N.Y.T

N.Y.T

Share

Photos from N.Y.T's post 25/10/2021

အော်ဒါ
မှာလ်ု့ရပါတယ်နော်....
​အိမ်ချက် ကြက်သားဒံပေါက်ပါ...

26/07/2021

ြစ်ပြီးပြီ
ျတော့ပေမယ့်
#လူကကောင်းမလာဘူး_ဆရာ

္ခဏာများ_နှင့်_အကြံပြုချက်များ
အမျိုးတွေအတွက်မိမိ မိသားစုအဖြစ်နှင့်တိုက်ဆိုင်လို့ဝေမျှပါတယ် ခင်ဗျ

1. အားမရှိဘူး ၊ နုံးနေတယ်၊ မလှုပ်ချင်ဘူး
2. အသက်ရှူရခက်တယ်၊ နည်းနည်း လှုပ်တာနဲ့ မောတယ်
3. ရင်ကြပ်တယ် သလိပ်ထွက်တယ်
4. ချောင်းဆိုးတယ် (အေးရင် ပိုဆိုးတယ်)
5. အစားမစားချင်ဘူး ၊ အစာဝင်ရင် ပျို့တယ် အန်တယ်
6. ခေါင်းကိုက်တယ်
7. ဘာလုပ်လုပ် အာရုံမလာဘူး (စိတ်မဝင်စားဘူး)
8. စိတ်ဖိစီးမှုများတယ်၊ ကြောက်တယ် လန့်နေတတ်တယ်
9. ည အိပ်မပျော်ဘူး
___________

1. #အားမရှိဘူး_နုံးနေတယ်

နေမကောင်းတုန်း အစားဘယ်လောက်ပဲ စားတယ်ပြောပြော ကောင်းနေစဉ်ကလောက် မစားနိုင်ပါဘူး၊
Virus အသစ်ကို သတ်ဖို့အတွက် ကိုယ်ခံအားက အစွမ်းကုန်ထုတ်ပြီး တိုက်ထားရတဲ့အတွက် #ခရီးအဝေးကြီးကိုပြေးထားရတဲ့_မာရသွန်အပြေးသမား လို ပင်ပန်းနွမ်းနယ်ပြီး အားမရှိဖြစ်ကာ နည်းနည်းလှုပ် လိုက်တာနဲ့ မောနေရတာပါ။

- ပုံမှန်အတိုင်း အစာပြန်စားပါ (ထမင်း၊ အသား/ငါး၊ အဆီ၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံမျှတအောင်စားပါ)
- ရေများများသောက်ပါ (ရေနွေးဖြစ်ဖြစ်၊ ရေအေးဖြစ်ဖြစ်ရပါတယ်)
- ချွေးထွက်များပါက (သွေးတိုးမရှိပါက ဓာတ်ဆားရည်သောက်ပါ)
- အားဆေးဆိုသည့် Multivitamins များကို အရမ်းကြီးအားမကိုးကြပါနဲ့ (Multivitamins တွေဟာ => ဟင်းသီးဟင်းရွက်တွေနဲ့ တူတူပဲမို့ အားဆေးလို့ခေါ်ပေမယ့် အားရှိစေတဲ့ဆေး မဟုတ်ပါဘူး)

2. အသက်ရှူရခက်တယ်၊ နည်းနည်း လှုပ်တာနဲ့ မောတယ်

Virus ဟာ အဆုတ်ကို အဓိက ဖျက်ဆီးတာဖြစ်လို့ လူတိုင်းမှာ အနည်း နဲ့ အများတော့ အဆုတ်က ဒဏ်ဖြစ်ပါတယ်
SpO2 ကျခဲ့တဲ့ လူနာတွေက ဒဏ်ရာပိုပြီးကြီးပါတယ် ၊ ရောဂါ သက်သာလာပြီး SpO2 ပြန်တက်လာပေမယ့်
ဒဏ်ရာတွေကို ကုစားဖို့ အချိန်ယူရပါသေးတယ်
ဒဏ်ရာတွေ ပို မဆိုးလာစေဖို့လည်း ဂရုစိုက်ရပါတယ်

