Proximity Designs

Proximity Designs

Share

Proximity Designs is a social business in Myanmar - we design and deliver affordable, income-boosting products that complement the entrepreneurial spirit of rural families. Our founders, Jim Taylor and Debbie Aung Din, launched Proximity Designs in 2004 with the commitment to create a social business for Myanmar’s underserved rural families. After 20 years working to make change happen in tough en

07/05/2026

လွန်ခဲ့တဲ့မတ်လက ကျွန်တော်တို့ရဲ့ Head of Digital Sales, မခင်ရတနာစိမ်းဟာ Impact Hub Yangon ကဦးစီးကျင်းပခဲ့တဲ့ AI for Climate-Resilient Agriculture Hackathon 2026 မှာ အကြံပေးပုဂ္ဂိုလ်တစ်ဦးအဖြစ် ပါဝင်ခဲ့ပါတယ်။ ထိုပွဲမှာ တောင်သူလယ်သမားတွေအတွက် AI နည်းပညာသုံးကိရိယာတွေ ဖန်တီးနေကြတဲ့ မျိုးဆက်သစ်လူငယ်တီထွင်သူတွေနဲ့အတူ အချိန်ပေးပြီးဆွေးနွေးခဲ့တာဖြစ်ပါတယ်။

သူမဟာ တောင်သူတွေကို ဗဟိုပြုပြီး ဖန်တီးထားတဲ့ ဒီဇိုင်းဖန်တီးမှု၊ ပြဿနာတွေကို ဖော်ထုတ်သတ်မှတ်ပုံနဲ့ မြန်မာ့စိုက်ပျိုးရေးနယ်ပယ်ရဲ့ လက်တွေ့မြေပြင် အခြေအနေတွေအကြောင်းကို မျှဝေပေးခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံတစ်ဝှမ်းက တောင်သူပေါင်း (၆) သိန်းကျော်က လက်ရှိသုံးစွဲနေသော Proximity ရဲ့ AI နည်းပညာသုံး စိုက်ပျိုးရေးအကြံပေး “ဖိုးချက်” ကို တီထွင်ဖန်တီးရာတွင် ရရှိခဲ့သော အတွေ့အကြုံများကို မျှဝေအကြံပေးခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ တောင်သူတွေဆီ လူကိုယ်တိုင်သွားရောက်ဖို့ ပိုမိုခက်ခဲလာတာကြောင့် ဒီဂျစ်တယ်နည်းလမ်းမှ တစ်ဆင့် ရေရှည်တည်တံ့စိုက်ပျိုးရေးနည်းပညာများကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနိုင်ဖို့အတွက် ကျွန်တော်တို့ပိုမိုကြိုးပမ်းလျက်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ အဓိကရည်ရွယ်ချက်ကတော့ တောင်သူတွေအတွက် ဓာတုသွင်းအားစု ကုန်ကျစရိတ်လျှော့ချနိုင်ရန်အပြင် မြေဆီလွှာနဲ့ စားသုံးသူတွေရဲ့ ကျန်းမာရေးကို ဆိုးကျိုးမဖြစ်အောင် ဇီဝထုတ်ကုန်တွေနဲ့ ပိုမိုကောင်းမွန်တဲ့ ပြန်လည်ရှင်သန်စိုက်ပျိုးရေးနည်းစနစ်ဆီသို့ ကူးပြောင်းဖို့ ရည်ရွယ်ပါတယ်။

ယခုလိုပွဲမျိုးတွေကနေတစ်ဆင့် နောက်ထပ်မျိုးဆက်သစ် စိုက်ပျိုးရေးနည်းပညာရှင်တွေ ပေါ်ထွက်လာနေတာကို တွေ့ရတဲ့အတွက် ဝမ်းသာမိသလို၊ ကျွန်တော်တို့ဘက်ကနေ တစ်ထောင့်တစ်နေရာက ပါဝင်ခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်။

Last March, our Head of Digital Sales Yadanar Seinn mentored at the AI for Climate-Resilient Agriculture Hackathon 2026 in Myanmar, organized by Impact Hub Yangon, spending time with young innovators building AI tools for farmers.

She shared practical insights on user-centered design, problem framing, and the realities of farming contexts. And she drew directly from her own experience developing our AI-powered chatbot for regenerative farming, which has now reached over 600,000 unique farmers across Myanmar.

As reaching farmers in person becomes harder, digital extension has become our primary channel for promoting regenerative farming practices at scale. Events like this remind us that the next generation of agri-tech builders is already stepping up, and we’re glad to play a part in that!

06/04/2026

မိသားစုပိုင်တဲ့ စိုက်ပျိုးမြေ ၅ ဧကကို စတင်တာဝန်ယူရမယ်ဆိုတော့ ‘ကျွန်မ ဒါကို တကယ်ပဲ လုပ်နိုင်ပါ့မလား’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် သံသယဖြစ်မိခဲ့တယ်။

ဒါပေမဲ့ Proximity Designs က ဝန်ထမ်းတွေနဲ့ ချိတ်ဆက်မိပြီး Proximity Designs ရဲ့ ရေသွင်းစနစ်နည်းပညာကြောင့် အလုပ်သမားခ သက်သာသွားရာကနေ စပြီး တခြားထုတ်ကုန်များဖြစ်တဲ့ 'ဘာမထီစွမ်း' (မှိုရောဂါကာကွယ်ဆေး) နဲ့ 'ဇာမဏီစွမ်း' (ကောက်ရိုးဆွေးမြေ့စေသောဆေး) တို့ကိုပါ ဆက်လက်အသုံးပြုခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ စိုက်ပျိုးစရိတ်ကို သုံးပုံတစ်ပုံလောက်အထိ လျှော့ချနိုင်ခဲ့သလို အလုပ်သမားငှားခကိုလည်း တစ်ဝက်နီးပါးသက်သာခဲ့တယ်။

ဒီလိုနဲ့ ၃-နှစ်အတွင်းမှာတင် အကြွေးတွေအားလုံးကို ပြေလည်အောင် ဆပ်နိုင်ခဲ့ရုံတင်မက သမီးလေး အနာဂတ်အတွက်ပါ စုဆောင်းမိလာတယ်။ အခုဆိုရင် ကျွန်မကိုယ်တိုင် စိုက်ပျိုးရေးကို စနစ်တကျ စီမံခန့်ခွဲတတ်လာပြီး ကိုယ့်အလုပ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ လုပ်ကိုင်နေရတာ ဂုဏ်ယူမိပါတယ်။

ကျွန်မလိုပဲ ရွာမှာရှိတဲ့ တခြားအမျိုးသမီး တောင်သူတွေကိုလည်း Proximity Designs ရဲ့ ထုတ်ကုန်တွေကို သုံးပြီး ထိထိရောက်ရောက်စိုက်ပျိုးရေးကိုဦးဆောင်နိုင်ဖို့ အမြဲတမ်း အကြံပေးဖြစ်တယ်လို့ တောင်သူ ဒေါ်ခင်သိင်္ဂီက ပြောပြခဲ့ပါတယ်။

“I didn’t think I could do it,” said Daw Khin Theingi when she first took over her family’s five-acre farm.

After buying and installing Proximity Designs’ mister irrigation system, Daw Theingi could irrigate her vegetable plots all by herself, without hiring extra labor. She also used our PHOENIX Microbial Bio-Decomposer to decompose the straw in her rice fields after harvest. The organic matter from the compost further enriched her soils. She used our Mighty bio-fungicide to strengthen the root systems and growth of her chili, spinach and okra plants.

All in all, Daw Theingi reduced her farm input costs by one-third and cut hired labor costs in half to maintain the same yields. Within three years, she repaid all her loans and started saving gold for her daughter. Today, Daw Theingi manages her farm confidently instead of with fear and dread. More than that, she is a leader among the other women farmers in her village who come to her for advice.

