Vehicle Insurance Myanmar
23/01/2021
အာမခံဝယ်တဲ့အခါ ဘာကြောင့်ကျွမ်းကျင်မှုရှိတဲ့အာမခံအေးဂျင့်ကိုရှာသင့်သလဲ? လူကြီးမင်းရဲ့ရွေးချယ်မှုတစ်ခုက အလွန်ကိုအရေးကြီးပါတယ်။
ခုခေတ်ခြေနေမှာ အင်တာနက်က အရမ်းကိုအရေးပါလာပါပြီး လူတော်တော်များများဟာ အွန်လိုင်းပေါ်ကနေ ဝယ်ယူကြတဲ့အလေ့အကျင့်တစ်ခုရှိလာပါပြီ။
*အာမခံကိုလည်း အွန်လိုင်းကနေဝယ်ယူနိုင်ပါပြီ။*
ဒါပေမယ့် လူကြီးမင်းအာမခံကို တကယ်ဝယ်ယူချင်တယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့အာမခံအေးဂျင့်ကိုရှာသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အင်တာနက်/အွန်လိုင်း ဘယ်လောက်ပဲ တိုးတက်နေပါစေ ၊ လူတစ်ဦးရဲ့စွမ်းဆောင်မှုတော်တော်များများကို အင်တာနက်က အစားထိုးပေးနိုင်ခြင်းမရှိသေးပါဘူး။
အကြောင်းအရင်း - ၁ (အခြေအနေအရပြောင်းလဲပေးနိုင်ခြင်း)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
လူတစ်ဦးချင်းစီရဲ့ဝင်ငွေဟာ မတူညီတဲ့အပြင် အနေအထား အမျိုးမျိုးကွာခြားတာမို့ အာမခံထားရမယ့်အမျိုးအစားတွေလည်းကွဲပြားကြပါတယ်။ ရှိတိုင်းလည်းမကောင်းပါဘူး ကိုယ်နဲ့အဆင်ပြေမှ အကောင်းဆုံးလို့ပြောကြပါတယ်။ အာမခံလည်း ထိုနည်းလည်းကောင်းပါပဲ။ တစ်ဦးချင်းစီရဲ့လက်ရှိအခြေအနေကိုကြည့်ပြီး အာမခံကိုစနစ်တကျဝယ်ယူတာဟာ အာမခံရဲ့အသုံးဝင်ပုံကို ပိုပြီးလေးနက်စေပါတယ် ။ ဒီလိုချိန်မှာအာမခံအေးဂျင့်တစ်ယောက်ရဲ့အတွေ့အကြုံတွေက လူကြီးမင်းအာမခံဝယ်ယူတဲ့အခါမှာ ပိုပြီးစိတ်ချစေနိုင်ပါတယ်။
ဒါကြောင့်အာမခံကို ကျွမ်းကျင်တဲ့အေးဂျင့်နဲ့သာဝယ်ယူသင့်ပါတယ်။
အကြောင်းအရင်း - ၂ (စဉ်ဆက်မပြတ်ဝန်ဆောင်မှုပေးနိုင်ခြင်း)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အာမခံဆိုတာ ဝန်ဆောင်မှုတစ်မျိုးပါပဲ ၊ ဒီဝန်ဆောင်မှုရဲ့ မဝယ်ယူစဉ်(မေးမြန်းကာလ)၊ ဝယ်ယူနေစဉ်ကာလ၊ ဝယ်ယူပြီးနောက်ဝန်ဆောင်မှု၊ ဒီဝန်ဆောင်မှုဖြစ်စဉ်တိုင်း အာမခံအေးဂျင့်တစ်ယောက်လိုအပ်ပါတယ်။
မဝယ်ယူစဉ်(မေးမြန်းကာလ)။ ။ အာမခံအေးဂျင့်က လူကြီးမင်းရဲ့လက်ရှိအခြေအနေကိုကြည့်ပြီး အာမခံ Plan ရေးဆွဲပေးပါလိမ့်မယ်။
ဝယ်ယူနေစဉ်ကာလ ။ ။ လူကြီးမင်းကို သက်တမ်းတိုးရမယ့်အချိန် အစရှိတဲ့သတိပြုရမယ့်အချက်တွေရှင်းပြရင်း လူကြီးမင်း အာမခံPlanကို ပြီးပြည့်စုံအောင် အကောင်အထည် ဖော်ပေးပါလိမ့်မယ်။
