Learn English With S.M.A

Learn English With S.M.A

Share

16/04/2026

အိမ်မှာ G-9 to G-12 ကျောင်းသားရှိတယ်ဆိုရင်ကြည့်ဖြစ်အောင် ကြည့်ပါ။

✅Grade 9,10,11,12 အင်္ဂလိပ်စာသီးသန့် ကျူရှင်သင်မယ်လို့ဆုံးဖြတ်ပြီးကတည်းက သေချာဆုံးဖြတ်ထားတာရှိတယ်။အဲ့ဒါက ဘာလဲဆိုတော့
ကိုယ်သင်မယ့် ကလေးတွေဟာ သက်ဆိုင်ရာဘာသာရပ်ကို တစ်ပွဲတိုး စာမေးပွဲအောင်ရုံလောက်မဟုတ်ပဲ ၊ဒီဘာသာစကားကိုဘယ်လိုတည်ဆောက်ဖွဲ့စည်းထားတယ်ဆိုတဲ့ Theory တွေဆီကို တဖြည်းဖြည်းချင်းဆွဲခေါ်သွားမှာဖြစ်တဲ့အပြင် အင်္ဂလိပ်စကားပြောနဲ့ အကြားစွမ်းရည်ကိုပါ စာသင်နှစ်အတွင်း ရှယ်ရသွားစေဖို့ ၊ဒီဘာသာစကားကို သူ့တသက်တာမှာ ကြောက်စိတ်ဆိုတာ လုံးဝမရှိတော့‌လောက်အောင်ထိ အာမခံပြီးသင်ကြားပေးသွားဖို့ဆိုတာပါပဲ။

✅သေချာလေ့လာကြည့်ရင် G-90 to G-12 ရဲ့ English Level က Pre intermediate to Intermediate Level လောက်ထိကိုရှိတယ်ဆိုတော့
ကျောင်းအင်္ဂလိပ်စာသင်ရိုးထဲက စကားလုံးတွေကို သုံးပြီး ဒီကလေးတွေကို အင်္ဂလိပ်စကားလန်ပျံထွက်နေအောင် ပြောတတ်အောင်သင်ပေးလို့ဘာကြောင့်မရရမှာလဲ? လို့တွေးမိတယ်။

✅နောက်တချက်က ကျွန်တော်တို့ ကျောင်းသားဘဝက English Tenses တွေကို Formula တွေ အနေနဲ့ပဲ အလွတ်ကျက်ကြပြီး ဘယ် Tense တွေကို နေ့စဉ်ဘဝရဲ့ ဘယ်လိုအခြေနေမျိုးတွေမှာ သုံးလဲဆိုတာ သင်ပေးနိုင်သူ တော်တော်လေးရှားပါးခဲ့တယ်။ မီးနင်းကျက်တဲ့စနစ်ကိုပဲ အခြေခံထားတော့ ကျွန်တော်တို့တွေက
စာတစ်ကြောင်းကိုတွေ့ရင် အဲ့စာကြောင်းထဲမှာပါနေတဲ့စကားလုံးတွေရဲ့ အဓိပ္ပါယ်ကိုသိနေတော့ စာတကြောင်းလုံးခြုံငုံပြီး ဘာသာပြန်တတ်နေကြတာ။ ဘာသာပြန်နိုင်ပေမယ့်၊ကိုယ်တိုင်အဲ့လို စာကြောင်းတစ်ကြောင်းဖြစ်အောင်တည်ဆောက်ကြည့်ဆိုရင် ဘယ်သူမှ ဖြောင့်ဖြောင့်တန်းတန်း ခုထိမရေးနိုင်ကြသေးဘူး။ ကျွန်တော်လည်း အဲ့အရွယ်မှာ မရေးနိုင်ခဲ့ဘူး။

မယုံရင် မူလတန်းမြန်မာစာထဲက

"ညအခါ
လသာသာ၊
ကစားမလား၊နားမလား?

ဆိုတဲ့ ကလေးကဗျာ‌လေးကို ကိုယ်တိုင်အင်္ဂလိပ်လို ဝါကျတည်ဆောက်ကြည့် 🙂

ဒီဘာသာစကားကို ပြောတတ်ဖို့ဆိုတာကတော့ စိတ်ကူးတောင် ယဉ်လို့မရခဲ့ဘူးရယ်။

✅ကျောင်း အင်္ဂလိပ်စာသင်ရိုးကိုလေ့လာကြည့်ရတာ ကျွန်တော်တို့ ၂၀၀၀ခုနှစ်ပတ်ဝန်းကျင်က စာတွေထက် အများကြီး အဆင့်မြင့်လာတာတွေ့ရမယ်။

