3 A Rose

3 A Rose

Share

Photos from 3 A Rose's post 06/05/2025

4 မျိုး တစ် set
lunch box
Pencil case
Puch pocket
မူလတန်း Size
Pre order 2 week
Bkk direct

Photos from 3 A Rose's post 13/08/2024

creat Logo design 😊

07/06/2024

သူ့စကားကို ကိုယ့်စကားလုပ်ပြောတာ....
ကိုယ့်စကားကို သူ့စကားလုပ်ပြောတာ....
ဒီကစကားဟိုပို့တာ..ဟိုကစကားဒီပို့တာ....
ပါးစပ်ထဲတွေ့ရာဇာတ်လမ်းဆင်ပြီး....
ပလီစီခြောက်ချက်လုပ်တာ......
ဆရာကြီးလေသံနဲ့အာချောင်တာ....
ကိုယ့်စိတ်နဲ့နှိုင်းကိုယ်လိုရာဆွဲတွေးပြီး
တစ်ဖက်သားကိုစွပ်စွဲကဲ့ရဲ့တာ........
အတင်းပြောတာ......
အပုတ်ချတာ........
နာမည်ဖျက်တာ......
သိက္ခာချတာ......
ငယ်ကျိုးငယ်နာဖော်တာ......
ဒါတွေအားလုံးဟာဝစီဒုစရိုက်လေးပါထဲမှာ
အကျုံးဝင်ပါတယ်။

ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

05/06/2024

ကံတွေကို သတိထားပါတဲ့။

တရားစခန်းမှာ ဆရာတော်ဘုရား မိန့်တဲ့ ဩဝါဒပါ။

ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်၊ မကောင်းတာ လုပ်ရင် မကောင်းတာဖြစ်မယ် ဆိုတဲ့ "ကံ ကံ၏ အကျိုး"ကို လူတွေဟာ ယုံကြည်တယ်သာ ပြောကြတာ အဆိုးလောကဓံတွေနဲ့ ကြုံတွေ့တဲ့အခါ ကံကို အပြစ်ဖို့တတ်ကြတယ်၊ ကံရဲ့ အကျိုးတွေကို ယုံကြည်မှု နည်းပါးလာတတ်ကြတယ်။ ဒါဟာ သဘာဝ ဖြစ်ပါတယ်။

"ငါက ကောင်းတာတွေ လုပ်နေရက်နဲ့ ဘာလို့ မကောင်းတာတွေ ဖြစ်လာရတာလဲ။ လူတွေအပေါ် ငါကောင်းပေးပါရက်နဲ့ ဘာလို့ ငါ့ကို နာကျင်အောင်လုပ်ကြတာလဲ" ဆိုပြီး ကံတရားကို ကျွန်မတို့က မေးခွန်းတွေ ထုတ်တတ်ကြတယ်လေ။

ကိုယ်တိုင်လည်း အရင်က သဘောမပေါက်ခဲ့ဘူး။ အခုနောက်ပိုင်းမှ လက်တွေ့ကြုံရ၊ ဖြတ်ကျော်ရရင်း၊ ဘာသာရေးဘက် လိုက်စားဖြစ်ရာကနေမှ နားလည် သဘောပေါက်လာတာ တစ်ခုရှိတယ်။ "ကိုယ်ပြုသမျှ ကိုယ်အကုန် ပြန်ရတယ်" ဆိုတဲ့ ကံ ကံ၏ အကျိုးပါပဲ။

ကောင်းတဲ့ ကိစ္စရပ်တွေကလည်း လောကဓံ ဖြစ်သလို၊ ဆိုးရွားတဲ့ ကိစ္စရပ်တွေကလည်း လောကဓံပဲ။ လူတွေနောက်ကို လောကဓံဟာ အမြဲလိုက်နေတာပါ။ ဒါပေမဲ့ ကျွန်မတို့က ကောင်းတာလေးတွေ ဖြစ်ရင်သာ သတိမထားမိပေမဲ့ မကောင်းတဲ့ လောကဓံနဲ့ ရင်ဆိုင်ရရင်တော့ တုန်လှုပ်ကြပါတယ်။ အဲဒီအချိန်မှာ ကံအပေါ် ယုံကြည်မှု နည်းသွားကြတယ်။

ကောင်းတာတွေ လုပ်နေရင်းနဲ့ အဆိုးတွေ ကြုံရတာဟာ ပစ္စုပ္ပန်ကံ၊ အတိတ်ကံတွေနဲ့ အများကြီး သက်ဆိုင်တယ်။ ယခုဘဝမှာ ကောင်းအောင်နေပေမဲ့လည်း အတိတ်ကံတွေ ရှိတယ်။ ယခုဘဝမှာလည်း အမှုမဲ့ အမှတ်မဲ့ ပြုမိတဲ့ ကံတွေရှိတယ်။ ကိုယ်စိုက်သမျှ ကိုယ်ပဲ ပြန်ရိတ်သိမ်းရတယ်ဆိုတဲ့ သဘောပါပဲ။

