Excellent Business Institute

Excellent Business Institute

Share

23/03/2024

ဘဝမှာ ဘာပဲလုပ်လုပ် အောင်မြင်ချင်ရင် အဓိက (၄) ချက် လိုပါတယ်

အောင်မြင်မှုမှာ ဖော်မြူလာရှိပါတယ်။

ငယ်ငယ်က ကျွန်တော်တို့အိမ်နားမှာ စာအုပ်ငှားဆိုင်လေး တစ်ဆိုင်ရှိတယ်။ ဆိုင်နာမည်ကို အခုထိ မှတ်မိပါသေးတယ်၊ "စိန်ရွှေဖြိုး" တဲ့။ နွေရာသီ ကျောင်းပိတ်ရက်တွေဆို စာအုပ်တွေ ပုံမှန် ငှားဖတ်ဖြစ်တယ်။ သမိန်ပေါသွပ်၊ မြိုင်ရာဇာတွတ်ပီကစလို့ မင်းသိင်္ခစာအုပ်တွေ၊ တရုတ် သိုင်းဝတ္ထုတွေ အစုံပဲပေါ့။ အဲ့တုန်းက အခုခေတ်လို ဖုန်းတွေ၊ အင်တာနက်တွေလည်း မပေါ်သေးဘူးကိုး။

အဲ့လို စာအုပ်ငှားဆိုင်သွားရင်းနဲ့ ရွယ်တူကလေးတွေ စက်ဘီးစီးနေတာကို တွေ့ရပါများတော့ ကလေးတို့ ဘာသာဘာဝ ကျွန်တော်လည်း အားကျတာပေါ့လေ။ ငါလည်း စက်ဘီးလေးစီးပြီး စာအုပ်သွားငှားရင် တော်တော် အထာကျမှာပဲပေါ့ စိတ်ကူးယဉ်တာ။ အဲ့တာနဲ့ အိမ်ကို စက်ဘီးစီးသင်ပေးဖို့ ပူဆာပါတယ်။ ကံကောင်းချင်တော့ အိမ်မှာ ခေတ်ဟောင်း စက်ဘီးလေးတစ်စီးကလည်း အသင့်ရှိနေတယ်ဗျ။

ဒီလိုနဲ့ ကျွန်တော့်ကို အဖေက စက်ဘီးစီး စသင်ပေးပါတယ်။ ညနေဖက်တွေဆို အိမ်ရှေ့လမ်းပေါ်မှာ သားအဖနှစ်ယောက် စက်ဘီးတစ်စီးနဲ့ အလုပ်ရှုပ်ကြပြီ။ စစချင်းတော့ ဟန်ချက်ညီအောင်ကို မနည်းထိန်းရတယ်။ နင်းတာနဲ့ကို မှောက်တာပဲ။ လဲတာများလာတော့ အထာနပ်သွားတယ်။ နောက် မသင်ခင် တံတောင်ဆစ်ကာတို့ ဒူးခေါင်းကာတို့ ဝတ်ပြီးမှ စက်ဘီးပေါ်တက်တော့တယ်။

ဒါတွေ ဝတ်ထားလည်း လဲရင်တော့ နာသေးတာပဲနော်။ တချို့ အမာရွတ်တွေဆို အခုထိတောင် ရှိပါသေးတယ်၊ သေရာပါပဲ။ ဒါပေမဲ့ ကျွန်တော်ကလည်း အရမ်း စီးတတ်ချင်နေတာကိုး။ အဲ့တာနဲ့ မှောက်ရင်မှောက်ပါစေ၊ နင်းတာပဲ။ ဒီလိုကနေ စက်ဘီးစီးတတ်သွားခဲ့ပါတယ်။

ဆိုတော့ အောင်မြင်မှုကလည်း ဒီသဘောတရားနဲ့ ဆင်တယ်ဗျ။ ဘဝမှာ ဘာပဲလုပ်လုပ် အောင်မြင်ချင်ရင် အဓိက (၄) ချက် လိုပါတယ်။ အဲ့တာဘာတွေလဲဆိုတော့ ...

1 Purpose လို့ခေါ်တဲ့ ရည်ရွယ်ချက်ပါ။ ပန်းတိုင်တစ်ခုတော့ တိတိကျကျ ရှိဖို့ လိုတယ်။ ပြီးတော့ သူများ ချမှတ်ပေးတာ မဖြစ်ရဘူး၊ ကိုယ်တိုင် လိုလိုချင်ချင်ရှိတာမျိုး ဖြစ်ရမယ်။ စာအုပ်ငှားဆိုင်ကို စက်ဘီးနဲ့သွားချင်တာက ကျွန်တော့် ရည်ရွယ်ချက်ပေါ့။

2 Motivation လို့ခေါ်တဲ့ ထက်သန်မှုပါ။ ကိုယ့်ကိုယ်ကိုယ် ပေးဖို့လိုသလို၊ ပြင်ပကလည်း ရနိုင်ပါတယ်။ စက်ဘီးစီးသင်တဲ့ ဥပမာကိုပဲ ကြည့်ပါ။ ကျွန်တော် စက်ဘီးစီးတတ်သွားတာ ကိုယ်တိုင် စိတ်အားထက်သန်သလို ဘေးကနေ လိုက်ထိန်းကျောင်းပေးတဲ့ အဖေ့ရဲ့ အားပေးမှုလည်း ပါတာပေါ့။

3 Preparation လို့ခေါ်တဲ့ ပြင်ဆင်မှုပါ။ ဘာပဲလုပ်လုပ် အကောင်းဆုံး ပြင်ဆင်ထားတဲ့ အလေ့အကျင့်ရှိဖို့ လိုပါတယ်။ စက်ဘီးစီးသင်တုန်းက အကာအကွယ်တွေ ဝတ်တာနဲ့ တူတူပဲ။ မှောက်မကျတော့အောင် မဟုတ်ဘူး၊ မှောက်တယ်။ ဒါပေမဲ့ လဲကျရင် အရမ်းအထိ မနာဖို့၊ ပြန်ထနိုင်ဖို့ပါ။

4 Tenacity လို့ခေါ်တဲ့ ဇွဲရှိဖို့ပါ။ ဘယ်အရာမဆို ချက်ချင်းလုပ်၊ ချက်ချင်း အောင်မြင်တယ်ဆိုတာ မရှိသလောက် ရှားပါတယ်။ 99.99% လောက်က အချိန်လိုပါတယ်။ ကျွန်တော်သာ မှောက်မှာ၊ အသားနာမှာ ကြောက်နေခဲ့ရင် စက်ဘီးစီးတတ်သွားမှာ မဟုတ်ပါဘူး။ တစ်ခုလိုချင်ရင် တစ်ခုပေးဆပ်ရတာ သဘာဝပါပဲ။

ဒါတွေအပြင် လက်တွေ့ဘဝမှာ အောင်မြင်မှုက Luck (ကံတရား) နဲ့ External Factors (ပြင်ပအကြောင်းတရား) တွေနဲ့လည်း သက်ဆိုင်ပါသေးတယ်။ ဒါပေမဲ့ အဲ့တာတွေက ကိုယ်ထိန်းချုပ်လို့ရတာ မဟုတ်ဘူးလေ။

ကိုယ်လုပ်နိုင်တာက ရည်ရွယ်ချက်ရှိဖို့၊ ထက်သန်မှုရှိဖို့၊ ပြင်ဆင်မှုရှိဖို့၊ ဇွဲရှိဖို့ ဆိုတဲ့ အချက်တွေနဲ့ ကိုယ့်မှာ ပြည့်စုံနေအောင် ကြိုးစားဖို့ပါပဲ။

ကျွန်တော်ကတော့ ဒီဖော်မြူလာကို PMPT လို့ အလွယ်မှတ်ထားပါတယ်။ စာဖတ်ပရိတ်သတ်တွေအတွက်လည်း အသုံးဝင် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။

19/03/2024

#အလုပ်ပြီးချိန်ညခင်းတွေမှာ

မင်းဘာလုပ်လဲဆိုတာက
မင်းရဲ့ အနာဂတ်ကို ဆုံးဖြတ်
ပေးလိမ့်မယ်။

တစ်နေ့ကို တစ်နာရီလောက်
ဒါတွေလုပ်ဖို့အချိန်ပေးလိုက်
ပါ။

မင်းဘဝပြောင်းလဲပါလိမ့်မယ်။

မင်းရဲ့
အလုပ်ချိန် ညနေ 6 နာရီမှာ
ပြီးပြီးတော့
မင်းက ည သန်းခေါင် 12 နာရီမှ
အိပ်ရာဝင်တယ်ဆိုပါစို့။

ဒီကြားထဲက 6 နာရီကို
မင်းဘယ်လို အသုံးချပါသလဲ?

TV ကြည့်တာလား?

တကယ်တော့ ဒီအချိန်ကို
မင်းဘယ်လိုအသုံးချတယ်
ဆိုတာက

မင်းထင်တာထက်
ပိုအရေးကြီးပါတယ်။

လူတော်တော်များများ
ထင်နေတာက
ကျွန်တော်တို့ career ကို
တိုးတတ်ဖို့ အလုပ်ချိန်
အတွင်းမှာ

ကျွန်တော်တို့ ကြိုးစား
အားထုတ်ရမယ်လို့ပဲ
ထင်နေကြတယ်။

ကျွန်တော်တို့ အနာဂတ်နဲ့
အလုပ်အကိုင်တွေဟာ

ကျွန်တော်တို့
အလုပ်လုပ်နေတဲ့ ကုမ္ပဏီနဲ့
ခေါင်းဆောင်အပေါ်ပဲ
မူတည်နေတယ်လို့
ထင်နေကြတယ်။

တကယ်လို့ မင်း ကိုယ့်ကိုယ်ကို
ဘဝမှာ တိုးတတ်မှုမတွေ့ဘူး
ဆိုရင်တော့ မင်းရဲ့ အလုပ်နဲ့
မင်းရဲ့ အလုပ်ရှင်တွေကို

မင်းအပေါ်
မြေတောင်မြှောက်မပေးလို့
ဆိုပြီး
အပြစ်တင်လို့မရပါဘူး။

ကိုယ့်ကိုယ်ကို တိုးတတ်အောင်
ပျိုးထောင်ဖို့ဆိုတာ မင်းရဲ့
တာဝန်ပါ။

မင်းဟာ မင်းရဲ့
ညခင်းအချိန်တွေကို
ဘယ်လို
အသုံးချလဲဆိုတာဟာ
အလွန်အရေးကြီးပါတယ်။

စာဖတ်ပါ။

ဘဝမှာ မင်းလိုချင်တာရဖို့
knowledge က အရေးကြီး
ပါတယ်။

ဗဟုသုတတွေ စုဆောင်း
ရပါမယ်။

ဒီလို ဗဟုသုတတွေကို
မင်းရဲ့ အလုပ်မှာ မင်းရဲ့
ဘဝမှာ
ပြန်လည်အသုံးချရပါမယ်။

တကယ်လို့
မင်းက
စာဖတ်သန်တယ်ဆိုရင်
မင်းဗဟုသုတတွေ ပြည့်ပြီး

မင်းရဲ့
စကားပြောတဲ့ ခေါင်းစဉ်တွေ
အကြောင်းအရာတွေ

ပိုပြီးစိတ်ဝင်စားစရာကောင်း
လာပါလိမ့်မယ်။

Anthony Robbins က
ပြောပါတယ်။

တကယ်လို့ မင်းဟာ
တစ်နေ့ကို
တစ်နာရီအချိန်ပေးပြီး

အကြောင်းအရာတစ်ခုကို
လေ့လာမယ်ဆိုရင်
တစ်နှစ်ကြာတဲ့အခါမှာ

မင်းရမဲ့
knowledge တွေက
ကမ္ဘာ့လူတွေရဲ့
99.999 % လောက်ထိ
ဖြစ်ပါလိမ့်မယ်တဲ့။

တစ်နေ့ကို အချိန်
သုံးဆယ်မိနစ်လောက်ပဲ
စာဖတ်ချိန်ပေးနိုင်ရင်တောင်

တစ်နေ့တစ်နေ့ knowledge
တွေ
အများကြီးရမှာပါ။

မင်း expert
မဖြစ်ဘူးဆိုရင်တောင်
မင်းရဲ့
လုပ်ဖော်ကိုင်ဖက်တွေထက်
ပိုပြီး
ဗဟုသုတများလာမယ်ဆိုတာ
အာမခံနိုင်ပါတယ်။

တကယ်လို့
မင်းရဲ့ လက်ရှိအလုပ်က
မင်းတကယ်စိတ်ဝင်စားတဲ့
အလုပ်မဟုတ်ဘူးဆိုရင်

မင်းဟာ ဒီအချိန်တွေမှာ
မင်းတကယ်စိတ်ဝင်စားတဲ့
အရာတွေ
လေ့လာလို့ရပါတယ်။

ဒီလို ရတဲ့အချိန်မှာ
စိတ်ဝင်စားတဲ့အရာတွေ
လေ့လာပြီး အချိန်တစ်ခု
ရောက်တဲ့အခါမှာ

မင်းရဲ့
career ကို ပြောင်းလိုက်
လို့ရပါလိမ့်မယ်။

start up တစ်ခု စလိုက်လို့
ရပါတယ်။

project တွေ လုပ်ဆောင်ပါ။

မင်းရဲ့ ဗဟုသုတတွေ
စိတ်ကူးတွေကို ပုံဖော်ဖို့
မင်းအလုပ်က အခွင့်အရေး
မပေးရင် မင်းကိုယ်တိုင်
ရှာဖွေလုပ်ဆောင်ပါ။

volunteer project တွေ
လုပ်နိုင်ပါတယ်။

ကိုယ်နဲ့ ဝါသနာတူတွေနဲ့
ပေါင်းပြီး အဖွဲ့လိုက်
ပူးပေါင်း
လုပ်ဆောင်ကြည့်ပါ။

စမ်းသပ်ကြည့်ပါ။
ကိုယ်စိတ်ဝင်စားတဲ့
အရာတွေ လေ့လာပါ။

လက်တွေ့ လုပ်ဆောင်
ကြည့်ပါ။

Network တည်ဆောက်ပါ။

မင်းရဲ့
အလုပ်လမ်းကြောင်းမှာ
ဖြောင့်ဖြူးဖို့
strong connection
network
တစ်ခု ရှိနေဖို့ လိုပါတယ်။

ဒီလိုမျိုးမရှိဘူးဆိုရင်တော့
မင်းရဲ့ အချိန်ထဲက ဖဲ့ပြီး
လုပ်ဆောင်ရပါလိမ့်မယ်။

အတော်ဆုံး မိတ်ဆွေ
တွေကို
ဆက်သွယ်ပြီး သူတို့ရဲ့
အကြံဥာဏ်တွေ ရယူ
တာတွေ

သတင်းတွေ
အချက်အလက်တွေ
ဗဟုသုတတွေ ရအောင်
လုပ်ပါ။

professional life ထဲက
ဆရာကြီးတွေဆီက
လေ့လာသင်ယူပါ။

အလုပ်က
အိမ်ပြန်ရောက်လို့
ဒီလို ညချမ်းတွေမှာ
အနားယူတယ်ဆိုပြီး
movie
ကြည့်တာ tv ကြည့်တာ
game ကစားတာ

social media ပေါ်မှာ
သူများတွေ အကြောင်း
လိုက်စပ်စုနေတာ
အတင်းပြောနေတာ

ဒါတွေနဲ့
အချိန်ကုန်ဆုံးရတာ
အရမ်းပျော်စရာကောင်း
မှာပါ။

ဒါပေမဲ့ ဒါတွေက မင်းရဲ့
အနာဂတ်ကို
ကောင်းမွန်အောင်
လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။

မင်းဘဝရဲ့ အပြောင်းအလဲက
ဒီနေ့ညက စပါပြီ။

6 နာရီကနေ ည ၁၂ နာရီထိပါ။

အလုပ်ပြီးလို့ မင်းအိမ်ပြန်
တယ်။

မင်းဟာ တစ်ခြားသူတွေ
ခိုင်းတဲ့အရာတွေကို
လုပ်စရာမလိုတဲ့အချိန်ပါ။

မင်းရဲ့ အားလပ်ချိန်ပါ။

ဒါကို
မင်းဘယ်လို အသုံးချမလဲ?

resource : Jack Ma "
Interview with business
magnate on Voices of China".

Want your school to be the top-listed School/college in Thingangyun?
Click here to claim your Sponsored Listing.

Telephone

Website

Address


Thingangyun