The Kap

The Kap

Share

Main Services - Providing various training, consultancy, research, mapping and briefing, and other analysis papers for Humanitarian and social contexts.

23/05/2026

ဇွန်လရဲ့ အတန်းသစ်များ 📢📢📢

ဆရာတို့ ဆရာမတို့ရဲ့ Career ကို တစ်ဆင့်မြှင့်တင်နိုင်ဖို့အတွက် ဇွန်လထဲမှာဖွင့်လှစ်သွားမဲ့ The Kap ရဲ့ သင်တန်းသစ်တွေက စောင့်ကြိုနေပါပြီရှင် 🤗🤗🤗

ဇွန်လထဲမှာ ဖွင့်လှစ်သွားမဲ့ The Kap ရဲ့ အတန်းသစ်တွေကတော့

📈 Data တွေကို စနစ်တကျအသုံးချပြီး Dashboard ကောင်းကောင်း တည်ဆောက်ချင်သူများအတွက်
𝐌𝐢𝐜𝐫𝐨𝐬𝐨𝐟𝐭 𝐏𝐨𝐰𝐞𝐫 𝐁𝐈 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 (𝐁𝐚𝐭𝐜𝐡-𝟖)
𝐃𝐮𝐫𝐚𝐭𝐢𝐨𝐧: 𝐉𝐮𝐧𝐞 𝟏𝟔 𝐭𝐨 𝐉𝐮𝐥𝐲 𝟑, 𝟐𝟎𝟐𝟔
𝐃𝐚𝐲𝐬 : 𝐓𝐮𝐞, 𝐖𝐞𝐝, 𝐓𝐡𝐮, 𝐅𝐫𝐢, 𝐒𝐚𝐭
𝐓𝐢𝐦𝐞 : 𝟖:𝟎𝟎 𝐏𝐌 – 𝟏𝟎:𝟎𝟎 𝐏𝐌

🔤 လုပ်ငန်းခွင်သုံး အင်္ဂလိပ်စာ အခြေခံကို ပိုင်နိုင်စွာ လေ့လာချင်သူများအတွက်
𝐖𝐨𝐫𝐤𝐩𝐥𝐚𝐜𝐞 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐂𝐥𝐚𝐬𝐬 – 𝐄𝐥𝐞𝐦𝐞𝐧𝐭𝐚𝐫𝐲 (𝐁𝐚𝐭𝐜𝐡-𝟓)
𝐃𝐮ရ𝐚𝐭𝐢𝐨𝐧: 𝐉𝐮𝐧𝐞 𝟐𝟎 𝐭𝐨 𝐉𝐮𝐥𝐲 𝟐𝟔, 𝟐𝟎𝟐𝟔
𝐃𝐚𝐲𝐬 : 𝐒𝐚𝐭, 𝐒𝐮𝐧
𝐓𝐢𝐦𝐞 : 𝟐:𝟎𝟎 𝐏𝐌 – 𝟒:𝟎𝟎 𝐏𝐌

🗣️ လုပ်ငန်းခွင်ပြောဆိုဆက်သွယ်မှုတွေကို ပိုမိုတိုးတက်ကောင်းမွန်ချင်သူများအတွက်
𝐖𝐨𝐫𝐤𝐩𝐥𝐚𝐜𝐞 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐂𝐥𝐚𝐬𝐬 – 𝐏𝐫𝐞-𝐈𝐧𝐭𝐞𝐫𝐦𝐞𝐝𝐢𝐚𝐭𝐞 (𝐁𝐚𝐭𝐜𝐡-𝟐)
𝐃𝐮𝐫𝐚𝐭𝐢𝐨𝐧: 𝐉𝐮𝐧𝐞 𝟐𝟎 𝐭𝐨 𝐉𝐮𝐥𝐲 𝟐𝟔, 𝟐𝟎𝟐𝟔
𝐃𝐚𝐲𝐬 : 𝐒𝐚𝐭, 𝐒𝐮𝐧
𝐓𝐢𝐦𝐞 : 𝟒:𝟎𝟎 𝐏𝐌 – 𝟔: 𝟎𝟎 𝐏𝐌

📊 MEAL နယ်ပယ်ထဲ အခြေခံကစပြီး ခြေလှမ်းလှမ်းချင်သူများအတွက်
𝐁𝐚𝐬𝐢𝐜 𝐌𝐄𝐀𝐋 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 (𝐁𝐚𝐭𝐜𝐡-𝟐𝟑)
𝐃𝐮𝐫𝐚𝐭𝐢𝐨𝐧: 𝐉𝐮𝐧𝐞 𝟐𝟐 𝐭𝐨 𝐉𝐮𝐥𝐲 𝟐𝟏, 𝟐𝟎𝟐𝟔
𝐃𝐚𝐲𝐬 : 𝐌𝐨𝐧, 𝐓𝐮𝐞, 𝐖𝐞𝐝
𝐓𝐢𝐦𝐞 : 𝟕:𝟑𝟎 𝐏𝐌 – 𝟗:𝟑𝟎 𝐏𝐌