ဝယ်ယူပြီးနောက်ကာလ ။ ။ တကယ်လို့ပြဿနာတစ်ခုခုဖြစ်ခဲ့ရင် အရင်ဆုံးအာမခံအေးဂျင့်ကိုဆက်သွယ်ပြီး လျော်ကြေးတောင်းဖို့ကိစ္စကို အတူတူဖြေရှင်းခိုင်းလို့ရပါတယ်။
ဒါကြောင့် အာမခံဝယ်ရင် ကျွမ်းကျင်တဲ့အာမခံအေးဂျင့်ကိုရှာပြီး ဝယ်ယူသင့်ပါတယ်။
အကြောင့်အရင်း - ၃ (ပရော်ဖက်ရှင်နယ်ဝန်ဆောင်မှု)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဘယ်လိုအာမခံplanမျိုး သို့မဟုတ် အာမခံပေါ်လစီ ဖြစ်နေပါစေ၊ ဒါတွေအားလုံးဟာ အသက်မရှိတဲ့အရာဖြစ်တဲ့အပြင် အပြင်လူတစ်ဦးအနေနဲ့နားလည်ရခက်တဲ့ စကားလုံးတွေဖြစ်ပါတယ်။ ဒါပေမယ့် အာမခံအေးဂျင့်ဆိုတာကတော့ အရှင်လတ်လတ်ကြီးပါ ပိုကျွမ်းကျင်တိကျပြီး ကိုယ့်အတွေ့အကြုံအရ အာမခံထားချင်သူကို အဘက်ဘက်ကနေ အာမခံကိုနားလည်ရလွယ်ကူအောင် ရှင်းပြနိုင်ပါတယ်။
ဒါကြောင့် အာမခံဝယ်ရင် ကျွမ်းကျင်တဲ့အာမခံအေးဂျင့်ကိုရှာပြီး ဝယ်ယူသင့်ပါတယ်။
အကြောင်းအရင်း - ၄ (နွေးထွေးသောဝန်ဆောင်မှု)
~~~~~~~~~~~~~~~~~~~~~~~~~~~~~
တကယ်တော့ အာမခံအေးဂျင့်တစ်ဦးဟာ ငွေကြေးဆိုင်ရာ အကြံပေးတစ်ဦးနဲ့တူပါတယ်။
လူကြီးမင်းဘဝအတွက် အာမခံရှိအောင် လုပ်ပေးနေတဲ့တစ်ချိန်တည်းမှာပဲ လူကြီးမင်းအပေါ်ကျရောက်လာတဲ့ အန္တရာယ်တွေကြောင့် လူကြီးမင်းငွေကြေးဆိုင်ရာအပိုင်းကို မထိခိုက်စေပဲ စိတ်အေးချမ်းသာစွာဖြတ်သန်းနိုင်အောင် အာမခံအရှိဆုံး Plan ကိုရေးဆွဲပေးတတ်ကြပါတယ်။
နိုင်ငံခြားတွေမှာဆို အာမခံအေးဂျင့်တွေကို နွေးထွေးစွာနဲ့ life Planer လို့ခေါ်ဝေါ်တတ်ကြပါတယ်။
ဒါကြောင့်အာမခံဝယ်ရင် ကျွမ်းကျင်တဲ့အာမခံအေးဂျင့်ကိုရှာပြီး ဝယ်ယူသင့်ပါတယ်။
19/08/2020
အာမခံထားခြင်း၏ကောင်းကျိုး FINAL EP
~~~~~~~~~~~~~~~~~~~~~~~~
ရောဂါတစ်ခုတည်းကြောင့် ကုတ်ခြစ်စုထားတဲ့ငွေတွေဟာ
မှုတ်ထုတ်လိုက်တဲ့အငွေ့လိုပျောက်သွားနိုင်ပါတယ် (ဆေးလိပ်သည်ကျန်းမာရေးကိုထိခိုက်စေတယ်)
ဒီလိုပြသာနာတွေရှိနေလို့လည်း အာမခံကိုယ်စားလှယ်(Agent)တို့ရဲ့တန်ဖိုးကို ပိုပြီးပေါ်လွင်စေတာပါ။
ကျွန်တော်တို့က သူတို့တွေရဲ့အခက်အခဲတွေကိုဖြေရှင်းပေးပြီး သူတို့ရဲ့ဘဝ ကျန်းမာချမ်းသာအောင် Plan(အစီအစဉ်)ဆွဲပေးတဲ့လူတွေပါ
သူတို့ကို ငွေကိုကြိုစုတတ်ဖို့၊ မမြင်နိုင်တဲံအန္တရာယ်(Risk)တွေကို လွှဲပြောင်းပေးတတ်ဖို့ ကူညီပေးတဲ့လူပါ။
မိသားစုဝင်ငွေထဲက နည်းနည်းလေးသုံးပြီး၊ အနာဂတ်မှာဖြစ်လာနိုင်တဲ့(ကျန်းမာရေး/အထွေထွေ)လိုအပ်မယ့်ငွေအတွက်စာချုပ်အသွင်ပြောင်းပြီးချုပ်လိုက်ရုံလေးပါပဲ။