20/03/2026

လုပ်ငန်းခွင်မှာရော မိသားစုဘဝမှာပါ အောင်မြင်မှုရနေတဲ့ အမျိုးသမီးခေါင်းဆောင်တိုင်းရဲ့နောက်ကွယ်မှာ အမြဲတမ်း အားပေးကူညီနေတဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခု ရှိနေတတ်ပါတယ်။

Proximity Designs မှာ တာဝန်ထမ်းဆောင်နေတဲ့ မမွန်မွန်ရည်လို ဝန်ထမ်းများအတွက် လုပ်ငန်းခွင်ခေါင်းဆောင်မှုဆိုင်ရာတာဝန် နဲ့ အိမ်ကမိသားစုတာဝန်တွေကြားမှာ ဟန်ချက်ညီညီ လုပ်ဆောင်နိုင်ဖို့ ပံ့ပိုးကူညီပေးနိုင်တဲ့အတွက် ကျွန်ုပ်တို့ ဝမ်းမြောက်မိပါတယ်။

ကျွန်ုပ်တို့ဟာ မိခင်နဲ့ အမျိုးသမီးတွေကို တစ်နှစ်မှာ တစ်ပတ်သာ ဂုဏ်ပြုတာမျိုးမဟုတ်ဘဲ နေ့စဥ် ပံ့ပိုးကူညီနိုင်မယ့် ပတ်ဝန်းကျင်တစ်ခုကို ဖော်ဆောင်နိုင်ဖို့ အမြဲကြိုးပမ်းနေပါတယ်။ ဘာကြောင့်လဲဆိုတော့…အမျိုးသမီးတွေ အောင်မြင်လာတဲ့အခါ ကျွန်ုပ်တို့ရဲ့ လူမှုအဖွဲ့အစည်းတစ်ခုလုံး ပိုမိုခိုင်မာအားကောင်းလာလို့ပဲ ဖြစ်ပါတယ်။

မမွန်မွန်ရည်အနေနဲ့ သူမ တာဝန်ယူထားတဲ့ ကဏ္ဍအသီးသီးမှာ ထူးချွန်ပြောင်မြောက်အောင် ဘယ်လိုမျိုး လုပ်ဆောင်နေလဲဆိုတာကို ကြည့်ရှုလိုက်ပါ။

Behind every successful working mother and leader is a community that cheers her on.

We’re happy to be able to support employees like Ma Mon Mon Yee to find a balance between leadership at Proximity Designs and family responsibilities at home.

We don't just celebrate mothers and women one week a year. We strive to build a culture that supports them every single day. Because when women thrive, our entire community grows stronger.

See how she’s excelling in every role she plays.

13/03/2026

အမျိုးသမီးတစ်ဦးဟာ အသက်မွေးဝမ်းကျောင်း အိပ်မက်တွေနဲ့ မိသားစုကြား တစ်ခုကိုသာ ရွေးချယ်စရာမလိုဘဲ နှစ်ခုလုံးကို အောင်မြင်အောင် လုပ်ဆောင်နိုင်တယ်လို့ Proximity Designs မှာ ကျွန်ုပ်တို့ ယုံကြည်ပါတယ်။

ဒီနေ့မှာတော့ ကျွန်ုပ်တို့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မဖြူသဇင်ဟန်ရဲ့ အကြောင်းကို မျှဝေပေးချင်ပါတယ်။ မိခင်တစ်ဦးလည်းဖြစ်၊ ကျွန်ုပ်တို့ရဲ့ အဖွဲ့ဝင်ကောင်းတစ်ယောက်ဖြစ်တဲ့ မဖြူသဇင်ဟန်ဟာ သူမတာဝန်ယူထားရတဲ့ အလုပ်မှန်သမျှကို စိတ်စေတနာအပြည့်နဲ့ အကောင်းဆုံး ဆောင်ရွက်လေ့ရှိသူပါ။

သူမရဲ့ကိုယ်ပိုင်မိသားစုဘဝနဲ့အတူ အသက်မွေးဝမ်းကျောင်းအလုပ်မှာပါ တိုးတက်မှုရှိစေနိုင်တဲ့ လုပ်ငန်းခွင်မျိုးဖန်တီးပေးနိုင်တဲ့အတွက် ကျွန်ုပ်တို့ ဂုဏ်ယူမိပါတယ်။ သူမရဲ့ အကြောင်းနဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ဗီဒီယိုထဲမှာ အသေးစိတ် ကြည့်ရှုနိုင်ပါပြီ။

At Proximity Designs, we believe a woman shouldn't have to choose between her professional dreams and her family.

