G - 7 Academy
12/08/2023
အလုပ်ရှာနေပါသလား? မိတ်ဆွေ
ခုလိုအလုပ်အကိုင်တွေရှားပါးနေချိန်မှာ
သင်တန်းပီတာနဲ့အလုပ်တန်းခန့်ပေး
နေသည့်G -7 Academy ရဲ့ ဆံပင်ညှပ်သင်တန်းလေးကိုလေ့လာကြည့်ဖို့အကြံပေးပါရစေ...
1.10.2023 တန်းခွဲအတွက်စာရင်းသွင်း
နိုင်ပါပြီး......
ဆံပင်ပိုင်ဘာသာစုံကိုကျွမ်းကျင်ပိုင်နိုင်စွာ
ပြုလုပ်နိုင်ရန်သင်ကြားပေးမဲ့
Professional Hair Stylists သင်တန်းကို
မတက်လျှင်သင်တန်းကြေးပြန်ထုတ်ပေးသည့်အားမခံသင်တန်း စမှာမို့
ဆံပင်အလှအပပိုင်ကိုစိတ်ဝင်စားတဲ့မိတ်ဆွေတွေအတွက် ဖိတ်ခေါ်လိုက်ပါရစေ
သင်တန်ကြေး
အမျိုးသားဘာသာစုံ........... 5 သိန်းကျပ်
အမျိုးသမီးဘာသာစုံ ......... 5 သိန်းကျပ်
အမျိုးသား/အမျိုးသမီး
ဘာသာစုံ.............................7 သိန်းကျပ်
သင်တန်းကာလ ..................6 လ
သင်တန်းသား/သူများ
အဆောင်အခမဲ့နေ့ခွင့်ရရှိပါမည်
သင်တန်းဆင်တာနှင့်အလုပ်တန်းခန့်မည်
G - 7 Academy
No.4/9 P moe nie Rd
Hlaing tharyar Townsh*t;Yangon
09886220827
02/05/2023
ယခုလာမဲ့ ညောင်ရေသွန်းပွဲတော်မှာ
အောင်မြင်တိုးတက်ဖို့အတွက်ပြုဖွယ်ရာ
အောင်သပြေ
ညောင်ရေလောင်း၍
အောင်တော်မူနေ့မှာ
အောင်ဂါထာရွတ်
ဆိုကာ အောင်ဆုကိုတောင်း
အခုလာမယ့်မေလ(၃) ရက် ကဆုန်လပြည့်နေ့ကအောင်ဓာတ်တွေအပြည့်ကိန်းနေတဲ့
နေ့ထူးလို့ သတိပေးပါရစေ -
ကဆုန်လပြည့်နေ့ တစ်နှစ်တစ်ရက်
ရှိနေပေမယ့် ကဆုန်လပြည့် နေ့ချင်း
တူပေမယ့် မတူတဲ့ အချက်တွေ
အများကြီးရှိတယ် ဗျ
ကဆုန်လပြည့်နေ့ ဖြစ်မယ်
သောကြာနေ့ နဲ့ကြုံမယ်ဆို
`` ဖွား ‘’
ဆိုတဲ့ မြတ်စွာဘုရားအလောင်း
ကိုဖွားမြင့်ခဲ့တဲ့ နေ့ရက် တိုက်
ဆိုင်လို့ လောကီအသုံးအရ
`` အကြပ်အတည်းက လွန်
မြောက်စေ တတ်တဲ့ သတ္တိ
တွေ ပေးစွမ်းတတ်တယ် ‘’
အကယ်၍ ကဆုန်လပြည့်နေ့
ဟာ အင်္ဂါနေ့ ဖြစ်ခဲ့မယ်ဆို-
`` စံ’’
ပရိနိဗ္ဗာန်စံတော်မူတဲ့နေ့ရက်
တိုက်ဆိုင်တာမို့ -
`` သတ္တိက တစ်မျိုးပေးစွမ်း
ပါတယ် ။ မပြီးပြတ်တဲ့ကိစ္စ
