Beauty Queens

Beauty Queens

Share

07/02/2026

မကောင်းတာတွေဖယ်ရှားနည်း 🥚 အနောက်တိုင်းနည်း

ခွေးတွေကြောင်တွေအိမ်မှာမရှိတာတောင် ဘယ်ကဘလိုရောက်လာပီး ကိုယ့်လိုက်ကာကိုပဲ တန်းတန်းမတ်မတ်ကြီး သေးလာပန်းသွားတာတွေ့လို့ စိတ်ထဲမသင်ကာတာနဲ့ ကြက်ဥတစ်လုံးယူပီး (ရေခဲသေတ္တာထဲကကြက်ဥမရပါ) body အနှံ့ပွတ်ပီး မကောင်းတာမှန်သမျှ ကြက်ဥထဲပါသွားပါစေ ဆိုပီး holy water (ပရိတ်ရေ) ကို ဖန်ခွက် အကြည်ထဲထည့်ပီး egg cleansing လုပ်ကြည့်တာ

အံမယ် ကြက်ဥအနှစ်တောင်ပေါက်ထွက်လာပီး အမြှင်တွေအများကြီးတန်း နေပါလားဟေ့ Lord ကြီးကို ကျန်းမာရေးထိခိုက်ပါစေ မအောင်မြင်ပါစေနဲ့ ကြရှုံးပါစေ ပျက်စီးပါစေ ဆုံးရှုံးပါစေ ဆိုတဲ့ ဆန္ဒတွေနဲ့ တိုက်ကြတယ်ပေါ့လေ ပွဲတစ်ခါဖြစ်တိုင်း အဲ့လိုလူတွေ comment ရော cb မှာပါ လာရေးကြတာ လူကြီးမင်းတို့ တွေ့ကြမှာပါ အထူးသဖြင့် p**o hyun ပွဲတုန်းက comment တွေက တော်တော်ဆိုးဆိုးပဲ တစ်မိသားစုလုံး ဘာဖြစ်ပါစေညာဖြစ်ပါစေဆိုပီး ရေးတာတွေတွေ့မှာပါ

အဲ့ဒါနဲ့ ဆယ်မိနစ်ပြည့်လို့ ကြည့်ပီးတာနဲ့ ငရုပ်သီးမှုန့်ရော ဆားရော ငရုပ်ကောင်းမှုန့်ပါထည့်ပေးပီး အိမ်သာထဲမှာ ခွက်ကိုပြန်မကြည့်ပဲ နင်တို့လုပ်တာနင်တို့ပြန်ယူဆိုပီး ရေဆွဲချပေးလိုက်တယ်

ညီမကိုပါစစ်ပေးလိုက်တယ် သူကတော့ ကျနော့လောက်မများဘူး ကျန်းမာရေး တစ်ကြောင်းပဲ ပေါ်တယ်

လုပ်နည်းပြောပြပါအုံးဆိုလို့ ရေးပေးပါမယ်

( egg cleansing လုပ်နည်းက မြန်မာနည်းမဟုတ်ပါ အနောက်နိုင်ငံတွေက လုပ်ကြတဲ့နည်းပါ google တို့ tiktok တို့ youtube တို့ မှာ သူတို့လုပ်နည်းတွေ လုပ်ပီးရင် ကြက်ဥကိုကြည့်နည်းတွေ ပုံတွေနဲ့တကွ ကိုယ်ဘာဖြစ်နေလဲဆိုတာကို ပြထားပါတယ် တစ်ယောက်နဲ့တစ်ယောက်မတူပါ ကြက်ဥထည့်လိုက်တုန်းအနှစ်ဝါနေပီး ဆယ်မိနစ်စောင့်ကြည့်ပီးချိန် အနှစ်ကြီး နီလာရင် အဆိုးဆုံးအဆင့်လို့သတ်မှတ်ပါတယ် ယုံတာမယုံတာ ကိုယ့်သမိုင်းမလို့ လိုက်လုပ်ကြည့်ပါလို့အစထဲက မတိုက်တွန်းပါဘူး လုပ်နည်းလေး ရေးပေးအုံးဆိုလို့ရေးပေးတာပါ

