LearnHub Myanmar

LearnHub Myanmar

Share

11/11/2024
11/11/2024

ဟားဗက်အိပ်မက်
ဟားဗတ်တက္ကသိုလ်မှာ တစ်ကမ္ဘာလုံးက ကိုယ့်ရဲ့ အရည်အချင်းအဆင့်မြှင့်ချင်သူ မည်သူမဆို လေ့လာနိုင်ဖို့ အခမဲ့ online သင်တန်းတွေရှိပါတယ်။ ကျောင်းပညာသင်နေသူများသာမက ဆေးဖက်ဆိုင်ရာ၊ ကွန်ပျူတာ၊ သိပ္ပံနဲ့နည်းပညာ၊ စသည်ဖြင့် ပရော်ဖက်ရှင်နယ် နယ်ပယ်တွေက ပညာရှင်တွေအပြင် မြန်မာနိုင်ငံက လူငယ်တွေအနေနဲ့လည်း ကိုယ့်ရဲ့အရည်အချင်းတွေ ထပ်ဖြည့်ဖို့အတွက် အချိန်မရွေးနေရာမရွေး အဆင်မြင့်ပညာတွေကို ဟားဗတ်လိုကမ္ဘာ့နံမည်ကြီးတက္ကသိုလ်မှာ သင်ခွင့်ရမှာနော်။
ဟားဗတ်တက္ကသိုလ်ဆိုတာ Obama ၊ John Kennedy ၊ Theodore Roosevelt တို့လိုသမ္မတတွေ နဲ့ နိုဗယ်ဆုရှင်အမြောက်အများမွေးထုတ်ပေးနေတဲ့ ကမ္ဘာ့နံပါတ်(၁) တက္ကသိုလ်ဆိုတာ အားလုံးလည်းသိပြီးသားပါနော်။
ဟားဗတ်လိုနိုင်ငံတကာအဆင့်မီတက္ကသိုလ်က ပညာ‌ တွေကိုသင်ဖို့ဆိုတာက တော်ယုံလူတွေအတွက် အလှမ်းဝေးတဲ့ အိပ်မက်တစ်ခုသာသာပါ။ ပညာအရမ်းတော်နေတယ်ဆိုရင်တောင်မှ တက်ရဖို့အခွင့်အလမ်းအလွန်နည်းပါတယ်။
ခုတော့ ဒီအိပ်မက်တွေကို မေ့လိုက်လို့ရပါပြီ။ ဟားဗက်က ပါမောက္ခတွေ ဆရာတွေနဲ့ အခမဲ့ သင်ခွင့်ရမှာဖြစ်ပြီး အင်္ဂလိပ်စာအရည်းအချင်းတွေဖြစ်တဲ့ IELTS/TOEFL တွေလည်း ရှိထားဖို့မလိုအပ်ပါဘူး။
ဘာသာရပ်ပေါင်း တစ်ရာကျော်ကို အခမဲ့ လေ့လာခွင့်ရနိုင်ပြီး လူကြိုက်များတဲ့ ဘာသာရပ်တွေဖြစ်တဲ့ Art & Design, Data Science, Nutrition-related courses, Business, Computer Science,Education & Teaching related courses, Social Sciences, Health Science & Medicine, Humanities, Mathematics, IT, Programming, Science တွေပါဝင်ပါတယ်။ အနည်းဆုံး ၁၅ မိနစ်စာသင်ခန်းစာမှ ၁၂ပတ် ၁၅ပတ် စသည်ဖြင့် Short course, Long course ကိုယ်အဆင်ပြေသလို လေ့လာနိုင်ပါတယ်။
🎯 နေရာအနှံကလူတွေအားလုံး အခမဲ့သင်ယူခွင့်ရမယ်။
🎯 ကျား/မ အသက်အရွယ်မခွဲထားဘူး။
🎯 ဖုန်း၊ ကွန်ပျူတာ၊ Laptop တစ်ခုခုနဲ့ အင်တာနက်လိုင်းရှိရင်အဆင်ပြေပါတယ်။
🎯 စိတ်ဝင်တစား သင်ယူနိုင်ရင် တစ်ပြိုင်တည်းမှာ သင်ခန်းစာတစ်ခုထက်ပိုပြီး လေ့လာနိုင်မယ် ဆိုတော့ အရမ်းအဆင်ပြေမှာပါနော်။
လူအများနားလည်လွယ်နိုင်မယ့်အင်္ဂလိပ်ဘာသာကို အသုံးပြုသင်ကြားမယ်။ ရလာမယ့် Certificate တွေကလည်း အရည်အသွေးမြင့် တန်ဖိုးတစ်ခုရှိနေမှာပါ။
ဒါကြောင့် ဘယ်သူတွေလေ့လာလို့ရတယ်ဆိုတာ အပေါ်မှာပြောပြထားပြီးဖြစ်လို့ ဒါလေးတော့လက်လွတ်မခံဖို့ အကြံပေးပါရစေနော်။
ထပ်သိချင်တာရှိရင်
More info - https://pll.harvard.edu/
Apply here - https://bit.ly/3GORrUd
လက်ရှိပစ္စုပ္ပန်တိုင်းမှာ အကောင်းဆုံးကြိုးစားရှင်သန်မယ်ဆိုရင် ….
နေ့ရက်တိုင်း .. နေ့ရက်တိုင်းမှာ .. မိမိကိုယ်ကိုယ် လိုအပ်တဲ့ … ကောင်းမွန်တဲ့ အတွေးတွေ ကောင်းမွန်တဲ့အကျင့်တွေကို ကြိုးစားရွေးချယ်တည်ဆောက်နေမယ်ဆိုရင် ပိုပြီးကောင်းမွန်တဲ့လူတယောက်ဖြစ်လာနိုင်ပါတယ်။
အသိုက်ချစ်သူလေးတွေအားလုံး ဘေးကင်းလုံခြုံပြီး စိတ်ကြည်လင်တည်ငြိမ်စွာ ဆုံးဖြတ်နိုင်စွမ်းရှိပါစေ။
အားလုံးအဆင်ပြေကြပါစေ။
From Obstacles to Opportunities…
From Wounds to Wisdom …
~~~~~~~~~~~~~~~~~~~~~~~~~~~

14/11/2023

Don’t wait for the right opportunity, create it.
အခွင့်အရေးကောင်းကို စောင့်မျှော်မနေပါနဲ့။ ကိုယ်တိုင် ဖန်တီးယူလိုက်ပါ။

Want your school to be the top-listed School/college in Yagon?
Click here to claim your Sponsored Listing.

Category

Website

Address


Yagon