တွေ ဒီနေ့မှာ ပြီးပြတ်စေတဲ့
သတ္တိ တွေရှိပါတယ် ‘’
အခု ကဆုန်လပြည့်နေ့က
ဗုဒ္ဓဟူးနေ့ ဆိုတော့ -
`` ပွင့် ‘’
တဲ့နေ့ ။ မာန်နတ်သားကိုအောင်
တော်မူပြီး ဘုရားဖြစ်တဲ့နေ့ရက်
မို့ -
`` အောင်တော်မူ ‘’
နေ့ လို့ ပြောတာ ။ ဒီလိုနေ့ထူးနေ့
မြတ်မှာ ဘဝတိုးတက်အောင်မြင်
စေမယ့် သတ္တိတွေ နိမိတ်ကောင်း
တွေရှိနေတဲ့ နေ့မို့ -
နံနက် စောစော လေးထ ပြီး
အောက်ပါ အောင်ဂါထာကို
အနည်းဆုံး -
(၃၅) ခေါက် ရွတ် ။နံနက် (၅)နာရီမှ (၇) ခွဲအ
တွင်း -
`` သပြေ ၁၁ ညွှန့် ‘’
နေအိမ်ဘုရား သို့မဟုတ် တနင်္ဂ
နွေ ဂြိုဟ်တိုင်ထောင့်ဘုရားအိုး
တွင်လှူ အောက်ပါ အောင်ဂါထာ
ကို (၃၅) ခေါက်ဖြစ်စေ သက်စေ့
ဖြစ်စေ ၁၀၈ ခေါက်ဖြစ်စေရွတ်—
ပြီးသည်နှင့် —
ညောင်ပင်တစ်ပင်ရဲ့
အရှေ့အရပ်ဘက်ကနေ ရေ(၈)ခွက်
သပ္ပာယ် လိုက် -
`` သင့် ဘဝတိုးတက်အောင်မြင်မှု့
အတွက် အထောက်ပံ့ကောင်းတွေ
ရမှာဖြစ်ပါတယ် ‘’
''အောင်ဂါထာ''
ဇယန္တော ဗောဓိယာ မူလေ
သကျာနံ နန္ဒိဝန်တနော( ပါဌ်ဆင့်ရိုက်မရ၍)
ဧဝမေဝ ဇယျော ဟောတု
ဇယတ်သု ဇယမဂ်လေ
Crd-ဆရာ Dr.ရဲဇော်(ဇီးကုန်း)
15/03/2023
Good Service ( Professional Stylist )
***Service က ယုံကြည်မှု၊ ချစ်မြတ်နိုးမှုနဲ့
စိတ်အားထက်သန်မှုတွေ ပေါင်းစည်းထားတာဆိုတော့
Feel မလာရင် အားပေးဖို့မဖြစ်နိုင်ဘူုးဗျ...
ဧည့်သည့်ရဲ့ စကားကို သေချာနားထောင်တာ ကိုယ့်ကိုပိုပြီး
ယုံကြည်မှုရှိစေပါတယ် နားထောင်တယ်ဆိုတာ နားလည်ဖို့ပါ။
ခွန်းတုံ့ပြန်ဖို့ မဟုတ်ပါဘူး။ ဧည့်သည်တွေရဲ့ ကွယ်ဝှက်ထားတဲ့ အခက်အခဲတွေကို သေချာနားလည် ဖြေရှင်းနိုင်ဖို့ သေချာနားထောင်တတ်ရမယ်။ ဘာကိုဆိုလိုလဲဆိုတာကို ငါ့ဘယ်လိုပြန်ပြောရမလဲဘဲ ဦးစားပေးစဉ်းစားနေရင်၊ အဲဒီအတိုင်းပဲ ကိုယ်ပြောချင်တာပြောရင် သေချာပါတယ် ဧည့်သည်ကို Service ပေးဖို့ ခက်ပါမယ်။ ငါဖြည့်ပြောမှ ငါ့ကိုအထင်ကြီးမှာ၊ လိုရာကို မြန်မြန်လေးပြောမှ Services တွေအကြောင်း ကုန်အောင်ပြောနိုင်မှာ ဆိုရင်Listening Skills တော်တော်အားနည်းလို့ပါ...