ရေခဲသေတ္တာထဲက ကြက်ဥမရပါ ဖန်ခွက်အကြည်လိုပါမယ် holy water ပရိတ်ရေလိုပါမယ် ဘုရားစင်အရှေ့မှာပဲ လုပ်ပါ ဖန်ခွက်ထဲကို ရေထည့်ပါ အပြည့်မထည့်ပါနဲ့ ပီးရင်ကြက်ဥနဲ့ body တစ်ခုလုံး ဘယ်နေရာမှ မကျန် အောင် လိုက်ပွတ်ပါ ပါးစပ်ကနေ မကောင်းတဲ့အရာမှန်သမျှ ဒုက္ခပေးမဲ့အရာမှန်သမျှ အတိုက်အခိုက်များအားလုံး ဒီကြက်ဥထဲပါသွားပါစေဆိုပီး တကိုယ်လုံးလိုက်ပွတ်

ပီးရင် ဖန်ခွက်ထဲဖောက်ထည့် အပေါ်ကနေလုံးဝမကြည့်မိပါစေနဲ့ ဘေးကနေပဲ ကြည့်ပါ ဆယ်မိနစ်ထားပီးကြည့်ပါ တစ်ယောက်နဲ့တစ်ယောက်က ကြက်ဥပုံစံတွေမတူတာကြောင့် google ကိုသွားပါ ပုံတွေတိုက်စစ်ပါ

အဲ့မှာ အဆိုးတွေ က အနဲများကွာတာတွေ ပုံနဲ့ ရှင်းပြပါလိမ့်မယ် ကျနော့လိုပုံဆိုအဆိုး အများပါ အမျှင်တန်းအများ အနှစ်နား တိမ်လိုထူ အနှစ်က ကြာတော့ပေါက်ထွက်လာ အပေါ်မှာ ပူစီပေါင်းပါ အဲ့အချက်တွေများနေလို့ ငရုပ်ကောင်း ဆား ငရုပ်သီးမှုန့် သုံးခုလုံး ထည့်ပီး အိမ်သာထဲကို ရေဆွဲချလိုက်ပါတယ် မကောင်းတာအားလုံးပါသွားပီး ကိုယ်လုပ်တာကိုယ်ယူဆိုပီး ဆွဲချလိုက်ပါတယ် ရေဆွဲချရင် အိမ်သာခွက်လုံးဝမကြည့်ပါနဲ့ ပြန်ထွက်ရင်လည်း လှည့်မကြည့်ပါနဲ့ အဆိုးနဲတဲ့သူဆိုရင် ငရုပ်သီးမှုန့် တစ်မျိုးထဲနဲ့ရပါတယ် )

အဆိုးဆုံးအချက်က အနှစ်ကထည့်တုန်းက ဝါနေပီး ဆယ်မိနစ်ပြည့်လို့ အနှစ်ကြီး နီသွားရင် အဆိုးဆုံးအခြေနေပါ

လိုက်လုပ်ဖို့မတိုက်တွန်းပါဘူး အဲ့ဒါကြောင့်လုပ်နည်းထည့်မရေးတာပါ လုပ်ချင်တဲ့သူတွေကမေးလို့ လုပ်နည်းအခုမှထည့်ရေးပေးလိုက်တာပါ မြန်မာ့နည်းမဟုတ်ပါ အနောက်တိုင်းနည်းပါ သူတို့နိုင်ငံမှာ မိန်းကလေး ယောက်ျားလေး တော်တော်များများ လုပ်ကြပါတယ် သန့်စင်ချင်းဆိုပီး

ပီးရင် ညမအိပ်ခင် နေ့တိုင်း ခြေထောက်တွေ ရေဆေးပီးမှ အိပ်ပါ အိပ်လို့လည်းပျော်ပီး အိပ်မက်ဆိုးလဲ မမက်ပါဘူး

Crd to writer/photo lordoftheprank

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


No. 168, 21 Street, , အောင်သာယာရပ်ကွက်၊ ပုပ္ပသီရိမြို့နယ်၊ နေပြည်တော်
Yangon