Wise Man Daily

Wise Man Daily

Share

08/12/2025

*** Yangon Life ***

မနေ့ညက အလုပ်တွေများလို့ စိတ်ဖြေအောင် နဲနဲသောက်မိတာ အခုမနက်ကို နောက်ကျမှ နိုးဖြစ်တယ်။
ဒီနေ့ ရုံးက အစည်းအဝေးက မနက်ပိုင်း 9 30 မှာ သူဌေးနဲ့ စာရင်းတွေပြန်စစ်ပြီး လချုပ်တွေရှင်းရဦးမှာ။

ကားဂိတ်ရောက်တော့ နောက်ကျနေပြီး အစည်းအဝေးမမှီမှာ ကြောက်ပေမဲ့ နောက်ကျနေလဲ YBS စီးပြီး ရုံးကိုသွားရမှာပါ။ Taxi ခတွေ ဈေးတက်နေလို့ မစီးဖြစ်တာလဲ ကြာပါပြီ။

ရုံးရောက်တော့ 8 နာရီ 50 လောက်ရှိပါပြီ။ computer ကို အမြန်ဖွင့်ပြီး စာရင်းတွေ အသုံးစရိတ်တွေ ပြန်စစ်နေရပါတယ်။

အစည်းအဝေးအတွင်း
Boss - ပြီးခဲ့တဲ့ လက Expenses တွေများလိုက်တာ၊ ဘာတွေက တက်လာတာလဲ။
Me – Supplier ဘက်က ဧည့်သည်တွေလာလို့ ဒီလ အသုံးစရိတ် နဲနဲများသွားတာပါ ဆရာ။

Boss - Salary expenses ကလဲ ဒီလ နဲနဲတက်လာသလို့ဘဲ။
Me - ဆရာခန့်ထားဖို့ ပြောတဲ့ အငယ်တန်း ရာထူးအတွက် တစ်လကို 3 သိန်း နဲ့ ဘွဲ့ရ ဝန်ထမ်း တစ်ယောက်ထပ်ခန့်ထားတာပါ။

Boss - ဝန်ထမ်းတွေတာ ထပ်တိုးလာတာ အမြတ်က ပိုနဲသွားသလိုဘဲ။ အခုက ဝန်ထမ်းတစ်ယောက်ကို ဝင်ဝင်ချင်း 3 သိန်းတောင် ပေးနေရပြီလား ကိုနိုင် ။
Me - အခုက ဝန်ထမ်းခေါ်ရင် လူတွေလဲရှာရတာခက်ပြီး။ 3 သိန်းလောက် အနည်းဆုံးပေးရတယ် ဆရာ။

အစည်းအဝေးပြီးတော့ စိတ်တွေလေးပြီး လခစားဝန်ထမ်းတစ်ယောက်ရဲ့ နောင်ရေးတွေအတွက်ရင်မောနေတုန်း ဝန်ထမ်းတစ်ယောက်က လာပြောတယ် “ ဂျာကြီး သူဌေးခေါ်နေတယ်”
“အေး ငါသွားလိုက်မယ်”

သူဌေးက လုပ်ငန်းတွေများပြီး ဆိုင်ခွဲတွေများတော့ ရုံးကို နေတိုင်းတော့ မလာတက်ပါဘူး။ လကုန်ရက်တွေနဲ့ လဆန်းရက်တွေဆို ရုံးကို အမြဲလာတက်ပါသည်။မျိုးရိုးလိုက်ချမ်းသာသော အသိုင်းအဝိုင်းကဖြစ်ပြီး ပညာလဲတက်တော့ လုပ်ငန်းတော်တော်များက အောင်မြင်ပါသည်။

သူဌေးအခန်းထဲ သူဌေးကိုမြင်တော့ “ ဆရာ ခေါ်တယ်ပြောလို့ပါ”

“ဟုတ်တယ် ကိုနိုင် ကျွန်တော် ခေါ်ခိုင်းလိုက်တာ။ စာရေးမ တစ်ယောက်ကို ဘဏ်မှာ ငွေသွင်းခိုင်းမလို့လေ၊ စီစဥ်ပေးပါဦး၊ ကျွန်တော် သားနဲ့ သမီး အတွက် ကျောင်းလခကို ကျောင်းရဲ့ Bank account ထဲ ထည့်ခိုင်းလိုက်ပါ။
နှစ်ဝက်စာအတွက် သားက သိန်း 240 နဲ့ သမီးအတွက် သိန်း 180 စုစုပေါင်း သိန်း 420 သွင်းခိုင်လိုက် ကိုနိုင်။
သွင်းရမဲ့ account information ကျွန်တော်ပေးလိုက်မယ်။”

“ဟုတ်ကဲ့ပါ ဆရာ”

“ နောက်တစ်ခုရှိသေးတယ် ကိုနိုင်၊ မနေ့က ကျွန်တော် အပေါင်းအသင်းတွေနဲ့ ညစာစားပြီး နဲနဲသောက်ဖြစ်သွားတယ်၊ အဲဒီအတွက်လဲ ရုံး ကနေပဲ စာရင်းထွက်လိုက်ပါဦး။ ရော့ voucher ၊ သိန်း 20 ဘဲပေး ကျန်တဲ့ အစွန်းအထွက် ထားလိုက်တော့။”

“ဟုတ်ကဲ့ပါ ဆရာ”

“ဒါနဲ့ ကိုနိုင် အသစ်ခန့်ထားတဲ့ ဝန်ထမ်းတွေကို ဝင်ဝင်ချင်း 3 သိန်းက မများဘူးလား။ သူတို့ကို စစချင်း 2 သိန်းခွဲ ပေးပြီး 3 လပြည့်မှ 3 သိန်းပေးရင်ရော အဆင်မပြေဘူးလား။ အခုက ကျွန်တော်တို့ဆိုင်တွေက အ‌ေရာင်းအဝယ်တွေကလဲပါးနေတော့ အမြတ်သိပ်မကျန်ဘူးလေ။ ဟုတ်တယ်မလား ကိုနိုင်။”

“ဟုတ်ကဲ့ပါ ဆရာ၊ ဆရာရဲ့ သားနဲ့ သမီး ကျောင်းလခတွေ သွင်းခိုင်းတဲ့ ကိစ္စပြီးရင် ဝန်ထမ်းသစ်လေးကို လစာခေါ်ညှိုလိုက်ပါမယ်”

#ကိုရေချမ်း #

03/08/2024

အရည်အသွေးမြင့် စကျင်(Marbel) ကျောက်ပြားကို ဘယ်လိုထုတ်လုပ်လဲ?
**********

📽️ Credit/ Mega Machines channel

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon
11031