📱 Mobile Data Collection ကို ကျွမ်းကျင်စွာ အသုံးချချင်သူများအတွက်
𝐊𝐎𝐁𝐎 𝐓𝐨𝐨𝐥𝐛𝐨𝐱 (𝐁𝐚𝐭𝐜𝐡-𝟐𝟔)
𝐃𝐮𝐫𝐚𝐭𝐢𝐨𝐧: 𝐉𝐮𝐧𝐞 𝟐𝟐 𝐭𝐨 𝐉𝐮𝐧𝐞 𝟐𝟔, 𝟐𝟎𝟐𝟔
𝐃𝐚𝐲𝐬 : 𝐌𝐨𝐧, 𝐓𝐮𝐞, 𝐖𝐞𝐝, 𝐓𝐡𝐮, 𝐅𝐫𝐢
𝐓𝐢𝐦𝐞 : 𝟕:𝟑𝟎 𝐏𝐌 – 𝟗:𝟑𝟎 𝐏𝐌

June လထဲမှာ Personal ရော Professional ရော grow ဖြစ်ချင်များအနေနဲ့ အခုပဲ စာရင်းပေးသွင်းပြီး နေရာဦးထားနိုင်ပါပြီရှင် .......

📩 The Kap Page Messenger
https://m.me/100298039278520?source=qr_link_share

📨 The Kap Telegram Channel
https://t.me/thekap517

📱Viber no
+959456772215

📞 Phone no:
+959456772215

22/05/2026

Batch (3) မှာ သင်တန်းသားဦးရေပြည့်သွားလို့ ထပ်မံဖွင့်လှစ်ခဲ့ရတဲ့ Financial Management Training Batch (4) အတန်းလေးဟာလည်း သင်တန်းမစခင်မှာပဲ သင်တန်းသားဦးရေ ပြည့်သွားခဲ့ပြန်ပါပြီ 🎉🎉🎉

အခုတစ်ခေါက်မတက်လိုက်ရတဲ့ သူများအတွက် Batch (5) အတန်းလေးကို အမြန်ဆုံး စီစဉ်ပြီး ပြန်လာခဲ့ပါမယ်ရှင် ....

The Kap ရဲ့သင်တန်းတိုင်းကို ယုံကြည်မှုရှိရှိ ရွေးချယ်ပေးခဲ့ကြတဲ့ ဆရာ၊ ဆရာမတစ်ဦးချင်းစီကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင် 😍😍😍

NGO နယ်ပယ်ရဲ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှုကဏ္ဍမှာ Professional တစ်ယောက်အဖြစ် ခြေလှမ်းသစ် စတင်ဖို့ Ready ပဲလား? 💼✨

အဖွဲ့အစည်းတစ်ခုရဲ့ ကျောရိုးဖြစ်တဲ့ Financial Management အပိုင်းမှာ ပိုမိုကျွမ်းကျင်နားလည်ပြီး ကိုယ့်ရဲ့ Career ကို Level Up လုပ်ချင်သူများအတွက်
“Financial Management Training Batch (4)”
ပြန်လည်ရောက်ရှိလာပါပြီ….==

အရင် Batch ကလိုမျိုး သင်တန်းသားဦးရေပြည့်သွားလို့ မတက်ရောက်လိုက်ရတာမျိုး မဖြစ်ရလေအောင် အမြန်ဆုံး စာရင်းပေးသွင်းဖို့ တိုက်တွန်းပါရစေရှင် 🥳

---

📌 Scholarship အတွက် စိတ်ပါဝင်စားစွာ လျှောက်ထားခဲ့ကြသူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်
12 May 2026 ကတည်းက Deadline ကျော်လွန်သွားပြီဖြစ်တဲ့အတွက် Scholarship Application form ကိုတော့ ပိတ်လိုက်ပြီပဲ ဖြစ်ပါတယ်ရှင်။
လျှောက်ထားသူများထဲမှ Scholarship ရရှိသူများကို တစ်ပတ်အတွင်း Email မှတစ်ဆင့် အကြောင်းကြားပေးသွားမှာ ဖြစ်ပါတယ်။
ဒီတစ်ခေါက် Scholarship မရရှိလိုက်သူများအနေနဲ့ စိတ်မကောင်းမဖြစ်ပါနဲ့ဦးနော်။ နောက်ထပ်ဖွင့်လှစ်မယ့် Batch တွေမှာလည်း Scholarship တွေထပ်မံပေးသွားဖို့ ရှိတာမို့ စောင့်ကြည့်ပေးကြပါဦးရှင်။

---

📘 ဒီသင်တန်းမှာ ဘာတွေလေ့လာရမလဲ?

