Atee Score

Atee Score

Share

Photos from Atee Score's post 31/03/2023

အတီးဒီနေ့ရောက်ခဲ့တာက အနောက်ရွှေဂုံတိုင်လမ်းမကြီးပေါ်က ဒီနေ့မှ soft opening စဖွင့်တဲ့ Burgundy Hills Cafe & Lounge.....

ပထမဆုံးပြောရမယ်ဆိုရင် sourdough toast with bacon. သူ့ sourdough ကအိအိလေးနဲ့အချဥ်ဓါတ်နဲနဲပါတယ်။ Bacon ကြွပ်ကြွပ်လေးနဲ့ sauce ကလည်းလိုက်ဖက်တယ်။ အဲ menu မှာ Potato wedge ပါသေးတယ်။

ဒုတိယကတော့ Chicken Lasagna. သူ့ Lasagna က အိအိလေးနဲ့ cheese ရော tomato sauce ရော အရသာတော်တော်ပေါ်လွင်တယ်။ Layer လေးတွေလုပ်ထားတာလည်းမဆိုးဘူး။ တခုပဲပြောစရာရှိတာက plating ကအပြန့်မဟုတ်တော့ Lasagna ရဲ့ layer အလှလေးတွေမပေါ်ဘူးဖြစ်သွားတယ်။

Coffee ကတော့ Iced Hazelnut Latte နဲ့ Iced Yuzu-cano သောက်ခဲ့တယ်။

Iced Hazelnut latte က Latte အရသာရော၊ Hazelnut အရသာရော သဟဇာတဖြစ်တယ်။ coffee ကုန်ခါနီးထိကို Hazelnut အရသာမပျောက်သွားဘူး။ Admin ဘော်ဒါကြီးကတော်တော် recommend ပေးတယ်ပြောတယ်။

Iced Yuzu-cano ကတော့ Lemon နဲ့ espresso shot ကိုမှ spice အနံ့လေးပါတယ်။ Spice အနံ့မကြိုက်ရင်တော့ Yuzu-cano မမှာသင့်ဘူး။

Environment ကတော့မဆိုးဘူး။ slow-bar လေးကိုတော်တော်သဘောကျတယ်။ air-con နဲ့ထိုင်ချင်ရင် အပေါ်ထပ်မှာတင် Decoration မတူနဲ့နေရာလေးတွေရှိတယ်။ ဆေးလိပ်သောက်တတ်တဲ့လူတွေအတွက် outdoor area ရှိတယ်။

သူ့ဆီမှာ Private room 2 ခန်းရှိတယ်။ ကျွန်တော်မေးကြည့်တာတော့ Private room အသေးက ၄ယောက်လောက်အေးဆေးထိုင်လို့ရတယ်။ Private room အကြီးက ၆ယောက်လောက်ဆံ့တယ်။

Soft-opening ဆိုတော့ တချို့နေရာလေးတွေလိုအပ်တာရှိပေမယ့် ခြုံပြောရမယ်ဆိုရင် ထိုင်လို့ကောင်းတဲ့နေရာတခုပဲ။ နောက်လည်းသွားဖြစ်မယ့် Cafe တခုပေါ့။

Website