- ဆေးလိပ် လုံးဝ (လုံးဝ) မသောက်ပါနဲ့
- ပြင်းထန်တဲ့လှုပ်ရှားမှုတွေ မလုပ်ပါနဲ့
- အသက်ရှူလေ့ကျင့်ခန်း မှန်မှန်လုပ်ပါ

3. ရင်ကြပ်တယ် သလိပ်ထွက်တယ်

ရောဂါပြင်းထန်တုန်းက ထွက်ထားပြီး ခဲနေတဲ့ ချွဲသလိပ်တွေ ပြန်ပျော်နေတာ ဖြစ်လို့ သလိပ်ထွက်ပါတယ်၊
- Position ခဏခဏ ပြောင်းပေးခြင်း
- ကျောကုန်းကို ပုတ်ပေးခြင်း
- ရေနွေးသောက်ပေးခြင်း
- ရေနွေးငွေ့ရှူပေးခြင်း (ခဏပဲလုပ်ပါ အလွန်အကျွံမလုပ်ပါနဲ့ ရေပူငွေ့တွေက အသက်ရှူလမ်းကြောင်းကို အပူလောင်စေပြီး ပြန်ပြီးရောင်စေနိုင်ပါတယ်)

သလိပ်စွန့်ပစ်မှုကလည်း အလွန် အရေးကြီးပါတယ် (တပါးသူများကို ကူးစက်မှုမရှိအောင် အထူးဂရုစိုက်ပြီး စွန့်ပစ်ဖို့လိုပါတယ်)

4. ချောင်းခြောက်ဆိုးတယ်

အဆုတ်ကရောင်ထားတော့ လေပြွန်လေးတွေ ကျဉ်းသွားတဲ့အတွက် ရှူတဲ့လေကအေးပြီး ခြောက်သွေ့တဲ့အခါ၊ လှဲအိပ်တဲ့အခါ လည်ချောင်းယားပြီး ချောင်းဆိုးပါတယ်

- နွေးနွေးထွေးထွေးနေပါ (စွပ်ကျယ်ဂျိုင်းပြတ်၊ လက်ပြတ်၊ ဘောင်းဘီတို ထက်စာရင် T-shirt, ဘောင်းဘီရှည်နှင့်နေပါ)
- ရေနွေးသောက်ပေးပါ (ချောင်းဆိုးချင်လာလျှင် ရေနွေးကို နည်းနည်း နည်းနည်း ခဏ ခဏ သောက်ပေးပါ)
- ဆားရည် + ရေနွေးဖြင့်ပါးလုတ်ကျင်းပါ (ပါးလုတ်ကျင်းတာ မျိုချတာမဟုတ်လို့ သွေးမတိုးပါဘူး) ဆားရည်မသုံးချင်လျှင် (ပိုက်ဆံပေါလျှင်) Betadine mouthwash သုံးပါ
- ငုံဆေးလေးငုံထားပါ (Lozenges - အဆင်ပြေရာ/ဝယ်လို့ရတာ ငုံလို့ရပါတယ်)
- မသက်သာရင် သောက်နေကျ ချောင်းဆိုးပျောက်ဆေး သောက်ပါ။

