Vita Store

Vita Store

Share

01/09/2022

အဆိပ်အတောက် ပြေစေဖို့ Alkaline Water 💦

💧ကျွန်တော်တို့ သောက်သုံးနေတဲ့ သန့်စင်ပြီးသားသောက်သုံးရေဟာ pH 7 ရှိပါတယ် ။ အခု ပြောပြပေးမယ့် Alkaline water ကတော့ pH 8 နှင့် 9 ကြားရှိသည့်အတွက် ခန္ဓာကိုယ်အတွင်းက ပိုနေတဲ့ အက်စစ်ဓာတ်တွေကို ဓာတ်ပြယ်သွားစေတဲ့ ဂုဏ်သတ္တိရှိပါတယ် ။

💧Alkaline water ကို ရေ တစ်လီတာ တွင် သံပုရာစိတ် ၅-၆ စိတ် ၊ သခွါးသီးစိတ် ၅-၆ စိတ် ၊ ဂျင်းစိတ် ၃-၄ စိတ်တို့ဖြင့် ရောစပ်ကာ ၈-၉ နာရီ ကြာစိမ်ထားခြင်းဖြင့် ဖျော်စပ်နိုင်ပါတယ် ။🍋🥒

💧Alkaline water ကို အစာမစားခင် မိနစ် ၃၀ အလို နှင့် အစာစားပြီး ၁-၂ နာရီ နောက်ပိုင်း တွင် သောက်သုံးပေးတာ အသင့်လျော်ဆုံးဖြစ်ပါတယ် ။ Alkaline water ကို တစ်နေ့ ၃-၄ ကြိမ်သောက်သုံးပေးခြင်းဖြင့် ဘယ်လို အကျိုးကျေးဇူးတွေရမလဲဆိုတာ ဆက်ကြည့်ကြမယ်နော် ။

(၁)အူလမ်းကြောင်းတစ်လျှောက်သန့်စင်ပေးခြင်း
(၂)ကိုယ်ခံစွမ်းအားမြင့်မားစေခြင်း
(၃)အသားအရည်ကို ရေဓာတ်ဖြည့်ပေးခြင်း
(၄)အဆိပ်အတောက်များ ဖယ်ရှားပေးခြင်း
(၅)ကိုယ်အလေးချိန်လျော့ကျစေခြင်း
(၆)အိုမင်းရင့်ရော်မှုကို လျော့နည်းစေခြင်း
(၇)ကင်ဆာရောဂါကို ခုခံနိုင်ခြင်း

⚠️သတိပြုရန်အနေနဲ့ Alkaline water သောက်သုံးရန် မသင့်လျော်သူများကိုလည်း ဖော်ပြပေးလိုက်ပါတယ် ။

👉🏻အသက်(၆၀)နှင့်အထက် အသက်အရွယ်ရှိသူ
👉🏻နှလုံးရောဂါအခံရှိသူ
👉🏻အရိုးအဆစ်ရောဂါရှိသူ
👉🏻ကျောက်ကပ်အားနည်းသူ
👉🏻ရေဓာတ်အလွန်ခမ်းခြောက်နေသူ
👉🏻ကျောက်ကပ်ရောဂါဆေးဝါးများသောက်သုံးနေသူ တို့သည် pH 7 ရှိ ရိုးရိုးသောက်သုံးရေသာ သောက်သုံးသင့်ပါတယ် ။

Alkaline water ကို အလွန်အကျွံသောက်သုံးမိပါကလည်း ခန္ဓာကိုယ်တွင် လိုအပ်သည်ထပ်ပို၍ Alkali ဓာတ်များလာကာ Alkalosis ဟုခေါ်သောအခြေအနေတစ်ခုကိုရောက်ရှိနိုင်ပြီး ပျို့ခြင်း ၊ အန်ခြင်း ၊ လက်ကတုန်ကယင်ဖြစ်ခြင်း ၊ အသိဥာဏ်ဝေဝါးခြင်း ၊ အရေပြားယားယံခြင်းတို့ဖြစ်နိုင်ပါတယ် ။ ဒါကြောင့် ရေဖန်ခွက် (၈) ခွက် မှ အများဆုံး (၁၂) ခွက်သာ စိတ်ချရသော အတိုင်းအတာဖြစ်ပါတယ် ။

----------------------------------
ကျန်းမာသောလူနေမှုဘဝအတွက် မဖြစ်မနေလိုအပ်မည့် အသိပညာဗဟုသုတများကို မျှဝေပေးနိုင်ရန် ရည်ရွယ်၍ Ziwa Vita (ဇီဝဗီတ) ကိုဆရာဝန်လူငယ်များနှင့်ပညာရှင်အချို့ ပူးပေါင်းတည်ထောင်ခဲ့ပါသည်။ Ziwa Vita (ဇီဝဗီတ) မှတင်ဆက်ပြီးသော ကျန်းမာရေးဆောင်းပါးများနှင့် အသစ်အသစ်သော ဆောင်းပါးများကို https://ziwa-vita.com တွင်ဝင်ရောက်လေ့လာဖတ်ရှူနိုင်ပါသည်။

▶️Like and follow us on Facebook & Instagram.
Facebook link- https://www.facebook.com/ziwavita/
Instagram link- https://www.instagram.com/ziwavita/

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon