Sein Thee Fish Ball

Sein Thee Fish Ball

Share

Photos from Sein Thee Fish Ball's post 22/04/2025

💦 သဲလေးတို့ရေ ဒီညနေစိန်သီးတို့ဆိုင်လေး နှစ်သစ်ရဲ့ပထမဆုံးအနေနဲ့ ညနေ ၄ နာရီဆို ပြန်ဖွင့်ပါပြီရှင့် 😁

🙏ရုံးပိတ်ရက်အတိုင်း ဆိုင်လိုက်ပိတ်လိုက်လို့ စိတ်ကောက်ပြီးဖုန်းဆက်ပြောတဲ့ ပေပီလေးလည်း ဒီညနေလာရင် လက်​ဆောင်ပိုထည့်ပေးမယ်နော် 😁

Photos from Sein Thee Fish Ball's post 25/03/2025

ဒီနေ့ ဆိုင်ပြန်ဖွင့်ပါပြီရှင့် 📢📢📢
ပြောပြရအုံးမယ် 😁😁😁
မပြောမဆိုနဲ့ နှစ်ပတ်လောက်နားလိုက်ရတာ
အကြောင်းက ဒီလိုရှင့် ...
စိန်သီးကို အိမ်အလုပ်ရော ဆိုင်အလုပ်ရော ကူပေးတဲ့ အမက ရုတ်တရက်ကြီး အလုပ်နှစ်ရက်မလာတော့
‌fb မှာ ပိုစ့်တင်ပြီး အလုပ်သမားအသစ်ရှာတာပေါ့နော် 😁
နောက်ရက်ကျမှ သူကမပြောမဆို ရောက်လာပြီးတော့ ညီမရေ အမအဖေ မကျန်းမာလို့ ဆေးရုံတင်ထားတာ
အဲ့တာကြောင့် မလာဖြစ်တာတဲ့၊
ဒီနေ့တော့ ဆေးရုံကခေါ်ချလာပြီ၊ အဲ့တာ အခုမှအားလို့
ခွင့်လာတိုင်တာတဲ့၊
အဲ့အမက ဖုန်းမရှိဖူး၊ အလုပ်ဆင်းနေရင်း လပိုင်းလောက်ကျ ဖုန်းလေးရလာတော့လဲ တစ်ပတ်မကြာဖူး
အလုပ်ဆင်းရင်း ခါးပိုက်နှိုက်ခံလိုက်ရရှာတယ် 😩

အဲ့တာ သူ့အဖေရက်လည်ပြီးမှ အလုပ်ပြန်ဆင်းမယ်တဲ့
အဲ့တာနဲ့ စိန်သီးက မေးတာပေါ့
အမ ဘယ်နေ့သဂြိုလ်မှာလဲ၊ နာရေးသွားဖို့မေးတော့
မဆုံးသေးဖူးညီမလေးတဲ့

အဲ့တာနဲ့ စိန်သီးလဲ ဆိုင်ခဏပိတ်ထားလိုက်တာရှင့်
ကာကာတို့ကလဲ ဖုန်းဆက်ပြီး ဆိုင်ဘယ်နေ့ပြန်ဖွင့်မလဲ မေးတဲ့အခါကျ ဘယ်လိုဖြေရမယ်မှန်းမသိ 😢

အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့မှတ်ပြီး ဆိုင်ပိတ်ထားတာ ဒီနေ့ပြန်ဖွင့်ပါပြီလို့ 🙏🙏🙏
အရင်နေရာ ကျားကွက်သစ်၊ ၀င်းဘီယျာဆိုင်နားနော် ❤️❤️❤️❤️

Photos from Sein Thee Fish Ball's post 04/03/2025

🚴 Hello ဒီညနေ လှည်းတန်းတို့ စမ်းချောင်းတို့ဘက်က ငါးတိုဖူးစားချင်ပြီး မလာဖြစ်တဲ့ ပေပီလေးတွေ ဒီညနေ Deli way လေးတွေရှိလို့ နေ့လည်လောက်နောက်ဆုံးထားပြီး order တင်ပေးကြပါအုံးရှင့် ❤

Photos from Sein Thee Fish Ball's post 02/03/2025

🏃🏃‍♀️ မစိန်သီးနေပြန်ကောင်းလို့ မနေ့ကတည်းက ဆိုင်ပြန်ဖွင့်နေပြီနော် သဲလေးတို့ 🐟🐟🐟

လှည်းလေးက ပြောင်းထားတော့ ပုံထဲကမှန်ပုံးလေးနဲ့ငါးတိုဖူးလေးတွေကိုရှာနော် လှည်းဆင်တူတွေဖြစ်နေလို့ 😁😁

27/02/2025

မစိန်သီးဖျားနေလို့ ဒီနေ့လဲဆိုင်ပိတ်ထားမယ်နော် 🥹
ကောင်းမှာပါ ခဏပဲဆိုပြီး ပေါ့နေတာ 3 ရက်ရှိသွားပြီ
ဒီနေ့ဆို ခေါင်းလေးဟိုဖက်ဒီဖက်လှည့်တာနဲ့ တစ်အိမ်လုံးလည်လည်ထွက်သွားတယ်၊ အဖျားကလဲမကျသေးလို့၊ ဒီညနေ ဆေးခန်းထပ်သွားလိုက်ဦးမယ် 🤧
မမစနိုးကတော့ ပျော်တာပေါ့၊ အားလဲမကိုးရပါဖူး
အိပ်ချည်းနေတာ 🤣
ကာကာတို့လဲ ကျန်းမာရေးဂရုစိုက်ကြနော်❤️

Telephone

Website

Address


သတိပဌာန်လမ်း
Yangon

Opening Hours

Monday 16:00 - 20:00

Alerts

Be the first to know and let us send you an email when Sein Thee Fish Ball posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.