Today, we’re sharing Ma Phyu Thazin Han’s story. As a mother and a valued member of our team, she brings her whole self to everything she does. We are proud to be a space where her career can grow right alongside her family.

Watch the video to learn more about her story and dedication.

04/02/2026

ကျွန်ုပ်တို့ရဲ့ သီးနှံအားဆေးထုတ်ကုန်သစ်ဖြစ်တဲ့ "ပုလဲဆန်း" (ငါးအမိုင်နို သဘာဝမြေဩဇာ) ကို တောင်သူများထံ မိတ်ဆက်လိုက်ပါပြီ။

ငါးအမိုင်နိုဟာ သီးနှံကြီးထွားဖို့အတွက် ထိရောက်စွာ အကျိုးပြုတယ်ဆိုတာ ကျွန်ုပ်တို့တောင်သူတွေ သိပြီးသားဖြစ်မှာပါ။ ဒါပေမဲ့ လက်တွေ့မှာ ကိုယ်တိုင်ဖော်စပ်အသုံးပြုရန်အတွက် ကုန်ကြမ်းရှားပါးခြင်း၊ အချိန်နှင့်လူအင်အား နည်းပါးခြင်း၊ ဖော်စပ်နေစဉ်အတွင်း အနံ့အသက် ပြင်းထန်မှုရှိခြင်း စတဲ့ အကန့်အသတ်များကြောင့် တောင်သူအများစုမှာ အကျိုးအာနိသင်ကောင်းမှန်းသိသော်လည်း ကိုယ်တိုင်ဖော်စပ်ရန် ခက်ခဲမှုတွေရှိနေကြပါတယ်။

ဒါတွေကို ဖြေရှင်းပေးဖို့အတွက် အဆင်သင့်ဖျန်းပက်အသုံးပြုနိုင်တဲ့ “ပုလဲဆန်း” ကို ထုတ်လုပ်လိုက်ပါပြီ။

ပုလဲဆန်းမြေဩဇာဟာ အခြားဓာတုမြေဩဇာတွေနဲ့ ယှဉ်ရင် ကုန်ကျစရိတ်ကို ၄၀% အထိ သက်သာစေပါတယ်။ ဒါ့အပြင် ကနဦးလေ့လာချက်အရ စပါးနှင့် အခြားသီးနှံအထွက်နှုန်းကို ၁၀% မှ ၁၅% အထိ ပိုမိုတိုးပွားစေသောကြောင့် တောင်သူတွေရဲ့ အသားတင်ဝင်ငွေကို ၂၀% အထိ မြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။

ယနေ့အချိန်တွင် တောင်သူဦးရေ ၂,၃၇၃ ဦး မှ ပုလဲဆန်းမြေဩဇာကြောင့် ထိရောက်သည့် အကျိုးထူးများရရှိနေကြပြီဖြစ်ရာ၊ စိုက်ပျိုးစရိတ်ကို လျှော့ချပေးပြီး အထွက်နှုန်းကို မြှင့်တင်ပေးရုံတင်မကဘဲ ပျက်စီးနေတဲ့ မြေဆီလွှာကိုပါ ပြန်လည်ကုစားပေးမယ် “ပုလဲဆန်း” နဲ့အတူ လက်တွဲစိုက်ပျိုးကြစို့။

We’re excited to introduce PEARL fish amino bio-fertilizer, the fourth and latest addition to our agricultural biologicals line!
PEARL offers Myanmar farmers a practical alternative to synthetic nitrogen fertilizers. Farmers have long recognized the benefits of fish amino acids. Over 18,785 farmers even tried making them through a DIY practice we shared via our digital extension. But limited access to fish waste, long preparation and fermentation time, made it difficult for farmers to adopt at scale.
PEARL turns a familiar practice into a ready-to-use product, filling a clear market gap while addressing soil health degradation.
Since its launch this quarter, 2,373 farmers have begun using PEARL in their fields. Priced at USD 4 per liter, it’s about 40% cheaper than chemical alternatives. Early results show 10-15% yield gains and 20% higher net incomes for farmers who make the switch.