✅အဲ့တော့ ကျောင်းစာပဲသင်ပြီး နောင်တချိန် အထက်တန်းပြီးလို့(သို့) ဘွဲ့တခုခုရလို့ အင်္ဂလိပ်စာသင်တန်းတွေ ပြန်လိုက်တတ်ရတယ်ဆိုတဲ့ စနစ်ကြီးက ပြန်တွေးကြည့်ရင်တော်တော်ရှက်ဖို့ကောင်းသလို အသက်၅နှစ်သားကတည်းက တနည်းမဟုတ်တနည်းနဲ့ သင်လာခဲ့ရတဲ့ ဒီအင်္ဂလိပ်ဘာသာစကားကြီးနဲ့ ပတ်သက်တာ ဘာတစ်ခုမမှတ်မိတော့ဘူး၊မသိတော့ဘူးဆိုရင်တော့ ဆယ်နှစ်ကျော်လောက်သင်ခဲ့ရတဲ့ ဒီဘာသာစကားထဲက အချက်အလက်တွေက ဘယ်နားရောက်သွားလဲ?

G-11, G-12 အင်္ဂလိပ်စာကိုကျွန်တော်သင်မယ့် ကလေးတစ်ယောက်အတွက်

၁။✅ အင်္ဂလိပ်စာသင်ရိုးကို စာမေးပွဲ(အောင်)ဖို့အတွက်သာလျှင်မဟုတ်ပဲ၊ဒီဘာသာရပ်ကို ဘယ်အသက်ရွယ်ရောက်ရောက် ပိုင်နိုင်နေစေရမယ်။

(၂)✅သင်ရိုးသစ် အင်္ဂလိပ်စာမှာ Speaking & Listening ပါနေတော့ သင်တန်းမှာလက်တွေ့လေ့ကျင့်မှုတွေပါထည့်ပေးထားတော့ တကယ်ကြိုးစားလိုက်နာရင် ကျောင်းစာသင်ယူရင်း အင်္ဂလိပ်စကားကို ကောင်းကောင်းကြီး လွယ်လွယ်ကူကူပြောတတ်သွားရမယ်။

(၃)✅အင်္ဂလိပ်အသံထွက်စစ်စစ်တွေကို နည်းစနစ်တကျ IPA (International Phonetic Alphabets)တွေဖတ်တတ်အောင်သင်ယူရင်း တစ်ဘဝစာလုံးအတွက် နိုင်ငံတကာအဆင့်မီအသံထွက်နည်းကို ကောင်းကောင်းကြီး နားလည်တတ်မြောက်သွားရမယ်။

(၄)✅အင်္ဂလိပ်စာနဲ့ ရေးသားထားတဲ့ ကျန်ဘာသာရပ်တွေဖြစ်တဲ့ သင်္ချာ၊ရူပ၊ဓာတု၊ဇီဝတို့လို ကျက်ရမယ့်အပိုင်းတွေမှာ ဒီဘာသာစကားရဲ့ ဖွဲ့စည်းပုံ၊ဘာသာပြန်ပုံတွေကိုသဘောပေါက်ထားတာမို့ အရမ်းကြီးပင်ပန်းနေတော့မှာမဟုတ်ဘူး။

(၅)✅Grammar , Grammar ဆိုပြီး ကျွန်တော်တို့တုန်းက ဘာတွေ့၊ဘာဖြုတ်၊ဘာကူးစတဲ့ Formula တွေနဲ့ ကျက်မှတ်ပြီး ဝါကျတွေပြုပြင်ပြောင်းလဲ ပြင်ဆင်ရေးသားဖြေဆိုရတဲ့
"Stylistic Transformation"
(Not...only ...But ....Also တို့ Direct - Indirect တို့၊ After....Ving တို့ စတဲ့ ဒီဟာတွေက ဘာလဲဆိုတာကို သီအီရီကျကျ လေ့လာသင်ယူခွင့်ရမယ်။ဒီစကားဆက်တွေသုံးတတ်ချင်းအားဖြင့် စာတွေရှည်အောင်ဘယ်လိုရေးရမယ်။စကားတွေရှည်ရှည်ဝေးဝေး ပြောလို့ရမယ်ဆိုတာတွေ‌ကို နားလည်သဘောပေါက်သွားမယ်။