လက်တွေ့လုပ်ငန်းခွင်မှာ အမှန်တကယ် လိုအပ်တဲ့ Modules (၁၂) ခုကို စနစ်တကျ သင်ကြားပေးသွားမှာပါ -

1. Overview of Financial Management
2. Financial Planning
3. Financial Reporting
4. Safeguarding Assets
5. Managing Audits
6. Fraud and Corruption Prevention
7. Financial Monitoring and Control
8. Cash Flow Management
9. Donor Compliance and Reporting
10. Cost Structures and Allocation
11. Financial Risk Management
12. Practical Financial Exercises

---

👩‍🏫 ဒီသင်တန်းမှာ စနစ်တကျ သင်ကြားပို့ချပေးသွားမဲ့သူကတော့ ….

နယ်ပယ်အသီးသီးမှာ လက်တွေ့လုပ်ငန်းအတွေ့အကြုံ (၁၂) နှစ်ကျော်ရှိပြီး Senior Management Role တွေမှာ (၆) နှစ်ကျော် တာဝန်ယူခဲ့တဲ့ ဆရာမ ခင်သက်ဇွန် ကိုယ်တိုင် သင်ကြားပေးမှာ ဖြစ်ပါတယ်။ ဆရာမဟာ MBA (RIT, USA - Candidate) တစ်ဦးဖြစ်သလို ဂျာမနီနိုင်ငံထုတ် Certified Expert in Risk Management လက်မှတ်ရ ကျွမ်းကျင်ပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။

---

📅 သင်တန်းအသေးစိတ်

Duration: May 23 to June 28, 2026
Days : Sat, Sun
Time : 8:00 PM – 10:00 PM
Platform: Zoom (Face to face)
Recording Videos & Teaching files များ ပြန်လည်လေ့လာနိုင်ရန် lifetime access ပံ့ပိုးပေးသွားပါမည်။

---

💳 Special Promotion တွေနဲ့ Payment Plan တွေလည်းရှိတာမို့ သက်သက်သာသာနဲ့ တက်ရောက်လေ့လာနိုင်မှာ ဖြစ်ပါတယ်ရှင်။

✅ သင်တန်းကြေးကို (၂) ကြိမ်ခွဲ ပြီးပေးသွင်းနိုင်သလို

✅ သင်တန်းသားဟောင်းများအတွက် 10% Alumni discount

✅ ၅ ယောက်စုအပ်ပါက တစ်ယောက်ကို 20% off ရမှာဖြစ်လို့ စုစုပေါင်း ၂၅၀,၀၀၀ ကျပ်‌ေတာင်သက်သာမဲ့ Group discount တွေလည်းရှိပါတယ်ရှင်။

သင်တန်းသားဦးရေ ကန့်သတ်ထားတာမို့ စောစောစီးစီး စာရင်းပေးသွင်းထားမှ စိတ်ချရမယ်နော်။ 🏃‍♂️💨

📩 The Kap Page Messenger
https://m.me/100298039278520?source=qr_link_share

📨 The Kap Telegram Channel
https://t.me/thekap517

📱Viber no
+959456772215

📞 Phone no:
+959456772215

19/05/2026

လူတွေ ဘာလို့ Burnout ဖြစ်ကြလဲ?

ခေတ်ဟောင်းကုန်ထုတ်လုပ်မှုစနစ် မှာတော့ ပစ္စည်းတွေ အများကြီးထုတ်နိုင်လေ၊ အလုပ်တွင်လေပါပဲ။ ဒါပေမဲ့ ဒီနေ့ခေတ် Knowledge Workers (စိတ်ကူးစိတ်သန်း၊ ဒေတာနဲ့ နည်းပညာ သုံးပြီး အလုပ်လုပ်ရသူတွေ) အတွက်ကျတော့ ဒီစံနှုန်းကို သုံးလို့မရတော့ပါဘူး။

လူအများစုဟာ ကိုယ်အလုပ်လုပ်နေတယ်ဆိုတာကို သူတစ်ပါးမြင်သာအောင် ပြက္ခဒိန်ထဲမှာ Meeting တွေအများကြီး ဖြည့်ကြ၊ Mail တွေ တောက်လျှောက်ပြန်ကြနဲ့ “အလုပ်ရှုပ်ပြခြင်း” ကို Proxy တစ်ခုလို သုံးနေမိကြပါတယ်။ ရလဒ်ကတော့ စိတ်ဖိစီးမှုတွေများပြီး လူရောစိတ်ပါ ပန်းတိုင်မရောက်ခင် လမ်းမှာတင် ကြေမွသွားတာပဲ (Burnout ဖြစ်တာ) ပဲ။

