Smile Excel Learning
16/07/2026
One on One Class လေးတွေကို သီးသန့် မကြော်ငြာဖြစ်ခဲ့ပေမယ့် Group Class မှာ တက်ဖို့ မေးရင်းနဲ့ပဲ တစ်ယောက်ချင်းစီ တက်ဖြစ်သွားကြလို့ ရုံးချိန်လွတ် ညနေပိုင်း အချိန် အားလုံးက Fully Booked ဖြစ်သွားပါပြီရှင် 😊
ဒါကြောင့် နောက်ထပ် One on One တက်ရောက်ချင်တဲ့သူတွေအတွက် ( ၈ ) လပိုင်း (August) မှပဲ ပြန်လက်ခံလို့ရတော့မယ်လို့ မျက်နှာပူပူနဲ့ လာပြောတာ 🙆♀️
တကယ်လို့ ( ၈ ) လပိုင်းထဲမှာ တက်ဖို့ စိတ်ကူးထားတာရှိရင်တော့ ကိုယ်လိုချင်တဲ့ အချိန်လေး ရအောင် အခုကတည်းက ကြိုပြီး လာညှိပေးနော် ⏰️
Smile Excel Learning ကို ယုံကြည်ပေးတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပြီး ချစ်လဲချစ်ပါတယ်ရှင်💖
11/07/2026
ဒီ Position နဲ့ လုပ်ဖူးသူဆိုရင်တော့ ကောင်းကောင်းသိနိုင်ပေမယ့်၊ တချို့ မလုပ်ဖူးသေးသူတွေအတွက် Smile သိသလောက် မျှဝေပေးခြင်းပါ 🥰
🟢 မြင်သာအောင် ပြောရမယ်ဆိုရင်တော့ Compliance Officer ဆိုတာ "စည်းကမ်းထိန်းသိမ်းရေး" အလုပ်ပါပဲ
တချို့ကျတော့လည်း အခုလိုမျိုး တူညီတဲ့အလုပ်တွေကို လုပ်နေရပေမယ့် ကိုယ့်ကို ပေးထားတဲ့ Position နာမည်က လက်ရှိလုပ်နေတာနဲ့ ကိုက်ညီမနေဘဲ "ငါ ဘယ် Position ထဲမှာ ပါနေတာလဲ" ဆိုတာမျိုး ကိုယ်တိုင် မသဲကွဲဖြစ်ပြီး၊ ဒီအလုပ်ခေါ်စာက ကိုယ်နဲ့ မကိုက်ညီဘူးလို့ ထင်နေတတ်ကြမှာစိုးလို့ပါ
■ Smile လက်လှမ်းမီသလောက် ပြောရရင်တော့ ဒီ JD အရ Compliance Officer ဟာ ကုမ္ပဏီတွင်းတင်မကဘဲ ပြင်ပက မြန်မာနိုင်ငံတော်ဗဟိုဘဏ် (CBM) နဲ့ ကုမ္ပဏီကြားမှာ တရားဝင် ပေါင်းကူးတံတား (Liaison) အဖြစ်ပါ လုပ်ရမှာ ဖြစ်ပါတယ်။ ဗဟိုဘဏ်က ခေါ်တဲ့ အစည်းအဝေးတွေ၊ သင်တန်းတွေတက်ပြီး ကုမ္ပဏီဘက်က ဥပဒေအတိုင်း တကယ်လုပ်နေကြောင်း အစီရင်ခံစာ (Daily/Weekly/Monthly Reports) တွေ ပေးပို့ရမယ့် အဓိကလူ ဖြစ်ပါတယ်
အသေးစိတ် ဖတ်နိုင်မယ့် JD & JR ကိုတော့ Comment မှာ ထည့်ထားပေးမယ်နော်
လျှောက်လို့ရမယ့် Conatct နဲ့ Company အကြောင်းကိုလည်း Comment မှာ ထည့်ပေးထားပါမယ်ရှင် 🥰
အားလုံးပဲ အဆင်ပြေကြပါစေ 🩵
#ချစ်ခြင်းများစွာဖြင့်
09/07/2026
လကုန်လို့မှ တီချယ်ရေ Skin Care ဝယ်လိုက်လို့ , သူငယ်ချင်းတွေနဲ့ သွား ပျော်လိုက်လို့ ဆိုပီး မရှိတော့ဘူး ပြောလို့ကတော့ တွေ့မယ်ကြည့် အကုန်လုံးကို ချိန်းပီး မုန့်၀ယ်ကျွေးပစ်မှာ 😏
အမှန်တော့ အခု ဇူလိုင် ၁၂ ရက်နေ့မှာ အတန်းသစ် ဖွင့်ဖို့ ကြေညာထားတာ အားလုံး အသိပဲနော်
ဒါပေမဲ့လေ Chatbox မှာ တီချယ်ရေ... လလယ်ကြီးမို့ လစာမထုတ်ရသေးဘူး၊ လကုန်မှ ဖွင့်ပါလားလို့ လာပြောနေကြလို့ 😁
အတန်းကို အားလုံး လစာထုတ်ပြီး လကုန် August ( 1 ) ရက်နေ့ ကျမှပဲ စဖွင့်ပါတော့မယ်။
Pin Post မှာလည်း ပြန်ပြင်ပေးထားမယ်နော် 🩵
အပ်ဖို့ ကျန်သေးတဲ့သူတွေလည်း အခုကတည်းက ကြိုပြီး စာရင်းပေးထားလို့ ရပြီနော်...
အခုကစပြီး လကုန်အထိ အေးအေးဆေးဆေး စာရင်းပေးသွင်းလို့ ရပြီမို့လို့ Messenger မှာ အမြန်ဆုံး Hi လိုက်တော့နော်။ ❤️
#တီချယ်နဲ့သင်တန်းသားများ
#လစာထုတ်ရက်မျှော်သူများအတွက်
#ချစ်ခြင်းများစွာဖြင့်
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Yangon