Cherry Book Shop

Cherry Book Shop

Share

17/08/2025

မိုးမိုး(အင်းလျား)-ညီမလေးကအချစ်ကို ကိုးကွယ်သတဲ့လား(PDF File)

https://t.me/myanmarpdfbook/380

Photos from Cherry Book Shop's post 06/04/2022

-နှစ်သစ်ကူး promotion အနေနဲ့ ဘာစာအုပ်ယူယူ 10%လျော့စျေးနဲ့ရမယ့်အပြင် book markလှလှလေးတွေပါလက်ဆောင်အနေနဲ့ထည့်ပေးမှာပါ.....

-10000ဖိုးအထက်ဝယ်တဲ့သူတွေကို တက္ကသိုလ်ဘုန်းနိုင်ရဲ့တစ်ပြည်သူမရွှေထားစာအုပ်လေးကိုပါမဲဖောက်ပေးမှာပါရှင့်

-ရန်ကုန်​မြို့တွင်းအိမ်အရောက်ငွေချေရ

-မှာယူလိုပါက page messenger မှတစ်ဆင့်လည်းဝယ်ယူနိုင်သလို ph-09755751343ကိုလည်းဆက်သွယ်မှာယူနိုင်ပါတယ်ရှင်

24/03/2022

"မောင်ကလိုက်ခဲ့ဟု ခေါ်တုန်းကလည်း
မောင့်ဘေးမှာကျွန်မပါသည်..
မောင်ကနေရစ်ခဲ့ဟုဆိုပြန်တော့လည်း
မောင်စိတ်အနှောက်အယှက်ဖြစ်မည့်
စာတစ်စောင်.စကားတစ်ခွန်းမျှ
မောင်မကြားစေရပဲ ကျွန်မနေရစ်ခဲ့တာအမှန်ပါပဲ
အဲ့သည်အထိ ကျွန်မမောင့်ကို
ချစ်မြတ်နိူးခဲ့ပါသည်မောင်""

crd #အမှတ်တရ

ထက်မြတ်ပြိး ရုပ်မချောတဲ့မိန်းမတစ်ယောက်ဖြစ်စေကာမူ
ချောမောပြိးမိန်းမသားပီသတဲ့.သူမနည်းတူ.မောင့်ကိုချစ်တဲ့အချစ်ကတော့ တူတူပဲမဟုတ်လားမောင်.

ဒီတိုင်း ဆွဲထားမှမြဲမယ့်လက်ထက်..ကိုယ်ယုံကြည်မူနဲ့လှည့်ကြည့်စရာမလိုတဲ့ချစ်ခြင်းမျိုးကို.ကိုယ်လိုချင်ခဲ့တာပါကွယ်
အချစ်ကို ဘာပဲဖြစ်ဖြစ် ဖွင့်ဟမှ ပွင့်အန်လာမယ့်စကားလုံးများစွာနဲ့​တော့ မချည်နှောင်ချင်ခဲ့ပါ

တကယ်ကြင်ရင်..ဘယ်ချစ်ခြင်းတရားမှာ.မျက်ရည်တို့နဲ့ကျန်ရစ်ခဲ့ရမှာလဲကွယ်😊😊
စာအုပ်အမည်-အမှတ်တရ
စာရေးသူ-ဂျူး
စာအုပ်တန်ဖိုး-2000ကျပ်

24/03/2022

မပြည့်စုံခြင်းတွေနဲ့ ရှင်သန်နေတဲ့.ကိုယ်တို့ဘဝမှာ.

ကိုယ်တို့တွေ. တစ်ဥိးကိုတစ်ဥိး ကိုယ်ချင်းစာတရားတွေ.နားလည်မူတွေနဲ့.ကြည့်ကြရအောင်..

ချို့ယွင်းချက်တွေပြည့်နက်နေတဲ့..ဖြစ်တည်မူတိုင်းအတွက်တော့..
ကိုယ်တို့ကို.တစ်ဖက်မှာ.နစ်သိမ့်ခြင်းတွေနဲ့အတူတခြားအားသာချက်တွေနဲ့ လောကကြိးက ပြန်ဖြည့်ဆည်းပေးတတ်တယ်မဟုတ်လား

အဲ့ဒီအရာတွေကို.တန်ဖိုးထားတတ်ရင် မြင်တတ်ရင်.အရာအားလုံးက ကိုယ်တို့အတွက်ဆုလာဘ်ပါပဲကွယ်..😊😊

's Choice

Photos from Cherry Book Shop's post 21/03/2022

" ငါတို့...

ဘယ်ရထားမှာ လွဲခဲ့လဲ...?

တစ်ခါလွဲရင်..

နှစ်ပေါင်း ဘယ်လောက်ကြာတတ်လဲ..?

ခင်ပျိုရေ..ငါစောင့်ခဲ့တယ်..😥။

အောင်ချိမ့်

19/03/2022

" အချစ်ဆိုတာ.....
ကိုယ်ပေးချင်တိုင်း..
ပေးလို့ရတာမျိုးမဟုတ်ဘူး..မောင်။

ကိုယ်ပေးတိုင်းလည်း ...
သူမရပါဘူး။

ကိုယ်ပေးချင်တိုင်းလည်း..
သူမယူပါဘူး..မောင်။

ခိုင်/သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်
(ဘယ်အချိန်ဖတ်ဖတ် နင့်နေအောင် ခံစားနေရဆဲ🥺)

05/03/2022

" Book Review "
=============
အခုတစ်ခေါက် ကျွန်တော် review ပေးချင်တဲ့ စာအုပ်လေးကတော့ ၁၉၆၀ ခုနှစ်များဆီက ခေတ်ဆိုး စနစ်ဆိုးကြီးထဲမှာ တောသူတောင်သားဈေးသမ လေးတွေရဲ့ ဘဝရှင်သန်မှု သရုပ်ဖော်ထားတဲ့ စာအုပ်ကလေးတစ်အုပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ စာအုပ်ကလေးကတော့...

"မသိန်းရှင်ဆီ ပို့ပေးပါ "
**********************
နှစ်၁၀၀ အတွင်း အကောင်းဆုံး မြန်မာဝတ္ထုစာရင်းဝင် စာအုပ်တစ်အုပ်ဖြစ်ပြီး ဇာတ်လမ်းလေးကလည်း လက်တွေ့ဆန်ပြီး အင်မတန်မှ ကြေကွဲဝမ်းနည်းဖွယ်ကောင်းလွန်းလှပါတယ်။

ဇာတ်လမ်းလေးကတော့ မီးရထားလက်မှတ်စစ်လေး မောင်ရင်မောင် နှင့် မှောင်ခို ဈေးသမလေး ညိုညိုတို့ရဲ့ ကြည်နူးဖွယ်ရာ နာကျင်စရာ ဝမ်းနည်းစရာတွေ နဲ့ အဆုံးထိ ဆွဲခေါ်သွားမည့် စာအုပ်ကလေးပါ။

ဒီစာအုပ်ထဲမှာ ခေတ်ဆိုးကြီးရဲ့ သားကောင်များဖြစ်ခဲ့ရရှာတဲ့ တောသူမလေးများရဲ့ အဖြစ်ကိုလည်း ရင်နင့်ဖွယ်ရာဖတ်ရှူရမှာပါ။

နှစ်ဦးသားဘယ်၍ ဘယ်မျှ ချစ်သော်လည်း မိဘများ‌သဘောတူ ကြည်ဖြူပါသော်လည်း ကံစေရာ နေကြရတဲ့ လူသားတွေရဲ့ ဘဝမို့ ..

မောင်ရင်မောင် နဲ့ ညိုညိုတို့ကရော ရွှေလက်တွဲသွားနိုင်ပါ့မလားးး?

( လက်ရှိဈေးလည်း အသင့်သင့်ပဲရှိတာမို့ ဈေးနည်းနည်းနဲ့ အကောင်းဆုံးကိုမှ ဖတ်ချင်ပါတယ်ဆိုရင်တော့ ဒီစာအုပ်ကလေးကို ဝယ်ဖတ်လိုက်ပါ)

Want your business to be the top-listed Media Company in Yagon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yagon