05/12/2025

ယနေ့ ဒီဇင်ဘာ ၅ ရက်နေ့သည် ကမ္ဘာ့မြေဆီလွှာနေ့ ဖြစ်ပါတယ်။

မြေဆီလွှာဟာဆိုရင် ကျွန်ုပ်တို့ နင်းလျှောက်နေသော သက်မဲ့မြေမှုန့်မျှသာမဟုတ်ဘဲ၊ကမ္ဘာတစ်ဝန်းရှိ တောင်သူသန်း ၅၇၀ ကို ထောက်ပံ့ပေးနေပြီး သက်ဝင်လှုပ်ရှားသော ဂေဟစနစ်ဖြစ်သည့် အတွက် မြေဆီလွှာကို ပြန်လည်ကောင်းမွန်အောင် ပြုပြင်ခြင်းသည် ရေရှည်ထုတ်လုပ်နိုင်စွမ်းနှင့် ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိစေရန်အတွက် အဓိကသော့ချက်ပင်ဖြစ်ပါတယ်။

ယခုနှစ်တွင် ကျွန်ုပ်တို့အဖွဲ့အစည်းအနေဖြင့် သဘာ၀နည်းလမ်းများနှင့် ပေါင်းစပ်၍ ရေရှည်တည်တံ့သော စိုက်ပျိုးရေးနည်းလမ်းများကို မိတ်ဆက်ပေးခဲ့ရာ ကျွန်ုပ်တို့နှင့်အတူတကွ ရဲရဲဝံ့ဝံ့ ရှေ့ဆက်လျှောက်လှမ်းနေသည့် တောင်သူမိသားစုများထံမှ အကြီးမားဆုံးသော စိတ်ခွန်အားများစွာကိုလည်း ရရှိခဲ့ရပါတယ်။

သို့ဖြစ်ပါ၍ မြေဆီလွှာ ကျန်းမာရေးကို ပြန်လည်တည်ဆောက်ရန်၊ ဇီဝမျိုးစုံမျိုးကွဲများကို တိုးတက်စေရန်နှင့် ဓာတုပစ္စည်းသုံးစွဲမှု ကုန်ကျစရိတ်ကို လျှော့ချရန်အတွက် သဘာ၀စိုက်ပျိုးနည်းလမ်းများအပြင် ဇီဝထုတ်ကုန်များကိုပါ ပေါင်းစပ်အသုံးပြုနေသော တောင်သူလယ်သမား ၁ သိန်းခန့်ကို ယနေ့ မှာ ဂုဏ်ပြုလိုက်ရပါတယ်။

ကမ္ဘာ့မြေဆီလွှာနေ့မှစ၍ ကျွန်ုပ်တို့၏ တောင်သူများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် မိတ်ဖက်များအားလုံးကို မြေဆီလွှာ ပိုမိုကျန်းမာစေရေးအတွက် မိမိတို့ပိုင်ဆိုင်ရာ နေရာလေးမှ စတင်ပြီး ပြန်လည်ထိန်းသိမ်းနည်းများကို စိတ်ကူးပုံဖော်ကာ ကြီးမားသည်ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေ လုပ်ဆောင်ချက်များကို အစပျိုးလုပ်ဆောင်နိုင်ကြပါရန် လေးစားစွာ ဖိတ်ခေါ်လိုက်ရပါတယ်။

Today we celebrate World Soil Day!

It’s a reminder that soil isn’t just dirt beneath our feet. It’s a living, dynamic ecosystem that sustains more than 570 million smallholder farm families globally. Soil is their most important asset, and restoring it is key to long-term productivity and resilience.

This year, we draw our biggest inspiration from the farm families that we work with, who are taking bold steps toward regenerative practices. We’re celebrating around 100,000 Myanmar farmers who have already integrated biological products into their land preparation and nutrient management to rebuild soil health, improve biodiversity, and reduce reliance on costly chemical inputs.

On this World Soil Day, we invite our farmers, colleagues, and partners to take one action - big or small - to reimagine the way we care for our common and own spaces through healthier soils. 🌱🌍

Want your business to be the top-listed Recruitment Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No. 24 Saya San Road, Tharthana Yeikthar Ward, Bahan Township
Yangon
11201

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00