Robert

Robert

Share

05/05/2026

ဆုတောင်းချက်တွေ မပြည့်သေးလို့
သင် စိတ်မညစ်ပါနဲ့။ အားယူပြီး ပေါ့ပါးစွာ နေထိုင်ပါ။ ကောင်းကြီးမင်္ဂလာနှင့် ပန်းတိုင်ဆိုတာ နှလုံးရည်ကို စမ်းသပ်သော အရာဖြစ်ပါတယ်။
တချို့သောသူတွေ ဘုရား၏ ဂတိတော် ရှိပါလျက်နဲ့ မစောင့်နိုင်သောကြောင့် လက်လျော့ပြီး ဘေးထွက်ထိုင်ခဲ့ကြသူများ ရှိသလို၊ တခြားလမ်းကို ပြောင်းသွားသူတွေလည်း ရှိပါတယ်။ သူတို့အတွက် အရှုံးတော့ မရှိပါဘူး၊ ဘုရားအမှုတော်မှာ အရှုံးဆိုတာ မရှိပါဘူး။
ကောင်းကြီးက ရမှာပါ။ ဆုတောင်းချက်တွေက တကယ် ဖြစ်လာမှာပါ။ သင် အားမငယ်ပါနဲ့။ စောင့်ပါဦး၊ စိတ်ရှည်ပါ။ ကောင်းကြီးဆိုတာ လူတိုင်း မရဘူးလေ— ယုံကြည်ခြင်းနဲ့ ရပ်တည်ပြီး စောင့်နိုင်သူအတွက်ပဲ ဖြစ်ပါတယ်။
စောင့်ပါဦး… စောင့်ပါဦး… မိတ်ဆွေ။
ရောက်လာတော့မှာပါ၊ ဖြစ်လာတော့မှာပါ။ သင့်ရူပါရုံတွေ တကယ် ဖြစ်လာမှာ သေချာပါတယ်။ Amen!

Robert Myanmar Jesus Christ Ministry

18/12/2025

#အရာရာနားလည်ပေးနိုင်ဆုံးသူယေရှု

ကိုယ်တိုင်မကြုံရင် မသိနိုင်သောအရာတွေ
ဘုရားက ပေးကြုံတဲ့အခါ လူသားတိုင်းအတွက်ကောင်းကြီးဖြစ်ဖို့ပါ။
မတရားမှု ဆိုတာနေရာတိုင်းမှာရှိတယ် သို့သော်ဘုရားသခင်ကတရားတယ်။

လူတချို့သိတဲ့ အမှန်တရားတွေဟာ အမှားတွေ
ဖြစ်နေတက်ပြီး အမှားလို့ထင်တဲ့အရာတွေမှာ
အမှန်တွေရှိနေစမြဲပါ။

လူသားချင်း စာနာမှုဆိုတာ ကိုယ်တိုင်ကြုံမှ
ခံစားပေး နိုင်တာမျိုးပါ။

လောက မှာ သင့်အတွက် မိတ်ဆွေအစစ်
ဘယ်နှယောက်ရှိလဲ ဆိုတာ သင် ဒုက္ခ ရောက်မှသိမယ်။

သင့်ကိုအရမ်းချစ်တယ်ပြောတဲ့ သူဟာ သင်အဆင်မပြေမှ သူ့သဘေားကိုသိရမယ်။

မိဘမဲ့အဖြစ်မနေဖူး သူတယောက်က မိဘမဲ့ ပြုစုရင် တကယ်မိဘမဲ့ဖူးတဲ့သူလောက်ခံစားချက်မရှိနိုင်တာ
ကိုတိုင်ကြုံတွေ့ခြင်းမရှိလို့ဆိုတာနားလည်ရတယ်။

ယေရှုခရစ်တော်ဟာ အပြစ်မရှိတဲ့သူဖြစ်ပေမဲ့ #ထောင်ထဲမှာ #လှောင်ထားခံရ ၊ #ဖိနိုပ်ခံရ ၊ #ရိုက်နက်ခံ ခဲ့ရတယ် ။
တကယ်အပြစ်ရှိတဲ့ #ဗာရဗ္ဗ ကို ထောင်ထဲက လွတ်ပေးကြတယ်။

အပြစ်မရှိပဲ #ထောင်ထဲရောက်သူတွေဘဝ ယေရှုခရစ်တော် အပြည့်ဝနားလည် ခံစားပေးနိုင်တယ် မိတ်ဆွေ ။
သင့်ဘဝ အရာရာအတွက် ယေရှုခရစ်တော် ကသာ နားလည်ပေးနိုင်ဆုံးသောသူဖြစ်တယ်။

Robert Myanmar Jesus Christ Ministry

09/10/2025

#စည်းစိမ်
စည်းစိမ်ဟု ဆိုရာ၌ မြဲသောစည်းစိမ်နဲ့ မမြဲသောစည်းစိမ်ရှိ၏။ လောကအရာသည် ခဏ ဖြစ်ပြီး တမလွန်သည် ထာဝရဖြစ်သောကြောင့် လူတယောက်ရဲ့ အဓိကရည်မှန်းချက်သည် ထာဝရ ဖြစ်သင့်ပါသည်။
မြဲသောစည်းစိမ်ရဖို့ မမြဲသောစည်းစိမ် ကို အသုံးပြုခြင်းဖြင့် ကောင်းကြီးခံစားကြပါစို့....
နားလည်ဖို့ဘုရားသခင်ကောင်းကြီးပေးပါစေ 🙏
Amen!

Robert Myanmar Jesus Christ Ministry
#ယုံကြည်သူအသက်တာ #ယေရှုခရစ်တော် #ဘုရားသဘေား #ခရစ်ယာန်အသက်တာ

07/10/2025

ဘုရားကသင့်အခက်ခဲကိုမြင်ပါတယ်။ခေါင်းရှောင်တက်တဲ့ဘုရားမဟုတ်အမြဲအတူရှိတဲ့ဘုရားAmen!

29/09/2025

ဘယ်သူ့စကားမှ နားမထောင်တတ်တဲ့ကျနော်က ကိုယ်တော်စကားနားမထောင်ဘဲနေဖူးလို့လား....
ဘယ်သူခိုင်းတာမှ မလုပ်တတ်တဲ့ကျနော် ကိုယ်တော်ခိုင်းသမျှ မလုပ်ဘဲ နေဖူးလို့လား ကိုယ်တော်ရယ်..

ကိုယ်တော်မျက်နှာထောက်ပြီး အရာရာ ချနင်းခံခဲ့တာကိုယ်တော့်ကိုချစ်လို့ပါ......

Robert Myanmar Jesus Christ Ministry

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


Yangon