5. အစားမစားချင်ဘူး၊ အစာဝင်ရင် ပျို့တယ်

သာမန်နေကောင်းကာစ နလန်ထ လူနာတွေဟာ ဖျားနာတုန်းက ကုန်ဆုံးသွားတဲ့ စွမ်းအင်တွေ ဖြည့်ဖို့အတွက် အစားများများပြန်စားကြပါတယ်၊ (နေကောင်းတာနဲ့ စားချင်သောက်ချင်စိတ် တိုးလာတယ်ပေါ့)
ကိုဗစ်လူနာတွေကြတော့
နောက်ဆက်တွဲအနေ နဲ့ အနံ့ပျောက်တာ၊ အရသာပျက်တာတွေကြောင့် (အာရုံ နှစ်ပါးချို့တဲ့ပြီး) စားချင်သောက်ချင်စိတ် မရှိကြပါဘူး၊
တချို့ ရောဂါပြင်းပြင်းထန်ထန် ခံစားလိုက်ရတဲ့ လူတွေမှာ ရောဂါခံစားရစဉ် အစာစားလည်း မောတဲ့အတွက် ရောဂါသက်သာလာလည်း အစာစားရမှာ ကြောက်နေတတ်ကြပါတယ်။
Virus နဲ့ ကိုယ်ခံအား တိုက်ပွဲကြီးဖြစ်တော့ ခန္ဓာကိုယ်တစ်ခုလုံး ရောင်ရမ်းမှုတွေဖြစ်တဲ့အတွက် အစာအိမ်နှင့်အူလမ်းကြောင်းပါ ထိခိုက်မိရင် အစာအိမ်အနာအခံရှိသူတွေ ရောဂါပြန်ကြွတတ်ပါတယ်
အူက ကောင်းကောင်း မလှုပ်တဲ့အခါ (Gastric emptying ကြာတဲ့အတွက်) စားလိုက်တာနဲ့ ရင်ပြည့်ပြီး အန်ချင်တာပါ။

- မစားချင်လည်း၊ အရသာမရှိလည်း ကြိုးစားပြီး စားကြပါ။
- အများကြီး မစားပဲ နည်းနည်းနဲ့ ခဏခဏ စားပါ
- ဘယ်လိုမှ ကိုမရဘူး နည်းနည်းဝင်တာနဲ့ကို ပျို့လာတယ်၊ အန်ပါတယ် ဆိုတဲ့ သူများကတော့ (Motilium M (သို့မဟုတ်) Maxalon ဆိုတဲ့ဆေးကို မနက်စာ၊နေ့လည်စာ၊ ညစာ မစားမီ မိနစ် (၃၀) ကြိုသောက်ပါ။

အရေးတကြီးမှာလိုတာက

အရသာမရတာဟာ လျှာပေါ်မှာရှိတဲ့ အရသာခံတဲ့ အဖုလေးတွေ ခေတ္တခဏ အလုပ်မလုပ်နိုင်တာဖြစ်ပြီး သူ့အလိုလိုပြန်ကောင်းပါတယ်
#အရသာမရဘူး (ပွင့်ထွက်သွားအောင် ဆိုပြီး) အရသာပြင်းလွန်းတဲ့ ချဉ်လွန်း စပ်လွန်း ပူလွန်းတဲ့ အစားများ ကို မစားကြပါနှင့်
တကယ်ပွင့်ထွက်သွားမှာက အစာအိမ်ပါ 😰 ပါးစပ်ကသာ အရသာမရတာ စားတဲ့ဟာတွေရဲ့ ဒဏ်ကို ကျန်းမာရေးသိပ်မကောင်းတဲ့အစာအိမ်က ခံရပြီး အစာအိမ်ပေါက်သွားပါလိမ့်မယ်

6. ခေါင်းကိုက်တယ် ၊ (7) ဘာလုပ်လုပ် အာရုံမလာဘူး (စိတ်မဝင်စားဘူး) ၊ (8)စိတ်ဖိစီးမှုများတယ်၊ ကြောက်တယ် လန့်နေတတ်တယ်၊ (9) ည အိပ်မပျော်ဘူး

ကျန်တဲ့ အချက်တွေကတော့ စိတ်နဲ့ပဲ ဆိုင်တာပါ။
ကျွန်တော် စာတစ်ပုဒ်ရေးဖူးပါတယ် (Pandemic stress reactions ) ကပ်ရောဂါကို အကြောက်ကြီးကြောက်နေရာက ကိုယ့်မှာဖြစ်လိုက်ရတဲ့ အခါ အကြောက်ကြီးကြောက်သွားတဲ့အတွက်

