JUST A SHOT

JUST A SHOT

Share

Photos from JUST A SHOT's post 19/11/2025

ကလောရောက်ရင် ကော်ဖီတခွက်လောက်သောက်ပီးမှ ပြန်ပါ ။
ဘယ်ဆိုင်မှာထိုင်ထိုင် လှတယ် ဆိုပေမဲ့ Vibe တော့ ဘယ်တူပါ့မလဲဗျာ ။

ရှမ်းပြည်ရဲ့ signature ခေါပုတ်ပူပူလေးကို
ပျားရည်လေးဆမ်းထားတာလေး စား ၊
နွားနို့ပူပူ ပျစ်ပျစ်လေး သောက် ၊
တောင်တန်းတွေကို မျက်စိတဆုံး ငေး ဗျားးး ။

ရပ်ကွက် ၃ ထဲမှာ ရှိတဲ့ ဒီဆိုင်လေး မရောက်ဖူးသေးရင် သွားကြည့်စေချင်တယ် ။
Village Home VH ကာဖီဆိုင် လို့ခေါ်ပါတယ် ။

Photos from JUST A SHOT's post 16/09/2025

ရိုက်ဖြစ်ခဲ့သော မွေးနေ့ အမှတ်တရ ပုံလေးများ...

In frame - Su

ပုံလေးတွေမှာ ဆက်ဆုံကြပါစို့ ခဗျာ...

Photos from JUST A SHOT's post 23/04/2025

"အပ်ချည်လုံး အိမ်ဆိုင်" တဲ့ ....

နာမည်လေးက ဆန်းသလို vibe ကလည်း တမျိုးလေး သစ်တယ် ခဗျ ၊
လူငယ်တွေစုရပ် အဖြစ် နာမည်ကြီးတဲ့ နေရာလေး တခုပေါ့ ၊
အိမ်ဆိုင် ဆိုတဲ့အတိုင်းပဲ အိမ်ကလေးနဲ့ တွဲဖွင့်ထားတဲ့ ဆိုင်ကလေးမို့
အိမ်ချက်လက်ရာလေးတွေ နဲ့ ပေါ့ပေါ့ပါးပါးစားလို့ရမဲ့ street food လေးတွေ ရတယ်ဗျာ ။ 😎

အစားအသောက်လည်း ကောင်းသလို
ဆိုင်ကလေးကို သွားလည်ရတာကိုက ရသတမျိုး ခံစားရမယ် ။
ဆိတ်လက်ဖက်ထောင်း ၊ မာလာအာလူးကြော် ၊ နွားနို့ကြော် ....
အဲ့တာလေးတွေ စားကောင်းတယ် ။

အနုပညာနဲ့ ပတ်သက်လို့ အသေးစိတ်ကလေးတွေလည်း မြင်ရမယ် ၊
အကြိုက်ဆုံးကတော့ Bohemian Vibe နဲ့ အလှဆင်ထားတဲ့ ဆိုင်ရဲ့ အပြင်အဆင်ပါ ။
လူငယ်တွေ အလာများပီး အချင်းချင်း အဖွဲ့ကျဖို့ မြန်တဲ့ ပတ်ဝန်းကျင်လေးလို့ မြင်တယ် ။

ချည်ထည်တွေမှာ လက်နဲ့ဆွဲထားတဲ့ အနုပညာတွေ ၊ ပန်းချီကားတွေ ၊
လက်မှုပစ္စည်းလေးတွေ ၊ သီချင်းတွေ စုဆိုကြ တီးကြတာတွေ ကြည့်ရင်း
လွတ်လပ်မှုကို ပြည့်ပြည့်ဝဝ ခံစားလို့ ရတယ် ။

အိမ်ရှေ့မှာ "Free Shop" ဆိုတာလေးလည်း ခင်းထားလိမ့်မယ် ။
ကိုယ့်အတွက် အသုံးတည့်မဲ့ ပစ္စည်းလေးတွေ ၊ အင်းကျီ​ ၊ အသုံးအဆောင်လေးတွေကို
"အခမဲ့" ယူနိုင်သလို ကိုယ့်ဆီမှာ ပိုနေတာလေးတွေလည်း ဝေမျှလို့ရတယ် ခဗျာ ။

ကျနော်တို့ရောက်သွားတုန်းကတော့ သင်္ကြန်တွင်းမို့
free shop လေးပိတ်ထားတာနဲ့ ပုံမရိုက်လိုက်ရဘူး ။

Recycle Art ကို အားပေးတဲ့ လူငယ့်ရပ်ဝန်းမို့ တခါလောက်တော့ အရောက်သွားကြပါ ခဗျာ ။

ဟုတ်ကဲ့ .... နေရာလေး သိချင်နေကြမယ် ထင်တယ်နော် ၊
မေမြို့မှာပါ ခဗျာ ။
ဟီး....အဝေးကြီးပဲ .... 😅

ရန်ကုန်မှာ မဟုတ်လို့ စိတ်မကောင်း ... 😁

ဘော်ဒါတို့ မေမြို့ရောက်လို့ လည်စရာ ပတ်စရာ ရှာပီဆိုရင်
သွားရမဲ့ နေရာလေးအနေနဲ့ bucket list ထဲ ထည့်ထားလိုက်ပါ ခဗျာ ....


#အပ်ချည်လုံး

Photos from JUST A SHOT's post 20/03/2025

မမတွေ ကဗျာဆန်ပီဆိုရင်
ညီမလေးတွေ စ ငိုလို့ရပါပီ ခဗျာ .... 😎

ယဥ်သော ၊ လှသော ၊ ကြည်လင်သော
Client အမ ကို
မွေးနေ့အမှတ်တရ ရိုက်ပေးဖြစ်ပါတယ် ။

အရိုက်ကောင်းလို့ ဓာတ်ပုံဆရာ
ဖိနပ်လည်း ပျောက်သွားပါတယ် ... 😂

ဒါပေမဲ့ ဒါမျိုးပုံထွက်လေးတွေ ရလာလို့
ကျေနပ်တယ် ခဗျ .... 😊

ပုံလေးတွေမှာ ဆက်ဆုံကြပါစို့ .....

Photos from JUST A SHOT's post 12/02/2025

ရန်ကုန်မြို့ထဲက အဖြူရောင်ချည်းပဲ
ကြီးစိုးတဲ့နေရာ.....

ဓာတ်ဆရာများ စိတ်ကြိုက်
ကွန့်မြူးလို့ရမဲ့ နေရာ....

အဖြူရောင် စက္ကူပန်းတို့ရဲ့ ကမ္ဘာ....

ပုံလေးတွေ တပုံချင်းစီကို ခံစားပေးကြပါဦး ခဗျာ.....

ဒါမျိုးအလှလေးတွေ ရိုက်ချင်ရင် cb ခဗျ ... 😊

Want your business to be the top-listed Photography Service in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon