Future
#ချစ်သူတယောက်ကိုယ်တွေ့ပြီထင်တယ်
29/04/2024
ထိုင်းနိုင်ငံမသွားခင်သိထားသင်သောအချက်များ
1. Sim Card
တစ်နေရာနဲ့ တစ်နေရာ တစ်ယောက်နဲ့ တစ်ယောက်ဆက်သွယ်ဖို့ ထိုင်းSim Cardတွေကတော မရှိမဖြစ်လိုအပ်တဲ့ထဲမှာပါပါတယ်ရှင်။ Simcard ကို foreigner တွေအတွက်သီးသန့် လေဆိပ်မှာဝယ်လို့ရတဲ့ SimCardမျိုးမဟုတ်ဘဲ ထိုင်းဖုန်းSim card ဝယ္တာက အကောင်းဆုံးပါ။ AIS နဲ့ True Move ကိုတော့ အသုံးများကြပြီး Simcardတွေကို အလြယ္တကူ လမ်းက 7eleven မွာ(သို့) AIS , True Move showroom တွေမှာဝယ်နိုင်ပါတယ်ရှင် ။ ဘယ်မှာပဲဝယ်ဝယ် Simcard တွေ
မှတ်ပုံတင်ရမှာဖြစ်လို့ Passport ယူဆောင်သွားရပါတယ်ရှင်။ Passportမပါရင် လုံးဝမရောင်းပါဘူး။ Passport ပေးပြီးရင် မှတ်ပုံတင်မည့်သူရဲ့faceကို Scanပြီး ရပြီဆို ဆိုင်က ရနိုင်တဲ့Package planတွေပြပါတယ်။ အဲ့ထဲက ကိုယ်အဆင်ပြေတဲ့Package ကိုဝယ်ရင်ရပါပြီနော်။
2.Passport နဲ့ Visa
နောက်တစ်ချက်အနေနဲ့ကတော့ ထိုင်းကိုမသွားခင် Passport နဲ့ Visa ကိုစစ်ဆေးရမှာဖြစ်ပါတယ်ရှင်။ အားလုံးသိထားတဲ့အတိုင်း မြန်မာကနေဆိုရင်တော့ အလည်အပတ်ဆို (14) ရက်အတွင်းဆို Visa မပါပဲ Passport ကိုင်ဆောင်ထားတာနဲ့တင် ရပါတယ်ရှင်။ Passport ကအနည်းဆုံး ကုန်ဆုံးရန်ကျန်ရှိချိန် ၆လအထက်ဖြစ်နေရပါမယ်ရှင်။
3. Money Exchange
Airport မှာဖြစ်နိုင်ရင် ငွေလုံးဝမလဲပါနဲ့ ။
ပြန်ရတဲ့ Rateက တအားနည်းပါတယ်။ အလျှင်လိုရင်တော့ လိုသေလာက္ပမာဏပဲ ထုတ်ထားပြီး ကျန်တာကိုတော့ နာမည်ရှိတဲ့ Money Exchange ဆိုင်တွေမှာလဲသင့်ပါတယ်။ အမ်ားစုကေတာ့ Superrich Thai Exchange နဲ့ Rattana Supply ကေန ငွေလဲရတာ အဆင်ပြေတယ်ပြောပါတယ်။ ဆိုင်ခွဲတော်တော်များများက Mallတွေထဲမှာရှိတတ်ပါတယ်။
ATM တွေလည်းတော်တော်များများရှိပါတယ်
4. Seasons (ရာသီဥတု)
မြန်မာနိုင်ငံလိုပဲ နွေ၊ မိုး၊ ဆောင်း ဆိုပြီး (၃)ရာသီရှိပါတယ်။ အထူးသဖြင့် မိုးရာသီတွေဆို ထိုင်းနိုင်ငံဟာ သြားရလာရတာ အဆင်မပြေလှပါဘူး။ ကားလမ်းမထက်တွေအထိပါ ရေတွေတက်တာ ရွာရင် ဝုန်းဒိုင်းဆိုပြီး ချက်ချင်းရွာတာ၊ ရေအိုင်တာတွေ၊ ရေတွေနဲ့ စိုစွတ်စွတ်ဖြစ်ရတဲ့ထဲ Traffic ကြောင့် လမ်းတွေပိတ်တာ စတာတွေကြောင့် ထိုင်းရောက်လို့ လှလှလေးဝတ်ပြီး ဘန်ကောက်ရဲ့ အသက်ဖြစ်တဲ့ မုန့်စျေးတန်းတွေ ၊ ရှုခင်းလှလှလေးတွေကို လျှောက်လည်မယ်ဆို မိုးရာသီဟာ အဆင်မပြေဆုံး ရာသီဥတုဖြစ်ပါတယ်။ ဒါကြောင့် ပထမဆုံး ထိုင်းကို လာရောက်လည်ပတ်မယ်ဆို ရာသီဥတုကို အဓိကထားပြီး စဉ်းစားရပါမယ်ရှင်။
ထိုင်းနိုင်ငံရှိရာသီဥတုများအနေနဲ့
နွေရာသီ- မတ္လ ၊ဧပြီလ ၊ မေလ
မိုးရာသီ -ဇြန္လ၊ ဇူလိုင်လ၊ ဩဂုတ်၊ စက်တင်ဘာလ၊အောက်တိုဘာလ
ဆောင်းရာသီ-နိုဝင်ဘာလ၊ဒီဇင်ဘာလ၊ဇန်နဝါရီလ၊ဖေဖော်ဝါရီလတို့ပဲဖြစ်ပါတယ်ရှင်။
5. နာမည်ကြီးပွဲတော်များ
နာမည်ကြီး ပွဲတော်များ ကျင်းပတဲ့ ရက်တွေနဲ့ နေရာတွေကို တစ်စုတစည်းတည်းဖော်ပြရရင်
Chaung Mai ပန်းပွဲတော် (2-4February)
တရုတ်နှစ်ကူး (Feb လထဲ)
သင်္ကြန်ပွဲတော် (13-15 April)
သရဲပွဲတော် (23-25June)
သပ်သပ်လွတ်ပွဲတော် (3-10 October) အဲ့အချိန်ဆို Shopping Mallတိုင်းသက်သက်လွတ်ပဲရောင်းကြပါတယ်။
မီးမျှောပွဲ (15Nov)
6. သွားလာရေးအတွက် အသုံးပြုရမည့် App မ်ား
Indrive - https://bit.ly/3J93dZZ
Bolt - https://bit.ly/3Uaj8gU
Grab - https://bit.ly/3xA2LRY
Via bus - https://bit.ly/3Qhfobt
Bangkok MRT & BTS Metro Guide - https://bit.ly/4cKktCt
အျခား မရှိမဖြစ် သုံးသင့်တဲ့ App မ်ား
Hotel ငွါးဖို့ဆို Agoda - https://bit.ly/3J8oSBN
အိမ်ပြောင်းဖို့ဆို Lala Move App - https://bit.ly/3VNDpdy
အိမ္ငွါးဖို့ဆို Renthub - https://bit.ly/3PUxgst
Online Shopဆို Lazada - https://bit.ly/3TXJDFo
#ထိုင်း
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
11182