အဲ့ဒါကြောင့်လေ ဘယ်လောက် ဆိုးရွားတဲ့ လောကဓံနဲ့ပဲ ကြုံကြုံ ကောင်းတဲ့ ကံတွေကိုပဲ ဆက်ပြုလုပ်ပါလို့ ဆရာတော်က မိန့်တယ်။ ကောင်းတာ လုပ်ရင်လည်း လူသိစရာ မလိုဘဲ ကိုယ့်ကိုယ်ကိုယ်သာ သိဖို့ အရေးကြီးတယ်။ မကောင်းတာလုပ်ရင်လည်း ဘယ်သူမှ မသိပေမဲ့ မိမိကိုယ်မိမိ သိတယ်။ ဒါကြောင့်ပြောတာ "မကောင်းမှုဆိုတာ ဆိတ်ကွယ်ရာမရှိဘူး" လို့ ။

ကျွန်မကတော့လေ ကံရဲ့ အကျိုးတွေကို ယုံတယ်။ ကိုယ်ပြုသမျှ ကောင်းသော ကံတိုင်းဟာ ကိုယ့်ဆီ အမြဲ ပြန်လာခဲ့တာကိုး။ လူမှန်းသိတတ်စကတည်းက ကိုယ့်ကြောင့်နဲ့ ဘယ်သူ့ကိုမှ မျက်ရည်ပေါက် ကြီးငယ် မကျစေခဲ့ဘူး။ ဘာလေးပဲ လုပ်လုပ် စေတနာနဲ့ပေးတယ်၊ စေတနာထား လုပ်ပေးတယ်။ ဒါကြောင့်မို့လည်း ရောက်လေရာအရပ်မှာ အချစ်ခံရပြီး ဘဝမှာ ကူညီစောင့်ရှောက်မဲ့သူတွေ၊ သင်ပြလမ်းပြသူတွေ များတယ်။ ဒါဟာလည်း ကောင်းတဲ့ကံတွေရဲ့ အကျိုးတွေပြန်ရတာပါပဲ။

ကိုယ်ကောင်းအောင် နေပါရက်နဲ့ ကိုယ့်ကို နာကျင်ထိခိုက်စေတဲ့လူတွေနဲ့ ကြုံတဲ့အခါလည်း ငါဝဋ်ကြွေးတစ်ခု ကျေအောင်ဆပ်တာပဲလို့ သဘောထားပြီး ကိုယ့်ဘက်က တာဝန်ကျေအောင် အမြဲ နေထိုင်ခဲ့တယ်။ အမေက ဘယ်သူ့ကိုမဆို ခွင့်လွှတ်နိုင်အောင် သင်ပေးထားတော့ ခွင့်လွှတ်ပေးနိုင်အောင် ကိုယ့်စိတ်ကို ကိုယ်ကြိုးစားတယ်။ မဟုတ်ရင် ကံအသစ်တစ်ခုကို ဖန်တီးမိမယ်။ သံသရာရှည်တယ် မဟုတ်လား။

"ပြုသူ အသစ်၊ ဖြစ်သူ အဟောင်း" ပါတဲ့။ ပစ္စုပ္ပန်မှာ မကောင်းတာ လုပ်တဲ့သူဟာ နောက်ထပ် ကံအသစ်တစ်ခုကို ဖန်တီးလိုက်တာပါပဲ။ အဲဒီ ကံရဲ့ အကျိုးဆက်ကိုလည်း သေချာပေါက် ပြန်လည် ခံစားရမှာပဲ။ ဒါကြောင့်မို့ လောကဓံနဲ့ ရင်ဆိုင်ရချိန်တွေမှာ "ယောနိသော မနသိကာရ" သင့်တင့်လျောက်ပတ်စွာ နှလုံးသွင်းနိုင်ဖို့၊ ကိုယ့်ရဲ့ closureကို ကိုယ်တိုင် ရယူနိုင်ဖို့ပဲ ကြိုးစားပါတော့တယ်။

#စူးရှမေ
6:56 pm
28.3.2024

Photos from 3 A Rose's post 02/06/2024

ဒါဟာ ဇွန်ရဲ့အစပဲ။
ငါတို့ ကလေးဘဝရဲ့ အမှတ်တရ အများဆုံး လ။
သူငယ်ချင်းပေါင်း များစွာကို သတိရတယ်။
အဲ့ဒီနေ့တွေကိုလဲ အမှတ်ရတယ်။
ဆယ်ကျော်သက်အရွယ်ရဲ့ ရင်ခုန်သံတွေ၊
ဆူညံနေတဲ့ မိုးသံလေသံ တွေ
ကျောင်းဆင်း ခေါင်းလောင်းထိုးသံ
ပြီးတော့ အဲ့ဒီအချိန်တုန်းက အပူအပင်မရှိ
လုံလုံလောက်လောက်ရခဲ့တဲ့ ရယ်မောသံတွေ ...🍓

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon