Primo Learning Center

Primo Learning Center

Share

Photos from Primo Learning Center's post 12/03/2023

နိုင်ငံတိုင်းမှာ သူ့နိုင်ငံနဲ့ကိုက်ညီမယ့် ပညာရေးစနစ်ကို ပြဌာန်းထားကြပါတယ်။ နိုင်ငံရဲ့ လူသားအရင်းအမြစ်၊ နိုင်ငံရဲ့ အခြေခံအဆောက်အအုံ၊ ကလေးတွေရဲ့ ဘက်စုံဖွံ့ဖြိုးမှု၊ ရေရှည်စီမံချက်တွေနဲ့ အများကြီးနဲ့တွက်ဆပြီးမှ အသင့်တော်ဆုံးဖြစ်နိုင်တာကို သတ်မှတ်ထားကြတာပေါ့။

ကျမတို့နိုင်ငံရဲ့ သင်ရိုးညွှန်းတမ်းတွေကိုလည်း သေချာလေ့လာကြည့်ရင် အဆင့်မနိမ့်တာကိုတွေ့ရပါမယ်။ ဒါကြောင့်လည်း ဒီနိုင်ငံက ကလေးတွေအထက်တန်းအဆင့်ပြီးဆုံးတဲ့အခါ နိုင်ငံတကာကျောင်းတွေက လက်ခံကြတာပေါ့။ သို့သော်လည်း...

မြန်မာ့ပညာရေးစနစ်အတိုင်း တက်ခဲ့တဲ့ကျောင်းသားတွေအတွက် အနောက်နိုင်ငံပညာရေးကိုလှမ်းကူးတဲ့အခါ ထင်သာတဲ့အခက်အခဲ ၂ ချက်ရှိပါတယ်။

၁။ ၁၂ တန်းပညာရေးမဖြစ်တာ။
၂။ သင်ခဲ့သမျှ အခြေခံမခိုင်တာ။

၁ အတွက် အစိုးရကပညာရေးစနစ်ကို ပြောင်းထားပြီဆိုတော့ နောက်ပိုင်းကလေးတွေအဆင်ပြေမှာပါ။ ပြီးခဲ့တဲ့ကလေးတွေကလည်း ပေါင်းကူးအစီအစဥ်တွေနဲ့ လိုတဲ့နှစ်တွေဖြည့်လို့ရတာပေါ့။

၂ အတွက်ကတော့ ခုချိန်ထိ လုံး၀အားရဖွယ်မရှိပါ။ သင်ကြားရေးအတွက် ဆရာ(မ)အင်အားလုံလောက်မှုမရှိခြင်း၊ ဆရာ(မ)တွေအတွက်လိုအပ်တဲ့မွမ်းမံသင်ကြားမှု ထောက်ပံ့မှုမရှိခြင်း၊ သင်ကြားရေးအတွက်လိုအပ်တဲ့အရင်းအမြစ်များ မျက်ကွယ်ပြုခံထားရခြင်း၊ စသဖြင့် အကြောင်းရာမျိုးစုံနဲ့ မြန်မာ့ပညာရေးအနာဂတ်ဟာ မှောင်မိုက်နေဆဲပါ။

ဒီလိုအခက်အခဲတွေကြားကပဲ ကြိုးစားနေရတဲ့ကလေးတွေအတွက် ကျမတို့မိဘတွေအနေနဲ့လည်း အမျှော်မြင်ရှိစွာနဲ့ တတ်နိုင်တဲ့ဘက်က အစွမ်းကုန်ပံ့ပိုးပေးကြရအောင်။

#𝐏𝐫𝐢𝐦𝐨

27/02/2023

ကျမတို့မိဘတွေ ကိုယ့်ကလေးကို အရွယ်ရောက်လာရင် ကျောင်းထားကြတယ်။ ဘာကြောင့်လဲ? ဘာအတွက်လဲ?

သူတို့လေးတွေ ပညာတတ်မှ သူတို့အနာဂတ်ဘ၀ လှပမယ်၊ လွယ်ကူမယ်လို့ ယုံကြည်ကြလို့ပါပဲ။

ဒါကြောင့် ကိုယ်တတ်နိုင်တဲ့ ပမာဏနဲ့ ချိင့်ချိန်ပြီး ကောင်းမယ်ထင်တဲ့ကျောင်းကိုပို့ကြတာပေါ့။

ခေတ်ကာလအခြေနေအရ အိမ်ရှိလူကုန်အလုပ်လုပ်နိုင်ရတာကြောင့်ရော၊ ကိုယ်တိုင်ပညာရေးနဲ့ ၀ေးကွာနေတာကြောင့်ရော သူတို့အတန်းကြီးလာလေ ကလေးပညာရေးမှာ မိဘကသေချာဂရုမစိုက်နိုင်တော့ဘဲ ကျောင်းကိုပဲ မျက်လုံးမှိတ်အားကိုးရတော့တယ်။

ကျောင်းတွေအနေနဲ့ကလည်း အချိန်ကန့်သတ်ချက်ကြောင့်အပြင် ကျောင်းသားဦးရေများတာကြောင့်ရော၊ ဆရာ/ဆရာမ အခြေနေကြောင့်ပါ ထင်သလောက်တစ်ဦးစီဂရုမစိုက်နိုင်ပြန်ဘူး။

ဒီအဆင့်ရောက်တဲ့အခါ မိဘတွေမှာ ကနဦးဖြစ်စေချင်သလို ပညာတတ်ဖို့ဆိုတဲ့ရည်ရွယ်ချက်ကနေ အမှတ်ကောင်းရဖို့ဆိုတာမျိုးဖြစ်လာရပြီ။ အမှတ်ကောင်းမှ ကျောင်းကောင်း၊ မေဂျာကောင်း၊ အလုပ်ကိုင်ကောင်း ရမှာကိုး။

ဒီလိုနဲ့ ကျောင်းသားက စာမေးပွဲအမှတ်ကောင်းရဖို့ တစ်ပွဲတိုး အလွတ်ကျက် အလွယ်မှတ်စနစ်နဲ့ တဖြည်းဖြည်းအတန်းတက်လာရရော၊ အခြေခံသဘောတရားတွေကျေလည်အောင်နားမလည်လာခဲ့တဲ့အခါ အထက်တန်းပညာရေးမှာ အခက်တွေ့တော့တာပါပဲ။

ဒါ နိုင်ငံတကာအထက်တန်းစာမေးပွဲဖြေဖို့ ကျမတို့ဆီရောက်လာတဲ့ကျောင်းသားလေးတွေမှာ အဓိကတွေ့ရတဲ့ပြဿနာတွေပါပဲ။

ဒီအခြေနေထိရောက်တဲ့အခါ အဓိကနစ်နာရသူဟာ ကျောင်းတွေမဟုတ်၊ မိဘတွေလည်းမဟုတ်ဘဲ ကာယကံရှင်ဖြစ်တဲ့ကလေးတွေပါ။

သူတို့ရဲ့ငယ်ရွယ်စဥ် အကောင်းဆုံးဦးနှောက်ဖွံ့ဖြိုးစဥ်မှာ အသေအချာမသင်ယူခဲ့ရဘဲ အလွတ်ကျက်ရင်း အချိန်တွေကုန်ခဲ့ရရင် ဒါဟာအစားမရတဲ့ဆုံးရှူံးမှုပါပဲ။

𝐏𝐫𝐢𝐦𝐨 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐂𝐞𝐧𝐭𝐞𝐫

Photos from Primo Learning Center's post 23/03/2022

ဒီနေ့ ညနေ ၄ ခွဲအတန်းရှိပါမယ်။
တီချယ်ပို့စ်မတင်လို့ အတန်းမရှိဘူးထင်မှာစိုးလို့ပါ။

မီး၊ အင်တာနက်အဆင်ပြေသူတွေတက်ပါနော် ❤️

Want your school to be the top-listed School/college in Yagon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yagon