တကယ်တော့ အာမခံဆိုတာ ငွေစုတဲ့သဘောပါ
ဒီနေ့ထားလိုက်တဲ့ စုစုပေါင်းအာမခံငွေဟာ နောင်တစ်ချိန်အရေးကြုံရင်ရလာမယ့် ပိုက်ဆံတွေပါပဲ။
အာမခံက ဒီလိုအခက်အခဲတွေကိုထူးခြားတဲ့နည်းလမ်းနဲ့ဖြေရှင်းပေးနိုင်တာကြောင့် ကျွန်တော်တို့(Agent)တွေက တခြားလူတွေကို ဘီးလုံးပို့ပေးတဲ့လူနဲ့သွားတူတာပါ။
ကျွန်တော်တို့ (Agent) တွေဟာ ထောင်သောင်းချီတဲ့မိသားစု တစ်စုချင်းကို အသက်ရှင်ရတာ ပိုပြီးဖိအားနည်းအောင်၊ လုံခြုံမှုရှိအောင် လုပ်ပေးနေသူပါ
ဒါပေမယ့် အာမခံမားကတ်တင်းဆင်းတာလည်း လွယ်ကူတဲ့အရာတစ်ခုလို့မထင်လိုက်ပါနဲ့
ဘာလို့လဲဆိုတော့ လူတော်တော်များများက ကျွန်တော်တို့က သူတို့ကိုဘီးလုံးပို့ပေးနေတဲ့လူ မထင်ပါဘူး
ကိုယ့်ကိုယ်ကို တွန်းလှည်းတွန်းနေတဲ့လူလို့လည်း မထင်ပါဘူး
ဘီးလဲတပ်လိုက်တာက သူတို့ဘဝကိုအတွက် ကောင်းကျိုးအများကြီးရလာမယ်ဆိုတာကို မသိတာက ပိုပြီးဆိုးပါတယ်
ဒါပေမယ့် ဒီလိုအချက်ကြောင့် ကျွန်တော်တို့ အာမခံကိုမားကတ်တင်းဆင်းတဲ့လူတွေရဲ့အရေးကြီးပုံကို ထပ်မံပိုပြီးပေါ်လွင်လာစေတာပါ
ကျွန်တော်တို့ မရှိရင် သူတို့ရဲ့ဘဝဟာ တွန်းလှည်းလေးကို ခက်ခက်ခဲခဲတွန်းနေရပြီး ခဲလုံးနဲ့တိုက်မိတာနဲ့ လှည်းကပျက်စီးသွားနိုင်ပါတယ်
အာမခံရှိတဲ့ တွန်းလှည်းကတော့ ဘယ်လိုကြမ်းတမ်းတဲ့လမ်းပေါ်သွားနေရပါစေ တစ်လမ်းလုံးစိတ်ချလက်ချဖြောင့်ဖြူးစွာနဲ့ခရီးရောက်သွားပါလိမ့်မယ်
ဒီပုံကိုကြည့်ပြီးနောက် ကိုယ့်အတွေးနဲ့ကိုယ်ရှိကြမယ်ထင်ပါတယ်
customer တွေရဲ့ဗဟုသုတနည်းတာနဲ့
ရှင်းပြလည်း မပေါက်တဲ့လူတွေ
ကိုယ့်ကိုအသားလွတ်ကြီးငြင်းလွတ်လိုက်တာတွေနဲ့ကြုံတာတွေကို သတိရမိမယ်လို့လည်းထင်ပါတယ်
ဒါပေမယ့် စိတ်ထဲမထားပါနဲ့ တကယ်လို့က အစ်ကိုအစ်မတို့ အာမခံလောကထဲကိုမဝင်လာဘူဆိုရင်
ကျွန်တော်တို့လည်း ဒီဘီးလာတပ်ပေးတဲ့လူကို ငြင်းလွှတ်တဲ့လူဖြစ်သွားနိုင်တာပဲလေ
ဘယ်လိုပဲပြောပြော ကျွန်တော်ရေးခဲ့တဲ့စာသားထဲကလို
သူတို့က အန္တရာယ်ဆိုတဲ့မုန်တိုင်းကြီးနဲ့ အချိန်ကို ယှဉ်ပြိုင်ပြီးပြေးနေရတဲ့လူတွေမှမဟုတ်ကြတာ။
အဲ့ဒီ ယဉ်ကျေးစွာနဲ့ငြင်းလွှတ်လိုက်တဲ့လူကလည်း အာမခံကိုဆန့်ကျင်တဲ့လူတော့မဟုတ်လောက်ပါဘူး
အာမခံရဲ့ကောင်းကျိုးတွေကို မသိသေးတာပဲ ဖြစ်နိုင်ပါလိမ့်မယ်
သူတို့လိုမသိသေးတဲ့လူရှိနေတဲ့အတွက်ကြောင့် ကျွန်တော်တို့က ခဏခဏအငြင်းခံရတာကို မမှုပဲ ဆက်လက်တောင့်ခံနေကြတာပါ
