BM Online Store - Three
18/09/2020
ရိုမက်တစ်ဆန်မှ အချစ် စစ်တာလား..?
ဖေ့ဘုတ်စ်တွေခေတ်စားလာတဲ့ နောက်ပိုင်းမှာ
Suprise လုပ်တာတွေကို Live ရိုက်ပြတာတွေ၊ TV Program တွေမှာ အပြင်လောကက ကြည်နူးစရာ ချိန်းတွေ့မှုတွေကို လိုက်ရိုက်ပြတာတွေ၊ Disney ထဲက မင်းသမီးတွေအကြောင်း ရိုက်ပြတာတွေက “မြင်မြင်ချင်း ချစ်သွားတယ်” တို့ ၊ “အချစ်စစ်မှန်ရင် အတားအဆီးတွေကို ကျော်နိုင်ရမယ်” တို့ “မင်းသားလေးနဲ့ မင်းသမီးလေးတို့ ပျော်ရွှင်စွာ ပေါင်းဖက်ကြလေသတည်း” တို့ စတဲ့ ယဉ်ကျေးမှုကို တစ်ဖြေးဖြေး ရိုက်သွင်းပေးလာပါတယ် ဒါပေမဲ့လည်း ဒီလို ရိုမက်တစ်ဆန်တာလေးတွေက အားကျစရာလို့ အများက မြင်ကျပေမဲ့ သူ့ရဲ့ တဒင်ဂ ကြည်နူးမှုတွေက မမြင်နိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ရိုက်ခေတ်မှုတွေကိုလည်း သယ်ဆောင်လာပါတယ်။
ရိုမက်တစ်ဆန်တာများလေကိုယ့်လက်တွဲဖော်က ကိုယ့်အပေါ်မျှော်လင့်ချက်ပိုများလေဖြစ်လာပါတယ် ဒါကနှစ်ဦးသားမှာ ပိုမိုခိုင်မြဲလာတယ်လို့ ထင်စရာရှိပေမဲ့ လည်း ဘယ်လိုလူဘဲဖြစ်ဖြစ် အမြဲတမ်းကြီး ပြည့် စုံနေဖို့ ဆိုတာ မလွယ်တဲ့အတွက် ဒီလိုအပြုအမှုမျိုးကို လိုအပ်တာထက်ပိုလုပ်မယ်ဆိုရင် အတိမ်းအစောင်းမခံနိုင်တဲ့ အခြေအနေကို ဦးတည်လာနိုင်ပါတယ်။
ဒါကြောင့်တနည်းအားဖြင့်ပြောရမယ်ဆိုရင် ဒီလိုအပြုအမှုမျိုးဟာ လိုအပ်တာထပ်ပိုလုပ်မယ်ဆိုရင် ချစ်သူနှစ်ဦးကြားက ရင်းနှီးမှုကို ကိုယ်တိုင် မသိဘဲ ဖျက်စီးသလိုမျိုး ဖြစ်လာတတ်ပါတယ်
ချစ်စခင်စမှာတော့ သေချာဂရုစိုက်နိုင်ပေမဲ့ နှစ်ယောက်လုံးရဲ့ အနာဂတ်အတွက် ပြင်ဆင်လာကြတဲ့ အချိန်ကြရင်တော့ အရင်လိုမျိုး ဂရုစိုက်တာတွေကို ထင်သလောက်မလုပ်လာနိုင်ခဲ့ လိုရှိရင် သူငါကို မချစ်တော့ဘူးလားဆိုပြီး အပြစ်မြင်လာနိုင်သလို အထင်ခံရတဲ့ သူကလည်း ဒါလေးတောင် နားလည်မပေးနိုင်ဘူးလားဆိုပြီး ဖြစ်လာနိုင်ပါတယ်။
လေ့လာမှုတွေအရတော့ရိုမက်တစ်ဆန်တာကို မှနှစ်သက်တဲ့ သူတွေရဲ့ အချစ်ရေးဟာ အစပိုင်းတော့ သာယာတတ်ကြပေမဲ့ အဖျားရှုးသွားတာက များပါတယ် ဒါကြောင့် ကိုယ်ချစ်သူကို လိုအပ်တာထက်ပိုပြီး ရိုဆန်ချစ်တဲ့ ကိုကို မမ တွေအတွက်တော့ ချောကလက်ဆိုတာ လူတိုင်းကြိုတဲ့ဆိုပေမဲ့ များများစားရင် တော့ ချောင်းဆိုးတတ်တယ်ဆိုတာလေးကို သတိပြုစေချင်ပါတယ်။
ိုြ
ဆေးပညာဗဟုသုတ
များနှင့်အိမ်ထောင်ရေးသုခဆေးဝါးများသိရှိနေစေရန်
( Like )လုပ်ခြင်း( Share )ပေးခြင်း ပြုလုပ်ပေးပါရန်
( BM Online-Three )မှသတင်းကောင်းပါးအပ်ပါသည်။
06/02/2019
ယောကျာင်္းလေးတွေ ချစ်သူနဲ့
ချိန်းမယ်ဆို သိထားသင့်တဲ့ အချက်( ၅ )ချက်
