Maye Alinn
15/11/2019
ရွှေမျက်မှန်ဘုရား
ရွှေတောင်မြို့တွင် တည်ရှိပြီး မြန်မာနိုင်ငံမှာ မျက်မှန်ပါသည့် တစ်ဆူတည်းသော ရုပ်ပွားတော်ဖြစ်သည်။ ဘုရားပွဲကို နှစ်စဉ် နတ်တော်လဆန်း ၈-ရက်နေ့မှ လပြည့်နေ့ထိ ကျင်းပတတ်သည်။
သရေခေတ္တရာဘုရင် ဒွတ္တပေါင်မင်းကြီးနှင့် မိဖုရားပန်ထွာတို့ဟာ ခြွေရံသင်းပင်းစုံစုံညီညီနဲ့ ရွှေနတ်တောင်စေတီကို ဘုရားဖူးခရီး ထွက်လာခဲ့ကြတယ်။ ရွှေနတ်တောင်စေတီ မရောက်မီ ရွှေတောင်မြို့၊ တည်ကုန်းအရပ်မှာ ခရီးတထောက် နားကြတယ်။ ထိုညမှာပဲ ပန်ထွာမိဖုရားဟာ စခန်းချတဲ့နေရာကနေ အရှေ့မြောက်အရပ်မှာ ရုပ်ပွားတော်တစ်ဆူ ဖူးတွေ့ရကြောင်း အိမ်မက် မြင်မက်တယ်။ မနက်မိုးလင်းတော့ အိမ်မက်အကြောင်း မင်းကြီးကို လျှောက်ထားတော့တယ်။ မင်းကြီးလည်း ပန်ထွာမိဖုရား အိမ်မက်ရတယ်ဆိုတဲ့ နေရာကို လိုက်လံရှာဖွေရာ ယခုရွှေမျက်မှန်ရုပ်ပွားတော်ရှိတဲ့ နေရာနားလောက်မှာ ရောင်ခြည်တော်တွေ မြူးနေတာကို တွေ့ကြရတယ်တဲ့။
မှူးမတ်တွေက ဘုရားတည်ဖို့ နိမိတ်ပြတာပေပဲဆိုပြီး မင်းကြီးကို လျှောက်တင်ကြလေသည်။ ရောင်ခြည်တော်ထွက်တဲ့ နေရာမှာပဲ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ တည်ထားခဲ့ပြီး သရေခေတ္တရာပြည်ကို ပြန်ကြွလာခဲ့ကြတယ်။ သိပ်မကြာခင်မှာပဲ ဒွတ္တပေါင်မင်းရဲ့ မျက်စိနှစ်လုံးကြားက တတိယမျက်လုံးဖြစ်တဲ့ နတ်မျက်စိ ကွယ်ပျောက်လေသည်။ ပရောဟိတ်တွေက ဗေဒင်ကိန်းခမ်း တွက်ချက်တဲ့အခါမှာ နောက်ဆုံးတည်ခဲ့တဲ့ ဆင်းတုတော်မှာ မျက်လုံးတော်ပုံသဏ္ဍာန် မှန်တစ်စုံ လှူဒါန်းရင် နတ်မျက်စိ အလင်းပြန်ရနိုင်ကြောင်း လျှောက်ကြတယ်။ ဒွတ္တပေါင်မင်းလည်း မျက်လုံးတော်သဏ္ဍာန် မှန်တစ်စုံ ကပ်လှူပြီးမှပဲ နတ်မျက်စိ အလင်းပြန်ရတော့တယ်တဲ့။ သည်လိုနဲ့ ရွှေမျက်မှန်ရုပ်ပွားတော် အဖြစ် လူသိများလာခဲ့သည်။
#ဖခင်တစ်ယောက်ရဲ့မေတ္တာ
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
151995
Opening Hours
| Monday | 09:00 - 21:00 |
| Tuesday | 09:00 - 21:00 |
| Wednesday | 09:00 - 21:00 |
| Thursday | 09:00 - 21:00 |
| Friday | 09:00 - 21:00 |
| Saturday | 09:00 - 21:00 |