General Knowledge

General Knowledge

Share

17/11/2022

ဆီးချိုသွေးချို ဘယ်လိုစစ်ကြမလဲ ?
**********************************
Dr Myanmar

စစ်ဆေးပုံ မမှန်ကန်တဲ့အခါ သွေးချိုဓာတ်အဖြေ မှားယွင်းတာ ဖြစ်နိုင်ပါတယ်။

၁။ လက်ကို သေချာဆေးပြီး ခြောက်အောင်သုတ်ပါ။ လက်မှာ ညစ်ပေနေသည်များရှိပါက အဖြေမှားယွင်းနိုင်ပါတယ်။

၂။ ဆီးချိုသွေးချိုတိုင်းစက်ထဲသို့ ဆီးချိုသွေးချိုစစ်တံ ထည့်ပါ။

၃။ လက်ချောင်းထိပ် ဘေးဘက်တွင် အပ်ဖြင့် သွေးဖောက်ပါ။ အရက်ပြန်ဖြင့် သန့်စင်ပါက အရက်ပြန်ခြောက်သည်အထိ စောင့်ပါ။

၄။ ဆီးချိုသွေးချိုစစ်တံထဲရှိ သတ်မှတ်ထားသည့်နေရာသို့ သွေးစက်ချပါ။

၅။ စက္ကန့် အနည်းငယ် ကြာသောအခါ စက်မှ အဖြေပြသပါလိမ့်မယ်။

---------------------------

ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များ၊ အထွေထွေကျန်းမာရေးဗဟုသုတများ၊ အထူးကုဆရာဝန်ကြီးများ၏ Health Talk Videos များကို အချိန်နှင့်တပြေးညီသိရှိနိုင်ရန်အတွက် Dr Myanmar Channel ၏ Setting မှတဆင့် Notifications ရယူထားနိုင်ပါသည်။

24/07/2022

လေဖြတ်သူများအတွက် ဆောင်ရန်ရှောင်ရန်နှင့်ဓာတ်စာ
*****************************************************
ယခုအခါ လေဖြတ်ခြင်းကို အသက်ကြီးသူများ၊ အရက်သောက်သူများတွင် သာမကဘဲ အသက်ငယ်သူများပါ ဖြစ်ပွားနေလျက်ရှိ သည်။ လေဖြတ်ခြင်း၏ ရောဂါ လက္ခဏာများမှာ သွားရည်များထွက်ကျခြင်း၊ ပါးစပ်ရွဲ့ခြင်း၊ အန်ခြင်း၊ စကားပြောသည့်အခါ ရှင်းရှင်းလင်းလင်း မရှိတော့ခြင်း။ အားမရှိခြင်း၊ ခြေလက်၊ ကိုယ်ခန္ဓာတို့ပါ ထုံနေ၍ ခံစားမှုများကို မသိတော့ခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အကြောဆွဲခြင်း၊ မှတ်ဉာဏ်များ မရှင်းလင်းတော့ခြင်းတို့ ဖြစ်သည်။