( ၁ ) ချိန်းတွေ့ မယ်ဆို လူကိုယ်တိုင် (သို့ ) ဖုန်းဖြင့်
ချိန်းပါယောကျာင်္းလေးတစ်ယောက်အနေနဲ့ ကိုယ့်
ချစ်သူကိုချိန်းတော့မယ်ဆိုရင်လူကိုယ်တိုင်မချိန်းနိုင်
ခဲ့ရင်တောင် ဖုန်းဆက်ပြီး ချိန်းသင့်ပါတယ် အထူးသဖြင့် တော့ ပထမဆုံး တွေ့တဲ့ အခေါက်ကိုတော့ ဒီအချက်ကို လုံးဝလိုက်နာသင့်ပါတယ် ဒါဟာ ယောကျာင်္လေးတစ်ယောက်ရဲ့ မိန်းကလေးအပေါ်အလေးထားမှု၊ ဦးစီးဦးဆောင်လုပ်နိုင်မှုတွေ နဲ့ အများကြီးသက်ဆိုင်နေလို့ပါ
( ၂ ) အွန်လိုင်းကနေတွေ့တဲ့ ချစ်သူကို အပြင်မှာ လူချင်းတွေ့ ဖို့ အရမ်းမလောပါနဲ့
မိန်းကလေးတော်တော်များများ အတွက်တော့ အွန်လိုင်းမှာတွေ့ တဲ့ သူတွေနဲ့ အပြင်မှာတွေ့ ဖို့ အတွက်ဆိုရင် စိုးရိမ်းစိတ် နှင့် အကောင်းအဆိုး မသေချာဘဲ အရဲစွန့် သလို ဖြစ်တဲ့ စိတ်တွေ ရှိတတ်ကြပါတယ် ဒါကြောင့် အွန်လိုင်းမှာ တွေ့တဲ့ ချစ်သူကို အပြင်မှာ လူချင်းတွေ့ ဖို့ဆို ဖုန်း ( သို့ ) ဗီဒီယို ချက် ကဘဲဖြစ်ဖြစ် ရင်းနှီးပြီး သူမကို ကိုယ်နဲ့ အပြင်မှာ တွေ့ ဖို့ ရင်းနှီးအောင်အရင်လုပ်ပြီးမှ တွေ့တာမျိုးကပိုသင့်တော်ပါတယ်။
( ၃ ) အမြဲတမ်းဦးဆောင်ပါ
ဖုန်းထဲမှာဖြစ်ဖြစ် ဖေ့စ်ဘုတ်ပေါ်ကဘဲဖြစ်ဖြစ် နှစ်ယောက်တွေ့ ဖို့ အတွက် ချိန်းဖို့အတွက် ချိန်းဖို့နေရာအကြာင်းပြောပြော၊ ဘယ်ရုပ်ရှင်ကြည့်မလဲဆိုတာကို ဘဲပြောပြော အကြောင်းရာတစ်ခုကို တိုင်ပင်နေပြီဆိုရင် ကိုယ်က အရင် အကြံပြုချက်ကို ပေးနိုင်ပါစေ ကိုယ်ကအရင်ပြောတယ်ဆိုပေမဲ့ လည်း ကိုယ်လုပ်ချင်တာဘဲ လုပ်တာမျိုးမဟုတ်ဘဲ တိုင်တိုင်ပင်ပင်လုပ်တဲ့ ပုံစံမျိုးတော့ ဖြစ်ဖို့ လိုပါတယ်။
( ၄ ) ပထမဆုံးတွေ့တဲ့ အချိန်တွေကို လူစည်တဲ့ နေရာမျိုးတွေမှာတွေ့ပါ
ပထမဆုံး ချိန်းတွေတဲ့ အချိန်တွေကို နှစ်ယောက်ထဲရှိမဲ့နေရာမျိုးတွေကို မသွားဘဲ လူများများရှိတဲ့နေရာ မှာသူ့ ကို အခွင်ရေးမယူဘဲ ပိုမိုရင်းနှီးအောင်လုပ်ရင်းနဲ့ သူမကိုယ်သူမ လုံခြုံအောင် ခံစားမှုပေးတာက နှစ်ယောက်သားရင်းနှီမှု ကို ပိုမိုခိုင်မာစေပါတယ်။
( ၅ ) ချိန်းတဲ့နေ့ ရောက်ရင်
သူမဆီဖုန်းဆက်ပြီး အတည်ပြုပါ
ချိန်းတဲ့နေ့ကို ရောက်ရင် သူမဆီကို ဖုန်းဆက်ပြီး သူမအတွက် အဆင်ပြေမပြေမေးရင်း ဒီနေ့တွေ့မယ်ဆိုတာကို အတည်ပြုတာက သူမရဲ့ ကိုယ်ရေးကိုယ်တာကို အလေးနက်ထားတယ်ဆိုတာပေါ်လွင်ပြီး သူမကို ကိုယ်က ဂရုစိုက်တာကိုလည်း ပေါ်လွင်စေပါတယ်။
ိုြ
ဆေးပညာဗဟုသုတ
များနှင့်အိမ်ထောင်ရေးသုခဆေးဝါးများသိရှိနေစေရန်
( Like )လုပ်ခြင်း( Share )ပေးခြင်း ပြုလုပ်ပေးပါရန်
( BM Online-Three )မှသတင်းကောင်းပါးအပ်ပါသည်။
Click here to claim your Sponsored Listing.
Telephone
Website
Address
Yan Gon