BP SCORE
08/05/2026
သွေးတိုးရှိသူများ သတိထားရမယ့် လက္ခဏာအချို့
သွေးဖိအား အရမ်းမြင့်လာတဲ့အခါမှာတော့ ခန္ဓာကိုယ်က အချက်ပြတတ်ပါတယ်။
⭕️ မနက်ပိုင်းမှာ ခေါင်းနောက်ဘက်က ထိုးပြီးကိုက်ခြင်း။
⭕️ ဇက်ကြောတက်ခြင်း သို့မဟုတ် ပုခုံးသားများ တောင့်တင်းခြင်း။
⭕️ မူးဝေခြင်း၊ အမြင်အာရုံ ဝေဝါးလာခြင်း။
⭕️ ရင်တုန်ခြင်း သို့မဟုတ် အသက်ရှူရ ခက်ခဲလာခြင်း။
သွေးတိုးရှိ၊ မရှိကို သိနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက "သွေးပေါင်ချိန်ခြင်း" ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အောက်ပါအခြေအနေရှိသူတွေ ပိုဂရုစိုက်သင့်ပါတယ်
⭕️ မိသားစုထဲမှာ သွေးတိုးရောဂါအခံ ရှိသူများ။
⭕️ အငန်စာ (ဆား) အစားများသူများ။
⭕️ ကိုယ်လက်လှုပ်ရှားမှု နည်းပါးသူများ။
⭕️ စိတ်ဖိစီးမှု များနေသူများ။
သွေးတိုးနေတာ မသိဘဲ မနေရအောင် ဘာလုပ်ရမလဲ
✅ ပုံမှန်မှတ်တမ်းတင်ထားပါ။
✅ အိမ်မှာပဲဖြစ်ဖြစ်၊ ဆေးခန်းမှာပဲဖြစ်ဖြစ် တစ်ပတ် တစ်ကြိမ်လောက် ပုံမှန်တိုင်းပြီး စာအုပ်လေးနဲ့ မှတ်ထားသင့်ပါတယ်။
✅ အခုခေတ်မှာ အိမ်သုံး သွေးပေါင်ချိန်တိုင်းစက်တွေ (Digital BP Monitor) က သုံးရလွယ်ကူပြီး တိကျမှုရှိတာမို့ အိမ်မှာ ဆောင်ထားတာ အကောင်းဆုံးပါ။
✅ လူနေမှုပုံစံကို ပြောင်းလဲပါ။
ဆားလျှော့စားခြင်း၊ လမ်းလျှောက်ပေးခြင်းနဲ့ အိပ်ရေးဝဝ အိပ်စက်ခြင်းက သွေးဖိအားကို အများကြီး ထိန်းညှိပေးနိုင်ပါတယ်။ မိမိကိုယ်တိုင်သာမက အိမ်က လူကြီးမိဘတွေကိုလည်း သွေးပေါင်ချိန် ပုံမှန်တိုင်းပေးပြီး ဂရုစိုက်ပေးဖို့ မမေ့ပါနဲ့နော်...
#သွေးပေါင်ချိန်စက် #သွေးပေါင်ချိန်
"အားလုံးပဲ ပျော်ရွှင်စရာ သင်္ကြန်ဖြစ်ပါစေ"
"နှစ်ဟောင်းက အညစ်အကြေးတွေကို သင်္ကြန်ရေအေးအေးနဲ့ ဆေးကြောသန့်စင်ရင်း... မဟာလောကုမ္ပဏီမှ မိဘပြည်သူများ၊ မိတ်ဖက်လုပ်ငန်းရှင်များနှင့် ဝန်ထမ်းမိသားစုဝင်များအားလုံး နှစ်သစ်မှာ စိတ်သစ်၊ လူသစ်နဲ့ ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 💦🙏
အားလုံးပဲ နှစ်သစ်အတာအသင်္ကြန်မှာ ဘေးဘယာဝေးကွာပြီး လိုအင်ဆန္ဒများ ပြည့်ဝကြပါစေ။
#သင်္ကြန်
09/04/2026
သွေးတိုး၊ ဆီးချိုရှိသူတွေ သင်္ကြန်လည်မယ်ဆိုရင်...
ဒါတွေကို သိထားဖို့ လိုအပ်ပါတယ်
မကြာခင်မှာ မြန်မာတို့ရဲ့ နှစ်သစ်ကူး အတာသင်္ကြန်အခါသမယကို ရောက်ရှိတော့မှာဖြစ်ပါတယ်။ ပျော်ရွှင်စရာ ကောင်းလှတဲ့ ဒီလိုအချိန်မျိုးမှာ ကိုယ့်အိမ်က မိဘဘိုးဘွားတွေနဲ့ သွေးတိုး၊ ဆီးချို ဝေဒနာရှင်တွေ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ နှစ်သစ်ကို ကူးပြောင်းနိုင်ဖို့ အောက်ပါအချက်လေးတွေကို အထူးသတိပြုစေချင်ပါတယ်ခင်ဗျာ။
(1) အပူရှိန်ကို သတိပြု၊ ရေဓာတ်ကို အလေးပေးပါ။
အရမ်းပူတဲ့ ရာသီမျိုးမှာ သွေးတိုးဝေဒနာရှင်တွေအတွက် နှလုံးအလုပ်လုပ်နှုန်း ပိုမိုမြန်ဆန်လာတတ်ပါတယ်။ ဒါကြောင့် နေပူပြင်းတဲ့ နေ့လယ်ခင်းအချိန်တွေမှာ အပြင်ထွက်တာထက် အေးမြတဲ့ အရိပ်အောက်မှာ အနားယူဖို့ တိုက်တွန်းပေးပါ။ ရေဓာတ်မခန်းခြောက်အောင် ရေနဲ့ ဓာတ်ဆားရည်ကို မကြာခဏ သောက်ဖို့မမေ့ပါနဲ့။
(၂) စတုဒိသာ အလှူနှင့် ဆီးချိုဝေဒနာ
မြန်မာ့ဓလေ့ စတုဒိသာကျွေးမွေးတဲ့ မုန့်လုံးရေပေါ်နဲ့ အတာမုန့်မျိုးစုံဟာ အရသာရှိလှပေမယ့် ဆီးချိုဝေဒနာရှင်တွေအတွက်တော့ အချိုဓာတ် အလွန်များပြားနိုင်ပါတယ်။ စားချင်တယ်ဆိုရင်တောက် နည်းနည်းလောက်ပဲ မြည်းပါ။
(၃) အေးမြတဲ့အတာရေနဲ့ ကျန်းမာရေး
နေပူထဲက ပြန်လာပြီး ရုတ်တရက် ရေအေးအေးနဲ့ လောင်းချတာမျိုးက သွေးတိုးရှိသူတွေအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ "အေးအေးလူလူ နားပြီးမှ ရေချိုးပါ" လို့ သတိပေးပေးပါ။ ဆီးချိုရောဂါ အခံရှိသူတွေဟာ ကြာလာတဲ့အခါ ခြေဖျား၊ လက်ဖျားတွေမှာ ရှိတဲ့ အာရုံကြောတွေ ထုံကျင်လာတတ်ပါတယ်။ ဒါကြောင့် သင်္ကြန်မှာ ရေကစားရင်း ခဲလုံးနင်းမိတာ၊ ဖန်စူးတာ ဒါမှမဟုတ် ရှမိတာမျိုး ဖြစ်တဲ့အခါ နာကျင်မှုကို ချက်ချင်းမသိနိုင်ဘဲ ဒဏ်ရာကြီးလာမှ သတိထားမိတတ်ကြပါတယ်။သာမန်ရှနာလေးကနေ အနာဆွေးဖြစ်တာ၊ ပြည်တည်တာတွေအထိ လွယ်လွယ်ကူကူ ဖြစ်သွားနိုင်ပြီး ကုသရတာလည်း ပိုခက်ခဲပါတယ်။
"မိဘဘိုးဘွားတို့ ကျန်းမာမှ သားသမီးမြေးမြစ်တို့ ပျော်ရွှင်ရမှာပါ"