ပြန်ဖြစ်ရင် ဘယ်လိုဖြစ်မှာလဲ
ငါ့ ခန္ဓာကိုယ်ကြီးရော ဘယ်လောက်ပျက်စီးသွားပြီလဲ
အပေါ်က ပြောခဲ့တဲ့ လက္ခဏာတွေခံစားရတော့တကယ်ပြန်ကောင်းတာရောဟုတ်ရဲ့လား

စတဲ့ အတွေးတွေနဲ့က ညအိပ်မပျော်ပဲ အထက်ပါ (6,7,8,9) ကို ခံစားကြရပါတယ်။

- စိတ်အေးအေးထားပါ
- အဆိုးဆုံးအခြေအနေကို ကျော်ဖြတ်ပြီးပြီ ကောင်းလာမှာပါ
- ချက်ချင်းကြီး မကောင်းနိုင်ပေမယ့် တဖြည်းဖြည်း တိုးတက်လာပါလိမ့်မယ်
- Post-covid မှာ ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုတဲ့ သတင်းတွေဖတ်ပြီး စိုးရိမ်မနေပါနဲ့ (ကိုယ့်အလုပ်ကိုယ်လုပ်ပါ နားနားနေနေ နေ၊ အသက်ရှူလေ့ကျင့်ခန်းလုပ်၊ အစားဝင်အောင်စား၊ အိပ်ပျော်အောင်အိပ်
- ဖြစ်နိုင်တယ် ဒါပေမယ့် ရှားတယ်လေ (တစ်ကမ္ဘာလုံးမှာ တစ်ယောက်လောက်တွေ့လည်း) ဆောင်းပါးရေးတော့ (လူကိုခွေးက ကိုက်တာ သတင်းမဟုတ်ပေမယ့် ခွေးကိုလူကသွားကိုက်တာရေးတော့) နာမည်ကြီးတာပေါ့
- အိပ်ပျော်ရင် အားလုံးသက်သာလာပါလိမ့်မယ်
- ဘယ်လိုမှ အိပ်မရရင်တော့ Melatonin 3mg သောက်အိပ်ပါ။
(Melatonin နဲ့မရရင်တော့ ဆရာဝန်နဲ့ဆွေးနွေးပြီး စိတ်ငြိမ်ဆေးသာသောက်ပါ)

သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr ဘုန်းစည်သူလွင်
09:20 am/24.07.2021

ါဒေါက်တာခင်ဗျ

10/07/2021

ှင့်ကြက်ဥပြုတ်
===================
လူအများစားသုံးနေကြတဲ့ ကြက်ဥဟာ စားရင်အရသာရှိတယ် အားရှိတယ် လို့ သိထားပြီးကြမှာပါ

#ကြက်ဥမှာprotein ဓာတ်အပြည့်အဝပါဝင်ပြီး နလံထလူနာတွေ သွေးအားနည်းသူတွေအတွက် စားပေးသင့်တယ်လို့ အဟာရဗေဒ ပညာရှင်တယောက်ရေးထားတာဖတ်ဖူးပါတယ်

#တရုတ်ဆေးကျမ်းထဲမှာလဲ ကြက်ဥသည် အားကိုဖြစ်စေ၏ သန္ဓေကိုရစေ၏ အသားကိုလှစေ၏ ဝမ်းကိုမှန်စေ၏ နှလုံးကိုသန်စေ၏ အဆုတ်ကို ကောင်းစေ၏လို့ ရေးထားပါတယ်

#ဒါပေမဲ့ကြက်ဥဟာ အခုခေတ်ပေါ်ရောဂါ Covid19 ကို တနည်းတဖုံးနဲ့ကာကွယ် ကုသနိုင်တယ်ဆိုတာ ပညာရှင်တွေသိခဲ့ကြတာ သိပ်မကြာသေးပါဘူး