***နားထောင်နေရင်းဘာပြောမယ်ဆိုတာထက် မေးခွန်းမေးတတ်ဖို့ လိုပါတယ်။ နားထောင်နေကြောင်းပြပြီး တကယ်နားလည်ဖို့ တစ်ခုတည်းသောနည်းက မေးခွန်းမေးတတ်ခြင်းပါပဲ။ မရှင်းတာကို ပြန်မေး။ ကိုယ်ပိုင်ဟန်နဲ့ ဟုတ်မဟုတ်ပြန်ပြောကြည့် လုပ်ရပါမယ်။ ဧည့်သည်က သူတကယ်ကို နားလည်တာပဲ ငါ့နဲ့လည်း ကိုက်တယ် ဆိုပြီး ယုံကြည်မှုကိုလည်း တိုးစေပါမယ်...
ဧည့်သည် က မေးခွန်းမေးရင် ချက်ချင်းဖြေစရာ မလိုပါဘူး။ ခဏလေးစောင့်ပြီး ဧည့်သည် ရဲ့ ယူဆချက်ကို
သေချာအောင် နားလည်ပြီးမှ ဖြေမလား
ပြန်မေးမလားဆိုတာ သိနိုင်မှာပါ မလောပါနဲ့...
နောက်တစ်ခုက 'Listening Skills' ဆိုတာ 'Body Language' ကိုလည်း တချိန်တည်းမှာ အကဲခတ်လေ့လာနေရပါတယ်။ မျက်လုံးတွေက ဘယ်လိုတွေ လှုပ်ရှားသွားလဲ၊ ရှေ့ကို ကိုင်းလာလား၊ နောက်ကို ယိုင်းသွားလား၊ လက်ပိုက်ထားလား၊ သက်ပြင်းချလား၊ နာရီကြည့်လား စသဖြင့် သိနေရမယ်။ ဧည့်သည် က ကိုနဲ့တကယ် Engage ဖြစ်မဖြစ် သိနေမှ good Service ဖြစ်မှာပါ...
***မလုပ်သင့်တာက ဟုတ်ကဲ့ အစ်ကိုအစ်မပြောတာ ကျွန်တော် အကုန်သိပါတယ်ဆိုတာမျိုး၊ ဖြတ်ပြောရအုံးဆိုတာမျိုး၊ ပိုဆိုးတာက ဖြတ်ပြောတာမဟုတ်ဘူးနော်ဆိုပြီး ပြောတာမျိုး၊ သူလည်းပြောပြီးရော အရမ်းကောင်းပါတယ် "ဒါပေမယ့်" လို့ပြောရင် သွားပြီ...
***ဧည့်သည် တွေရဲ့ ဖုံကွယ်နေတဲ့အလှကိုမြင်တက် ပါ***
ဧည့်သည်တွေရဲ့ ကွယ်ဝှက်ထားတဲ့
တကယ့်အလှကို သေချာမြင်တက်ရပါမယ်။
ဘာလို့လဲဆိုတော့ ကိုယ့်စီက services တွေကို
လုပ်ဖို့်ဆိုတာ သူတို့ရဲ့ အလှတွေပိုပေါ်လွင်ချင်လို့ပါ
မလှပဲ ပိုဆိုးမယ်ဆိုရင် အားပေးဖို့မဖြစ်နိုင်ပါဘူး
အနာသိမှ ဆေးရှိ ဆိုသလို ဧည့်သည်တွေရဲ့ တကယ့်အလှကိုသိပြီး
ဖြေရှင်းနိုင်တယ်ဆိုရင် ကိုယ့်ဟာ ဧည့်သည်ရဲ့ ယုံကြည်ရတဲ့
Stylists တစ်ယောက်ဖြစ်မှာပါ...
*** ယုံကြည်စိတ်ချရတဲ့၊ ဂုဏ်ယူရတဲ့၊ အရည်အသွေးပြည့်မှီတဲ့ Stylist တစ်ယောက်အဖြစ်ရပ်တည်ပါ...
သင်ဆရာ ကြားဆရာ မြင်ဆရာအားလုံးအား အစဉ်လေးစားလျှက်
G - 7
Hair & Beauty Academy
Yangon Myanmar
Click here to claim your Sponsored Listing.
Category
Website
Address
Yangon