ဒီနှစ်သင်္ကြန်မှာ ကုသိုလ်လည်းရ၊ ကျန်းမာရေးလည်း မထိခိုက်စေဖို့ ကိုယ့်ရဲ့ မိဘ၊ ဆွေမျိုးတွေထဲမှာ သွေးတိုး၊ ဆီးချို ရှိသူတွေကို ဒီသတင်းစကားလေးနဲ့အတူ ဂရုတစိုက် ပြုစုစောင့်ရှောက်ပေးလိုက်ကြရအောင်ဗျာ။
မြန်မာပြည်သူပြည်သားအပေါင်း ဘေးဘယာဝေးကွာပြီး ပျော်ရွှင်စရာ အတာသင်္ကြန်အခါသမယ ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။ 🙏✨
01/04/2026
လက်မောင်းပတ်စက် (Upper Arm) နဲ့ လက်ကောက်ဝတ်စက် (Wrist) ဘယ်အချက်တွေက ကွာခြားတာလဲ? 🩺✨
"ကိုယ့်ကျန်းမာရေးအတွက် သွေးပေါင်ချိန်စက် ဝယ်တော့မယ်ဆိုရင် ဘယ်အမျိုးအစားက ကိုယ်နဲ့ အကိုက်ညီဆုံး ဖြစ်မလဲ? 🧐
လက်ကောက်ဝတ်စက်တွေက သယ်ဆောင်ရလွယ်ကူပြီး အပြင်သွားရင်းတိုင်းဖို့ အဆင်ပြေပေမဲ့၊ ဆေးပညာအရ တိကျသေချာတဲ့ 'Clinical Accuracy' ကို လိုချင်တယ်ဆိုရင်တော့ Upper Arm (လက်မောင်းပတ်) အမျိုးအစားက ပိုမိုအားသာချက်ရှိပါတယ်။
ဘာကြောင့် လက်မောင်းပတ်စက်ကို ပိုပြီး ယုံကြည်စိတ်ချရလဲဆိုတာ အချက် (၃) ချက်နဲ့ လေ့လာကြည့်ရအောင်ပါ။ 👇
၁။ နှလုံးနဲ့ တူညီတဲ့ အမြင့်မှာ ရှိနေခြင်း (Level with Heart)
သွေးပေါင်ချိန် တိုင်းတာတဲ့အခါ တိကျတဲ့အဖြေရဖို့ တိုင်းတာတဲ့နေရာဟာ နှလုံးနဲ့ တစ်တန်းတည်း ရှိနေဖို့ လိုပါတယ်။ လက်မောင်းပတ်စက်က သဘာဝအတိုင်း နှလုံးနဲ့ အမြင့်ချင်း တူညီနေတာကြောင့် အမှားအယွင်း နည်းပါးစေပါတယ်။
၂။ သွေးလွှတ်ကြောမကြီးကို တိုက်ရိုက်တိုင်းတာခြင်း (Brachial Artery)
လက်မောင်းမှာရှိတဲ့ သွေးလွှတ်ကြော (Brachial Artery) ဟာ လက်ကောက်ဝတ်က သွေးကြောတွေထက် ပိုမိုနက်ရှိုင်းပြီး ပိုမိုကြီးမားပါတယ်။ ဒါကြောင့် နှလုံးက ညှစ်ထုတ်လိုက်တဲ့ ဖိအားကို ပိုမိုတည်ငြိမ်ပြီး ခိုင်မာစွာ တိုင်းတာနိုင်တာဖြစ်ပါတယ်။
၃။ ပတ်ရပုံ ပိုမိုကျစ်လစ်ခြင်း (Cuff Placement)
လက်ကောက်ဝတ်မှာ တိုင်းတဲ့အခါ လက်အနေအထား အနည်းငယ် လွဲချော်တာနဲ့ အဖြေက ပြောင်းလဲသွားနိုင်ပါတယ်။ လက်မောင်းပတ်စက်ကတော့ လက်မောင်းသားနဲ့ အပြည့်အဝ ထိကပ်နေတာကြောင့် အိမ်မှာတင် ဆေးခန်းရောက်သွားသလိုမျိုး တိကျတဲ့ စံချိန်စံညွှန်းကို ရရှိစေတာပါ။
🛡️ BP Score ကို ဘာကြောင့် ရွေးချယ်သင့်သလဲ?