#ကျွန်တော်သိသလောက်တော့ ကိုရီးယား ဂျပန် နဲ့ အီတလီဆရာဝန်တွေက Covid19 ရောဂါသည်တွေကို ကာကွယ်ကုသဖို့အတွက်ကော အားရှိပြီးဆေးဒဏ်ခံနိုင်ဖိူ့အတွက်ပါ ဆေးရုံတွေမှာ နေ့စဉ် ကြက်ဥပြုပ်ကို စကျွေးခဲ့တယ်လို့ သိရပါတယ်

#ကြက်ဥမှာပါတဲ့အကာဟာ အဆုတ်ကြွက်သားတွေကို အားကောင်းစေပြီး အနှစ်ဟာ အသက်ရူပြွန်ကို သန့်စင်စေတယ် လိူ့လဲ ဆိူကြပါတယ်

#မြန်မာပြည်ကCovid19 ကုသပေးနေတဲ့ ဆရာဝန်တွေဟာ လဲ လူနာကို တနေ့ကို ကြက်ဥပြုပ် ၂ လုံးနဲ့ ဂျင်းပြုပ်ရည်နဲ့တွဲ ပြီး ကုသတယ်လို့လဲ ကြားသိရပါတယ်

#ဂျင်းပြုပ်ရည်ရဲ့Covid တိုက်ဖျက်တဲ့အစွမ်းကို ကျွန်တော့်ပိူ့စ်တခုတင်ရေးပြီးသားမို့ ဒီဆောင်းပါးမှာထဲ့မရေးတော့ပါဘူး

#ဝေဘါဂီဆေးရုံကCovid19 ခလေး လူနာတွေကို ကုသပေးနေတဲ့ ခလေးအထူးကု ဆရာဝန်က သူ့လူနာ ခလေးတွေကို ကြက်ဥပြုပ်နေ့တိုင်းကျွေးခိုင်းပြီး ကြက်ဥပြုပ်တွေ များများစားတယ်လို့ ကြားရတဲ့နေ့ဆိုရင် သူ့ခလေးလူနာတွေအတွက် စိတ်ချမိတယ်လို့ မနေ့က DVB မှာပြောသွားပါတယ်

#ဒီအချက်တွေကြောင့်ဒီရောဂါကို ကာကွယ်ဖို့အတွက်လဲ ကြက်ဥပြုပ်ဟာ အထောက်အကူပြု ကာကွယ်ဆေးတခွက်လိုဖြစ်နေပါပြီ

#လွယ်လွယ်ကူကူလဲဝယ်လို့ရတဲ့ကြက်ဥကို တနေ့ အနဲဆုံး ၂ လုံးပြုပ်စားပေးကြပါ

#ကြက်ဥကိုပြုပ်ပဲစားရမှာပါနော် Half fried ကြော်စားတာ မကျက်တကျက်ပြုပ်စားတာ မွှေကြော်ကြော်စားတွေ လုပ်လို့မရပါဘူး

#ကြက်ဥကိုအလုံးလိုက် ကျက်သည်အထိပြုပ်မှသာ ကြက်ဥကပေးတဲ့ အဟာရအပြည့်အဝ ရမှာပါ

#ဒါမှမဟုတ်ရင်ကြက်ဥကိုပြုပ် ခပ်ကြီးကြီးလေးတွေလှီး ကြက်သွန်နီ ကြက်သွန်ဖြူ ခရမ်းချဉ်သီးလေးနဲ့ ဆီလေး ဆားလေးထဲ့ သုတ်စားပေးမယ်ဆိုရင်တော့ ခရမ်းချဉ်သီး ကြက်သွန် ဖြူ/နီ တို့ရဲ့ Probiotic ဓာတ်တွေပါ ပေါင်းသွားလို့ အရသာလဲရှိ Covid19 တိုက်ဖျက်ဖို့အတွက် ပိုကောင်းတဲ့ ဆေးတခွက်ဖြစ်သွားပါကြောင်း တင်ပြရင်း

Want your business to be the top-listed Clothing Store in Thingangyun?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Thingangyun
YANGON