ဒီပြဿနာကို ဖြေရှင်းဖို့ Slow Productivity စာအုပ်ရဲ့ စာရေးဆရာ Cal Newport က ၁၉၈၀ ပြည့်လွန်နှစ်များက အီတလီမှာ ခေတ်စားခဲ့တဲ့ Slow Food Movement (အမြန်စား Fast Food တွေကို ဆန့်ကျင်ပြီး အစားအစာရဲ့ အရသာနဲ့ အရည်အသွေးကို အချိန်ယူခံစားတဲ့စနစ်) ကို နမူနာယူပြီး “Slow Productivity” ဆိုတဲ့ အတွေးအခေါ်သစ်တစ်ခုကို မိတ်ဆက်ပေးခဲ့ပါတယ်။

အမှန်တကယ်အလုပ်တွင်ဖို့ ကျွန်တော်တို့ လိုက်လုပ်ကြည့်ရမဲ့ အချက် (၃) ချက် ရှိပါတယ် 👇

၁။ အလုပ်ကို နိုင်သလောက်ပဲလုပ်ပါ
အရာရာကို လိုက်လုပ်နေရင် ဘယ်အရာမှ ထူးထူးခြားခြား ကောင်းမွန်လာမှာ မဟုတ်ပါဘူး။ သင့်ရဲ့ Workload ကို လျှော့ချပြီး တကယ့်ကို အကျိုးသက်ရောက်မှုရှိမယ့် အလုပ်အနည်းငယ်ပေါ်မှာပဲ အာရုံစိုက်ပါ။ ကတိတွေ အများကြီးပေးမယ့်အစား "ဆုလာဘ်" အများဆုံးပေးနိုင်မယ့် အလုပ်ကိုပဲ ရွေးချယ်ပါ။

၂။ ပုံမှန် အရှိန်နှုန်းနဲ့ သွားပါ
လူဆိုတာ စက်ရုပ်မဟုတ်ပါဘူး။ နေ့တိုင်း၊ နာရီတိုင်း 100% အားအင်အပြည့်နဲ့ စွမ်းဆောင်နိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ရာသီဥတု အပြောင်းအလဲရှိသလိုပဲ သင့်ရဲ့ စွမ်းအင်မှာလည်း အတက်အကျ ရှိပါတယ်။ အလုပ်လုပ်တဲ့အခါ အတင်းအကြပ် အရှိန်မတင်ဘဲ မိမိရဲ့ သဘာဝ Pace အတိုင်း ပုံမှန်လေးနဲ့ ခရီးဝေးသွားနိုင်ဖို့ ကြိုးစားပါ။

၃။ အရည်အသွေးကိုပဲ အဓိကထားပါ
အလုပ်တွေ အများကြီး ပြီးမြောက်ဖို့ထက် ထွက်လာတဲ့ ရလဒ်တစ်ခုချင်းစီက "အကောင်းဆုံး အရည်အသွေး" ဖြစ်နေဖို့က ပိုအရေးကြီးပါတယ်။ အချိန်ယူပြီး စေ့စပ်သေချာစွာ လုပ်ကိုင်ခြင်းက သင့်ရဲ့ တန်ဖိုးကို မြှင့်တင်ပေးရုံတင်မကဘဲ အလုပ်အပေါ် ဂုဏ်ယူစိတ်ကိုလည်း တိုးပွားစေပါတယ်။

💡 Remember: "အလုပ်ရှုပ်နေခြင်း" က "အလုပ်တွင်နေခြင်း" မဟုတ်ပါဘူး။ အခုချိန်မှာ စစ်မှန်တဲ့ Productivity ဆိုတာ အရေအတွက်ထက် အရည်အသွေး၊ အရှိန်နှုန်းထက် ရေရှည်တည်တံ့မှု ပေါ်မှာပဲ မူတည်ပါတယ်။

ကဲ... ဒီနေ့ကစပြီး အလုပ်တွေ အတင်းဖိလုပ်မယ့်အစား အလုပ်အရေအတွက်ကို လျှော့ချပြီး Natural Pace အတိုင်း အရည်အသွေးကို ဦးစားပေးကြည့်ရအောင်လားဗျာ။ 💪✨

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Address


No. 27, Thida Street, Say Nyein Ward, Kyee Myindaing Township
Yangon
11101