UXMM

UXMM

Share

User Interface & Experience Design Myanmar wants to share knowledge especially on User Interface Design (UI) and User Experience Design (UX) for those who are interested, especially for local citizens.

12/07/2026

Tech နယ်ပယ်က မျိုးဆက်သစ်တွေအတွက် UXMM နဲ့ Let's Tech Club တို့ Collaboration လုပ်လိုက်ပြီပဲ ဖြစ်ပါတယ် 🥳

Let’s Tech Club ဆိုတာကတော့ အခုလို AI ခေတ်ကြီးထဲမှာ မျိုးဆက်သစ် Tech သမားတွေ နောက်ကျမကျန်ခဲ့ဘဲ အကောင်းဆုံး ရင်ပေါင်တန်း ရှင်သန်နိုင်ဖို့အတွက် Tech Education ရော Career Community ကိုပါ တစ်နေရာတည်းမှာ ရယူနိုင်မယ့် Platform တစ်ခုပဲ ဖြစ်ပါတယ်။ ✨

Let’s Tech Club ကနေ အဓိက အပိုင်း (၃) ပိုင်းဖြစ်တဲ့
📚 Educate: ခေတ်ရှေ့ပြေးတဲ့ ပညာရပ်တွေကို အခြေခံကစပြီး စနစ်တကျ သင်ကြားပေးခြင်း။
🌐 Connect: ခိုင်မာတောင့်တင်းတဲ့ Peer Network တစ်ခုကို ချိတ်ဆက်ပေးခြင်း။
💪 Empower: လက်တွေ့ Industrial ပိုင်းအထိ တိုးတက်အောင်မြင်လာအောင် ပံ့ပိုးကူညီပေးခြင်း စတာတွေကို စိန်ခေါ်မှုနဲ့ ထိရောက်မှု အပြည့်ရှိတဲ့ Intensive သင်တန်းများ၊ LMS စနစ်နှင့် ထိရောက်သော Career လမ်းညွှန်မှုများမှတစ်ဆင့် ပြောင်းလဲနေတဲ့ ဒစ်ဂျစ်တယ်ခေတ်မှာ ထိပ်တန်းကနေ ဦးဆောင်နိုင်မည့် Developer၊ Engineer နှင့် Tech Startup Builder များကို အကောင်းဆုံး ပျိုးထောင်ပေးနေတာပဲ ဖြစ်ပါတယ်။

UXMM နဲ့ Let’s Tech Club လက်တွဲပြီး မြန်မြန်ဆန်ဆန် တိုးတက်နေတဲ့ Tech လောကထဲမှာခြေလှမ်းအမှားမခံဘဲ အကောင်းဆုံး လေ့လာပြင်ဆင်နိုင်ဖို့ စိတ်လှုပ်ရှားစရာကောင်းတဲ့ အစီအစဥ်တွေ ရှိနေတာမို့ Stay Tuned ပါနော် 😉✨

07/07/2026

UXMM နဲ့ Xers တို့ ပူးပေါင်းစီစဥ်ထားတဲ့ "Insight Room: Research Program" မှာ ပါဝင်ချင်တဲ့ Volunteer တွေအနေနဲ့ ဘာတွေလုပ်ရမလဲစိတ်ဝင်စားသလို “ကိုယ်ရောလုပ်နိုင်ပါ့မလား” ဆိုပြီးစိုးရိမ်နေကြမယ်ထင်ပါတယ် 🤔

ဒါဆိုရင်တော့ စိတ်ပူစရာမလိုတော့ပါဘူးနော် 🤗
ဒီ Program လေးကို Joinတဲ့ Volunteerတွေအနေနဲ့ တန်းပြီး Tasks တွေ လုပ်ရမှာမျိုးမဟုတ်ပဲ Senior တွေဦးဆောင်ပေးမယ့် 2-Week Learning Session လေး အရင်ဆုံးပါဝင်ဦးမှာပဲဖြစ်ပါတယ်။ ဒီ Learning session လေးမှာဆိုရင်တော့ သက်ဆိုင်ရာ Topic တွေကို Learning လုပ်ပြီး Present လုပ်ရမှာပဲ ဖြစ်ပါတယ် ။

ဒါကြောင့် “လုပ်နိုင်ပါ့မလား” ဆိုတဲ့ စိုးရိမ်စိတ်လေးကြောင့် အခွင့်အရေးကောင်းတစ်ခုကို လက်မလွှတ်လိုက်ရလေအောင် အခုပဲ Register လိုက်ကြတော့နော် 😉

30/06/2026

✨ Collaboration with AIESEC Myanmar✨

ဒီနေ့ announce လုပ်ချင်တာကတော့ UXMM နဲ့ AIESEC Myanmar တို့ Media Partner အနေနဲ့ Collaboration လုပ်လိုက်ပါပြီဆိုတာပြောပြချင်ပါတယ် 🤝💙

AIESEC in Myanmar ဆိုတာကတော့ မြန်မာနိုင်ငံကိုယ်စားပြု ကမ္ဘာလုံးဆိုင်ရာ လူငယ်ဦးဆောင်အဖွဲ့အစည်းဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ လူငယ်များရဲ့ စွမ်းရည်မြှငိ့တင်ပေးရန်၊ နိုင်ငံတကာအတွေ့အကြုံများသာမကလူငယ့်အခွင့်အလမ်းများ ဖန်တီးပေးရန် ရည်ရွယ်ကာ Volunteering Programs၊ Professional Internships နှင့် Membership Opportunities များကို ဖော်ဆောင်ပေးလျက်ရှိပါတယ်။ ဒါ့အပြင် AIESEC in Myanmar အနေနဲ့ လူငယ်များရဲ့အလားအလာကို ဖော်ထုတ်နိုင်စေရန်၊ လူမှုအသိုင်းအဝိုင်းအတွက် အကျိုးပြုခေါင်းဆောင်များ ဖြစ်လာစေရန် အမြဲပံ့ပိုးပေးနေတဲ့ လူငယ်အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်။

UXMM အနေနဲ့လည်း နောက်ပိုင်း မြန်မာနိုင်ငံရဲ့ UI/UX Design Community နဲ့ လူငယ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ အစီအစဉ်အသစ်တွေကို ဖန်တီးသွားဖို့ရှိပါတယ်

28/06/2026

UXMM ရဲ့ Official Growth Partner ဖြစ်တဲ့ Xers နဲ့ UXMM တို့ ပူးပေါင်းစီစဉ်တဲ့ Insight Room Research Program လေးဟာ အခုဆိုရင်တော့ ပြန်လည်စတင်တော့မှာပဲ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ အရင်နဲ့မတူပဲ Product Discovery ကို တကယ်စိတ်ပါဝင်စားပြီး ကိုယ်တိုင်လက်တွေ့ ပါဝင်လုပ်ကိုင်ချင်တဲ့သူတွေအနေနဲ့ Volunteer အဖြစ် ပါဝင်လို့ရမယ့် အခွင့်အရေးကောင်းလေးကိုပါ ဖန်တီးထားပေးပါသေးတယ်။

Volunteer အဖြစ်ပါဝင်ချင်သူတွေအတွက် Registration Form ကို မနက်ဖြန်မှာ ဖွင့်ပေးသွားမှာ ဖြစ်လို့ အားလုံးပဲ စောင့်မျှော်ပေးကြပါဦးနော် ✨

Want your business to be the top-listed Engineering Company in Yangon?
Click here to claim your Sponsored Listing.

Address


Yangon