတွေ၊ ခေါင်းတုံးတုံးဖို့ တိုက်တွန်းခံနေရတဲ့ မေမေတွေရှိရင် စိတ်အေးသွားအောင် ဒီ Post လေးကို Share ပြီး သူတို့ကို Mention ခေါ်ပေးလိုက်ပါဦး။ 👇
အားလုံးပဲ ကျန်းမာကြပါစေ
ဒေါက်တာရဲ ။
( AI ဖြင့်ဖန်တီးထားသောပုံသာဖြစ်သည်။ )
#ကလေးကျန်းမာရေး #ကျန်းမာရေးဗဟုသုတ #ခေါင်းတုံးတုံးခြင်း #ကတုံးတုံးခြင်း #ဒေါက်တာရဲ
Click here to claim your Sponsored Listing.
Category
Website
Address
744/merchant Road/Pabedan
Yangon
95