ဆောင်ရန်ရှောင်ရန်များ
************************
လေဖြတ်နေသော သူများသည် ပုံမှန်အနားယူပါ။ အိပ်ရေးပျက်ခြင်း မဖြစ်စေရန် အထူးရှောင်ကြဉ်ပါ။ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းများကိုရှောင် ပါ။ လေဖြတ်နေသူများသည် အိုမီဂါ ၃ fatty acid စားပေးသင့်သည်။ အိုမီဂါ ၃ သည် သွေးထဲရှိ ကိုလက်စထရောကို ကျဆင်းစေသော ကောင်းကျိုးပေးသည်။ ထို့ကြောင့် သွေးကြောပြွန် များကို ကျန်းမာစေမည်။ လေဖြတ်နေသူများသည် ဗီတာမင်စီ စားပေးပါ။ ဗီတာမင်စီ သည် သွေးကြောပြွန်များကို ကောင်းစေသည်။ လတ်ဆတ်သော ဟင်းသီးဟင်းရွက်နှင့် သစ်သီးများထဲတွင် ဗီတာမင်စီ ပါဝင်ပါသည်။ လေဖြတ်နေသူများသည် ဗီတာမင်ဘီလည်း စားပေးပါ။ ဗီတာမင်ဘီသည် လေဖြတ်ခြင်းကို သက်သာစေနိုင်သည်။ နွားနို့နှင့် ပဲစားပေးပါ။ ဗီတာမင်အီးလည်း စားပေးသင့်ပါသည်။ ဗီတာမင်အီးသည် ကိုယ်ခန္ဓာ အတွက် ကောင်းစေသည်။ ဗီတာမင်အီးကို စားပါက နေ့စဉ် ၂၀ ဂရမ်ထက် ပိုမစားရပါ။
လေဖြတ်နေသူများသည် ဆယ်လူလို့စ်ဓာတ် စားပေးပါ။ ဆယ်လူလို့စ်သည် သွေးရည်ထဲရှိ ကိုလက်စထရောပမာဏကို ထိန်းပေးထားနိုင်သည်။ လူတိုင်း ပရိုတင်းဓာတ်များများ စားပေးပါ။ ပရိုတင်းဓာတ်သည် လေဖြတ်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်နိုင်သည်။

လိုအပ်သောဓာတ်များ
*********************
လေဖြတ်နေသူများသည် ဗီတာမင် A၊ ဗီတာမင် B1 ၊ ဗီတာမင် B2 ၊ ဗီတာမင် B3 ၊ ဗီတာမင် B4 ၊ ဗီတာမင် B5 ၊ ဗီတာမင် B12 ၊ ဗီတာမင် C ၊ ဗီတာမင် E ၊ EPA ၊ DHA ၊ ကယ်လဆီယမ်၊ မဂ္ဂနီဆီယမ်၊ ခယ်လီယမ်၊ ဇင့်ဓာတ်၊ မီးစုန်းဓာတ်တို့ လိုအပ်ပါသည်။

စားသင့်သောအစာများ
***********************
လေဖြတ်နေသူများသည် မုန်လာဥနီ၊ အာလူး၊ ကညွတ်၊ ဟင်းနုနယ်၊ ခရမ်းချဉ်သီး၊ ရွှေဖရုံသီး၊ ကျောက်ဖရုံသီး၊ ပန်းစိမ်း၊ မုန်ညင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ မှို၊ စပျစ်သီး၊ ရှောက်ချိုသီး၊ ငှက်ပျောသီး၊ ပဲဝါ၊ ပဲစိမ်း၊ ဗိုလ်စားပဲ၊ ငါးသေတ္တာငါး၊ ငါးကြင်း၊ ဆယ်လမွန်ငါး၊ ဂုံးကောင်တို့ စားပေးသင့်ပါသည်။

မစားသင့်သောအစာများ
************************
လေဖြတ်နေသူများသည် ဝက်အူချောင်း၊ ကြက်၊ ဝက်အရေခွံများ၊ အသားကင်၊ ဝက်ပေါင်ခြောက်၊ အဆီပါအသား၊ ဝက်ဆီ၊ တိရိစ္ဆာန်တို့၏ အသည်းကလိစာ၊ ဂဏန်းအဆီ၊ ပုစွန်ဆီ၊ ငါးဥ၊ လိပ်သား၊ ငါးရေခွံ၊ ကြက်ကြော်၊ နို့ဆီ၊ ငရုတ်ဆီ၊ ဟမ်ဘာဂါ၊ ကော်ဖီ၊ လက်ဖက်ရည်အပျစ်တို့ ရှောင်ပါ။

Credit:
ယမုံအေး (စမ်းချောင်း)
Health for all magazine, No.110, March 2016, Pg. 43-44

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Culinary Team

Attire

Website

Address


Sanchaung Township
Yangon
11111