✅ ဆေးခန်းသုံး စံချိန်စံညွှန်းအတိုင်း အိမ်မှာပဲဖြစ်ဖြစ်၊ ရုံးမှာပဲဖြစ်ဖြစ် စိတ်ချလက်ချ တိုင်းတာနိုင်မယ်။
✅ အသုံးပြုရ လွယ်ကူပြီး လက်မောင်းပတ် (Cuff) ကို သေချာကျနစွာ ပတ်နိုင်အောင် ဒီဇိုင်းထုတ်ထားလို့ လူကြီးမိဘတွေအတွက်လည်း အဆင်ပြေတယ်။
✅ အထူးခြားဆုံးက တိုင်းလို့ရတဲ့ အဖြေကို မြန်မာလို အသံထွက်ဖတ်ပြပေးလို့ မျက်စိမကောင်းတဲ့သူတွေအတွက်ပါ အဆင်ပြေစေမှာပါ။
"ကျန်းမာရေးဆိုတာ စမ်းသပ်လို့ မရတဲ့အရာမို့... အတိကျဆုံးနဲ့ အသေချာဆုံးဖြစ်ဖို့ BP Score ကို ယုံကြည်လိုက်ပါ!" ✅☀️
26/03/2026
"ဒီနေ့ မေမေတို့၊ ဖေဖေတို့ သွေးပေါင်ချိန် တိုင်းပြီးပြီလား?
ကဲ... ဒီနေ့ မနက်ခင်းအတွက် သွေးပေါင်ချိန် တိုင်းပြီးတဲ့သူတွေ 'Done' လို့ Comment ရေးခဲ့ပေးဦးနော်! ☀️🩺"
မေမေတို့၊ ဖေဖေတို့ ကျန်းမာရေးအတွက် အကောင်းဆုံး Morning Routine ကတော့ မနက်စာ မစားခင် သွေးပေါင်ချိန် တိုင်းတာပါပဲ။
သွေးပေါင်ချိန် အဖြေလေးတွေကရော... 🟢 ပုံမှန် (အေးဆေးပဲ) 🟡 နည်းနည်းတက်နေတယ် (အငန်လျှော့စားမယ်) 🔴 အရမ်းတက်နေတယ် (ဆရာဝန်နဲ့ ပြမယ်)
ဘယ်လိုပဲဖြစ်ဖြစ် BP SCORE ကတော့ မေမေ၊ ဖေဖေတို့ အနားမှာ အမြဲရှိနေမှာပါ။
(၂) နှစ်အာမခံပါတဲ့အတွက် ဘာမှပူစရာမလိုဘူးနော်...
26/03/2026
သွေးတိုးရှိသူများ ရေချိုးရင် "လုံးဝ (လုံးဝ)" ရှောင်ကြဉ်ရမည့် အချက် (၅) ချက် 🚫
သွေးတိုးရှိသူတွေ ရေချိုးခန်းထဲမှာ ရုတ်တရက် မူးလဲတာ၊ လေဖြတ်တာတွေဟာ တကယ်တော့ "ရေချိုးနည်း" မှားယွင်းမှုနဲ့ ခန္ဓာကိုယ်အပူချိန် ရုတ်တရက် ပြောင်းလဲသွားတာကြောင့် ဖြစ်ရတာ များပါတယ်။ ဘေးကင်းစေဖို့ အောက်ပါအချက်တွေကို လုံးဝရှောင်ကြဉ်သင့်ပါတယ်။
၁။ ခေါင်းပေါ်ကို ရေစတင်လောင်းချခြင်း (အန္တရာယ်အရှိဆုံး) 🚫
ဒါက အဖြစ်အများဆုံးနဲ့ အန္တရာယ်အရှိဆုံး အမှားပါ။ ရေအေးအေးကို ခေါင်းပေါ် တန်းလောင်းလိုက်ရင် ဦးနှောက်သွေးကြောတွေ ရုတ်တရက် ကျဉ်းသွားပြီး သွေးပေါင်ချိန်ကို တဟုန်ထိုး တက်သွားစေပါတယ်။ ဒါဟာ ဦးနှောက်သွေးကြော ပေါက်တာ (သို့) လေဖြတ်တာကို ဖြစ်စေနိုင်ပါတယ်။
အမှန်ကတော့ ခြေထောက်ကနေ စပြီး ရေလောင်းကာ အပေါ်ပိုင်းကို ဖြည်းဖြည်းချင်း တက်ရပါမယ်။
၂။ ရေပူလွန်း (သို့) ရေအေးလွန်းခြင်း 🚫
ရေအေးလွန်းလျှင်သွေးကြောတွေ ကျဉ်းသွားပြီး သွေးပေါင်ချိန် တက်စေပါတယ်။