အာမခံအကြောင်း ပိုပြီးလူသိများလာအောင် အသိမှတ်ပြုအောင်လုပ်ပြီး ဘီးတပ်ပေးဖို့အတွက်ကြိုးစားအားထုတ်နေကြတာပါ
သူတို့တွေအတွက်ကြောင့်ပါ
ဒီနေ့ ဒါဟာနောက်ဆုံးမို့လို့ ဒီထိဖတ်ပြီးသွားရင် နည်းနည်းလောက်ထပ်ပြီးဖတ်လိုက်ပါဦး
အာမခံကိုယ်စားလှယ်ရဲ့တန်ဖိုးအရှိဆုံးအရာက ငြင်းခံလိုက်ရလို့ ထပ်ပြီးသွားမရှာပဲ သူတို့ဒုက္ခရောက်တဲ့အချိန် သူများကားမှောက်တာကြည့်ပြီး
ကိုယ်မှန်တယ်ဆိုပြီး ပြောတာဟာ တန်ဖိုးရှိမသွားစေပါဘူး
မိသားစုအများစုကို အန္တရာယ်တွေကြား ငြိမ်းချမ်းစွာဖြတ်ကျော်နိုင်အောင်လုပ်ပေးပြီး စိတ်ထဲကနေ ဂုဏ်ယူစွာနဲ့
"သူတို့အိမ်က ဘီး ကို ငါတပ်ပေးထားတာ" "သူတို့ရဲ့ဘီးကို ငါ ဒီဇိုင်းဆွဲပေးထားတာဆိုပြီး"ပြောလိုက်တဲ့အချိန်လေးဟာ တန်ဖိုးရှိစေတာပါ
အားလုံးကျေးဇူးတင်ပါတယ်
12/08/2020
အာမခံထားချင်း၏ကောင်းကျိုးများ (၁)
~~~~~~~~~~~~~~~~~~~~~~
အွန်လိုင်းပေါ်မှာတွေ့လိုက်ရတဲ့အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ပုံလေးတစ်ပုံပါ
အဝိုင်းပုံဘီးကိုင်ထားတဲ့လူက လှည်းတွန်းနေတဲ့လူနှစ်ယောက်ကို အကြံပေးနေတာပါ။ နောက်ကလူကတော့ ယဉ်ကျေးစွာနဲ့ လက်ပြပြီးငြင်းလိုက်ပါတယ်။ ရှေ့ကတစ်ယောက်ကတော့ ခေါင်းကြီးကိုငုံ့ပြီး “ငါတို့အလုပ်ရှုပ်နေတယ်ကွ” ဆိုပြီးငြင်းလိုက်ပါတယ်။
ပုံကိုကြည့်လိုက်မယ်ဆိုရင် လှည်းတွန်းနေတဲ့လူနှစ်ယောက်ရဲ့လှည်းဘီးက လေးထောင့်လေးဖြစ်နေတာကို သတိထားမိမှာပါ။ နောက်ဘက်မှာဘီးရာအနက်ကြီးကျန်နေပြီး ပင်ပင်ပန်းပန်းတွန်းနေရတာကိုလည်းတွေ့ ရမှာပါ
ပုံမှာပါတဲ့စာသားကလည်း အတော့်ကိုအဓိပ္ပါယ်ရှိပါတယ်။ ကိုယ့်ကိုလာရှာတဲ့လူက အမြဲတမ်းအကူအညီတောင်းဖို့အတွက်ချည်းပဲဖြစ်နေမှာမဟုတ်ပါဘူး။ အကူအညီပေးဖို့အတွက်လည်းဖြစ်နိုင်ပါတယ်။ အဲ့ဒါကြောင့် ချက်ချင်းကြီးမငြင်းလိုက်ပါနဲ့ အရင်ဆုံးဘာအတွက်လာတာလဲဆိုတာကို သိအောင်လုပ်ပါတဲ့
ဘာလို့လဲဆိုတော့ မင်းငြင်းလိုက်တဲ့အရာက မင်းအလိုရှိနေတဲ့အရာဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။
Marketing ဆင်းတဲ့လူတွေအားလုံး ဒီပုံကိုကြည့်ပြီး တူညီတဲ့ခံစားချက်ကိုခံစားမိမှာပါ။ အထူးသဖြင့်ကျွန်တော်တို့လို အာမခံလုပ်ငန်းကိုMarketing(မားကတ်တင်း)ဆင်းတဲ့လူတွေက သူတစ်ပါးကို ဘီးလဲတပ်ဖို့အကြံပေးနေတဲ့လူနဲ့မတူဘူးလား?
ကားအာမခံလိုအပ်ရင်ဆက်သွယ်လိုက်ပါ။ အိမ်တိုင်ရာရောက်လာပြီး သေချာရှင်းပြပေးမယ့်သူပါ။
09-662999885
05/08/2020
အာမခံ၏ထူးဆန်းဖြစ်ရပ်ဆန်း (အပိုင်း ၁)
~~~~~~~~~~~~~~~~~~~~~~~~~
၁. ကားအက်စီးတန့်ဖြစ်ရင် အရင်ဆုံး အာမခံရှိလား မေးကြတယ်?
၂. အသက်မရှိတော့မှ အသက်အာမခံထားထားလား မေးကြတယ်?
၃. ဖျားနာတဲ့အချိန်ဆေးရုံတက်ခါနီးမှ ကျန်းမာရေးအာမခံရှိလား မေးကြတယ်?
၄. အာမခံထားတော့မယ်လို့ ဆုံးဖြတ်လိုက်ပြီဆို လူတော်တော်များများက အာမခံဆိုတာ လူလိမ်တဲ့အရာလို့ပြောကြတယ်?
သာမန်အချိန်ဆိုရင် အာမခံပေါ်လူတွေ တော်တော်အကောင်းမမြင်ပေမယ့် အရေးကြုံလာရင်တော့ ချက်ချင်းအာမခံသတိရကြတယ်! အာမခံဆိုတာ ဒီကမ္ဘာပေါ်မှာ နားလည်မှုအလွှဲခံရဆုံးဖြစ်ပြီး အရေးကြုံလာရင်တော့ အသုံးအဝင်ဆုံးအရာ ဖြစ်နေပြန်ပုံနဲ့တူနေသလိုပဲ (လက်ခံကြရဲ့လား?) လူတွေက ရဲ ဆိုအကောင်းမပြောကြပါဘူး ဒါပေမယ့် အမှုဖြစ်ပြီဆို အရင်ဆုံးစဉ်းစားမိတာ (199)၊ ဆေးရုံ ဆေးခန်း ဆြာဝန်တွေဆိုလည်း ဈေးကြီးတယ် ဘာညာ အကောင်းပြောတဲ့လူသိပ်မရှိကြပါဘူး ဒါမယ့်အရေးပေါ်လူနာတင်ဖို့အတွက်လိုအပ်လာပြီဆို (192)ကိုထိပ်ဆုံးက သတိရတတ်ကြပါတယ်။ လူအများစုက အာမခံဆို ဘာအသုံးမှမဝင်ဘူးလို့ပြောကြပါတယ်။ ဒါမယ့်ဘေးအန္တရာယ်ဆိုက်ရောက်လာလို့ ပိုက်ဆံအသုံးလိုတဲ့အချိန်ဆိုရင် အာမခံကိုပဲအရင်ဆုံး သတိရမိတတ်ကြပါတယ်။ So Please အာမခံအပေါ်ယုံကြည်ကြပါ။ ဘဝကိုပြောင်းလဲဖို့အတွက် သုံးဖို့မဟုတ်ပါဘူး။ ကိုယ်နေထိုင်တဲ့ဘဝကြီး မပြောင်းလဲသွားအောင်လို့ပါ။
Click here to claim your Sponsored Listing.
Category
Website
Address
Latha Tsp.
Yangon