(၆) ✅ကျွန်တော်တို့ တော်တော်များများ ယုံကြည်ထားတာက English ရဲ့ Tenese 12မျိုးစလုံး တခုချင်းစီ ကျွမ်းကျင်စွာသင်ယူတတ်မြောက်ထားရင်လုံလောက်ပြီလို့ထင်ရင်မှားသွားမယ်။ Essay & Letters တွေရေးဖို့ Tense တခုချင်းကို သိထားရုံ၊နားလည်ထားရုံနဲ့ မရပဲ အပေါ်က နံပါတ်(၅)က နည်းစနစ်တွေကိုသုံးပြီး သင့်တော်ရာ Tenses တွေကို ချိတ်ဆက်ပြီး အဓိပ္ပါယ်ပြေပြစ်တဲ့ စာကြောင်းရှည်တွေရေးလို့ရတယ်၊စကား‌ တွေပြောလို့ရတယ်ဆိုတာ သေချာနားလည်သွားရမယ်။

(၇) ✅English Unit ရှိသမျှ အားလုံးကို အလွတ်ကျက်ခိုင်းတဲ့စနစ်ထက် " Unit တစ်ခုချင်းစီထဲက အင်္ဂ‌လိပ်စာကြောင်း တခုချင်းစီကို၊စာတ‌ ကြောင်းထဲမှာပါနေတဲ့ ဝါကျပိုင်း‌တွေ၊စကားစု‌တွေကိုစနစ်တကျ ဘယ်အပိုင်း ဘယ်နေရာတွေကို အစဉ်လိုက်ဘာသာပြန်ရမလဲ" ဆိုတာကို သေချာနားလည်သဘောပေါက်ထားခြင်းအားဖြင့်အအလွတ်ကျက်ဖို့မလိုအပ်သလို အင်္ဂလိပ်စာကြောင်းတွေရဲ့ တည်ဆောက်ပုံကိုနားလည်လာပြီး ဘာပြီးရင် ဘာလာမယ်ဆိုတာကို စနစ်တကျသိထားတော့ လိုအပ်တဲ့စကားလုံးကို ဖတ်ကြည့်လိုက်တာနဲ့ တန်းသိမယ်။

အပေါ်က အချက်တွေအားလုံးကို နားလည်သဘောပေါက်သွားပြီဆိုတဲ့ ကျောင်းသားဟာ

Essay & Letters တွေကို ကိုယ်တိုင်ဘယ်လိုဆွဲဆောင်မှုရှိစွာရေးရမယ်ဆိုတာ နားလည်သဘောပေါက်သွားမယ်။

ကျောင်းသား အနေနဲ့ပညာသင်နှစ်တစ်ခုလုံးစာ သင်ယူသွားမှ ကျွန်တော့်အနေနဲ့ အပေါ်မှာပြောခဲ့တဲ့ အချက်တွေအားလုံး တတ်မြောက်အောင် သင်ကြားပေးလို့ရမယ်ဆိုတာတော့ မိဘတွေ နားလည်သဘောပေါက်ပြီး စာသင်ချိန် လေ့ကျင့်ချိန်တွေ မပျက်ဖို့ အနီးကပ်ကြီးကြပ်ပေးဖို့မဖြစ်မနေလိုပါမယ်။

✅မြန်မာနိုင်ငံရဲ့ အင်္ဂလိပ်စာသင်ရိုးဟာ နိုင်ငံတကာ အဆင့်မီတယ်ဆိုတာထက်ကို ပိုပါတယ်။စာမေးပွဲဆိုတဲ့ "လိုအပ်ချက်" ကိုပဲ ဖြည့်ဖို့‌လောက်ပဲဖြစ်သလိုသင်ကြားပေးနေကြတဲ့ ဆရာ၊ဆရာမတွေကြောင့်သာ တနှစ်ပြီး တနှစ်သင်ယူလာခဲ့ရတဲ့ ဒီဘာသာစကားဟာ နှစ်စဉ် အသစ်အသစ်ပြန်ဖြစ်နေပြီး အင်္ဂလိပ်စာသင်တန်းပေါင်းသောင်းခြောက်ထောင်လောက်ကို မသေမချင်းတက်နေကြရတာ နားလည်သိမြင်လောက်ပြီထင်ပါတယ်။

✅ကဲ...အဲ့တော့ G-9 to G-12 ကျောင်းသား၊အိမ်မှာရှိတဲ့မိဘတွေအနေနဲ့ ဒီအင်္ဂလိပ်စာကျူရှင်ကို အပ်နှံထားချင်တယ်ဆိုရင်တော့ ကြိုတင်အပ်နှံပြီးစာရင်းပေးလို့ရနေပါပြီ။

သင်တန်းတွေကိုတော့ Grade ပေါ်မူတည်ပြီး မေလ ပထမပါတ်မှာစတင်သင်ကြားသွားပါမယ်။လစဉ်သင်တန်းသားများလက်ခံပေးပါတယ်။

09887788761
09887788762
09887788763
09887788764

တို့ကိုလည်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No. 72-B, 1st Floor, Insein Road, Hledan, Near San Yeik Nyein 6th Street , Kamayut Township
Yangon
11041

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 17:00