ရေပူလွန်းလျှင်လည်း သွေးကြောတွေ ပွင့်သွားပြီး သွေးပေါင်ချိန်ကို ရုတ်တရက် ကျဆင်းသွားစေတတ်ပါတယ်။ အဲဒီအခါ နှလုံးက သွေးပိုညှစ်ရလို့ နှလုံးတုန်တာ၊ မူးလဲတာမျိုး ဖြစ်တတ်ပါတယ်။
အမှန်ကတော့ ခန္ဓာကိုယ်အပူချိန်နဲ့ မျှတတဲ့ ရေနွေးဦး (သို့) ရေခပ်နွေးနွေးကိုသာ သုံးပါ။
၃။ အစားစားပြီးပြီးချင်း ချက်ချင်း ရေချိုးခြင်း 🚫
အစားစားပြီးချိန်မှာ သွေးတွေက အစာခြေစနစ်ဆီကို စုပြုံသွားပါတယ်။ အဲဒီအချိန်မှာ ရေချိုးလိုက်ရင် သွေးလှည့်ပတ်မှု လမ်းကြောင်း ပြောင်းလဲသွားပြီး နှလုံးကို ဝန်ပိစေသလို သွေးပေါင်ချိန်ကိုလည်း မတည်မငြိမ် ဖြစ်စေပါတယ်။
အမှန်ကတော့ အစားစားပြီး အနည်းဆုံး မိနစ် ၃၀ ကနေ ၁ နာရီခန့် ကြာမှ ရေချိုးပါ။
၄။ ပြင်းထန်တဲ့ လေ့ကျင့်ခန်းလုပ်ပြီးချင်း (သို့) ချွေးထွက်နေစဉ် 🚫
လေ့ကျင့်ခန်းလုပ်ပြီးစမှာ နှလုံးခုန်နှုန်း မြန်နေပြီး သွေးကြောတွေ ပွင့်နေပါတယ်။ အဲဒီအချိန်မှာ ရေအေးနဲ့ ချက်ချင်း ရေချိုးချလိုက်ရင် ခန္ဓာကိုယ်က အပူချိန်ပြောင်းလဲမှုကို မခံနိုင်ဘဲ Shock ရနိုင်ပါတယ်။
အမှန်ကတော့ ချွေးတိတ်ပြီး ခန္ဓာကိုယ် အပူချိန် ပုံမှန်ပြန်ဖြစ်မှ (၁၅-၂၀ မိနစ်ခန့် စောင့်ပြီးမှ) ရေချိုးပါ။
၅။ ရေချိုးချိန် ကြာလွန်းခြင်း 🚫
ရေချိုးခန်းထဲမှာ အချိန်အကြာကြီး နေတာဟာ သွေးလှည့်ပတ်မှုကို မူမမှန် ဖြစ်စေပါတယ်။ အထူးသဖြင့် ရေနွေးနဲ့ ကြာကြာချိုးရင် သွေးပေါင်ချိန် ကျပြီး မူးလဲနိုင်ခြေ ပိုများပါတယ်။ အမှန်ကတော့ ရေချိုးချိန်ကို ၁၀ မိနစ်ကနေ ၁၅ မိနစ်ထက် ပိုမကြာသင့်ပါဘူး။
⚠️ အထူးသတိပြုရန်
ရေချိုးခန်းထဲမှာ မူးဝေလာခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူကျပ်ခြင်းများ ခံစားရပါက ရေချိုးတာကို ချက်ချင်းရပ်ပြီး အကူအညီ လှမ်းခေါ်ပါ။ ရေချိုးခန်းထဲတွင် အလွယ်တကူ ကိုင်ထားနိုင်မည့် လက်ကိုင်တန်းများ သို့မဟုတ် ချော်လဲခြင်းမှ ကာကွယ်ရန် ကြမ်းပြင်ကပ်ပြားများ ထားရှိခြင်းက ပိုမိုဘေးကင်းစေပါတယ်။
#သွေးတိုးသမားအတွက် #သွေးပေါင်တိုင်းစက်
Click here to claim your Sponsored Listing.
Category
Contact the practice
Telephone
Website
Address
No 6, Moe Ma Kha Street, Malikha Housing , Thingangyun Township, Thingangyun
Thingangyun
11071
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |