APJ Logistics
08/06/2026
⏩ASEAN Customs Transit System or (ACTS)
▪အာဆီယံ အကောက်ခွန် ဖြတ်သန်းကုန်သွယ်မှု စနစ်ဆိုတာကတော့အာဆီယမ် နိုင်ငံချင်းကုန်သွယ်မှုမှာ နိုင်ငံ တစ်နိုင်ငံကနေ အခြား တစ်နိုင်ငံကို ပို့တဲ့အချိန် ကြားခံအာဆီယမ် နိုင်ငံကို ဖြတ်သန်းတဲ့အခါ Duty/Tax မပေးရပဲ ကုန်ပစ္စည်း တွေ ပိုမိုလွတ်လပ်စွာစီးဆင်းစေဖို့ အာဆီယံနိုင်ငံ အကောက်ခွန် ဌာနအချင်းချင်း ကွန်ပျူတာ စနစ်ချိတ်ဆက် အသုံးပြုတဲ့ စနစ်ဖြစ်ပါတယ်...
▪မလေးရှားကနေ မြန်မာပြည်ကို ကုန်းလမ်းကကုန်ပစ္စည်း ပို့မယ်ဆိုရင် မလေးရှားကနေ Container Truck နဲ့ လာ ထိုင်းကို Transit ဖြတ်ပြီး လာရမှာဖြစ်ပါတယ်..တကယ်စတင် ကျင့်သုံးမယ်ဆိုရင် ကုန်ပစ္စည်း တင်တဲ့ (Point Of Loading Malaysia) ကနေ (Point Of Destination Myanmar) ထိလာတဲ့အခါ Transit Declaration ကြေငြာစရာ မလိုတော့ပဲ လာနိုင်မှာ ဖြစ်သလို၊ မလေးရှား ကုန်တင်ကား ကနေ မြန်မာ နိုင်ငံ ကုန်ချဂိုဒေါင် ရောက်တဲ့အထိ လာနိုင်တဲ့ စနစ်မျိုး ဖြစ်မယ်လို့ ဆိုပါတယ်..
▪သတင်းအချက်အလက်တွေကိုတော့ Port Of Loading ကနေ Port Of Destination အထိ Computer Network System ကတစ်ဆင့် ချိတ်ဆက် အသုံးပြုမာဖြစ်ပြီး၊ နိုင်ငံ ဖြတ်ကျော်လာမယ့် ကုန်တင်ကားတွေအတွက် Cross Border Trade လုပ်ဖို့ နိုင်ငံ ဖြတ်ကျော်ခွင့် လိုင်စင်တွေ ထုတ်ပေးထားမယ်လို့ ဆိုပါတယ်.. အဲ့မှာတော့ Vehicle Inspection Certificate, Driving License တွေကို စနစ်မှာ မှတ် တမ်းတင်ထားမယ်လို့ေဆိုပါတယ်..
▪ACTS စနစ်မှာ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုလုပ် ဖို့စနစ်မှာ မှတ်ပုံတင်ရမယ့် သူတွေကတော့
Importer/ Exporter
Freight Forwarder
Transporter and Sub Contractor
Customs Agent တွေဟာ ဝင်ရောက်မှတ်ပုံတင် နိုင်မာဖြစ်ပါတယ်...
▪ACTS စနစ်ရဲ့ ရည်ရွယ်ချက်ကတော့
1️⃣ကုန်ပစ္စည်းတွေ အာဆီယံ နိုင်ငံချင်းကြားမှာ လွတ်လပ်စွာနဲ့ အချိန်မကြန့်ကြာပဲ စီးဆင်းနိုင်ဖို့
2️⃣ကုန်ပစ္စည်း ပို့ဆောင်မှုစရိတ်၊ အလုပ်သမားစရိတ်၊ အချိန်ကုန် သက်သာစေဖို့
3️⃣ကုန်ပစ္စည်း မှောင်ခိုစီးဆင်းမှုကို ကာကွယ်ဖို့ ရည်မှန်းချက်ထားတယ်လို့ဆိုပါတယ်..
▪ပုံမှာတော့ အရင်က ထိုင်းက ကုန်ပစ္စည်း ကို ဗီယက်နမ်ပို့မယ်ဆိုရင် ထိုင်းကားက လာအိုမှာ ကုန်ပစ္စည်း လှယ်ရပါတယ်..ပီးမှ လာအိုက ကားက ဗီယက်နမ် နယ်စပ်ဂိတ်အထိ ပို့ရတာပါ...
▪ACTS စနစ်မှာတော့ ထိုင်းက ကုန်ပစ္စည်း နဲ့ကုန်ကားဟာ လာအိုမှာ ကုန်ပစ္စည်း လှယ်စရာ ကားလဲစရာမလိုပဲ ဗီယက်နမ် နိုင်ငံထိ နယ်စပ်ဖြတ်ကျော်သွားရောက် နိုင်မာဖြစ်ပါတယ်....
✍
Myanmar Logistics Update News and Customs Clearance
07/06/2026
Bill of Lading B/L ဆိုတာဘာလဲ
Bill of Lading B/Lဆိုသည်မှာ ကုန်ပစ္စည်းပို့ဆောင်ရေး အထူးသဖြင့် ရေကြောင်းပို့ဆောင်ရေးကဏ္ဍတွင် အလွန်အရေးပါသော တရားဝင်စာရွက်စာတမ်းတစ်ခု ဖြစ်ပါတယ် ရိုးရိုးရှင်းရှင်းပြောရလျှင် သင်္ဘောလိုင်း သို့မဟုတ်သယ်ယူပို့ဆောင်ရေးကုမ္ပဏီ Carrier မှ ကုန်ပစ္စည်းများကို လက်ခံရရှိကြောင်းနှင့် သတ်မှတ်ထားသော ဆိပ်ကမ်းသို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ထုတ်ပေးသည့် ဝန်ခံကတိပြုလွှာ ဖြစ်သည်။
Bill of Lading သည် သယ်ယူပို့ဆောင်သူ Carrierက ကုန်ပစ္စည်းများကို သင်္ဘောပေါ်သို့ တင်ဆောင်ပြီးပြီဖြစ်ကြောင်း သို့မဟုတ် လက်ခံရရှိပြီဖြစ်ကြောင်း အတည်ပြုပေးသည့်အထောက်အထား ဖြစ်ပြီး B/L လက်ဝယ်ရှိသူသည် ထိုကုန်ပစ္စည်းကို ပိုင်ဆိုင်ခွင့်ရှိသည် ထို့ကြောင့် ကုန်ပစ္စည်းကို ဆိပ်ကမ်းတွင် ထုတ်ယူရာတွင် Original Bill of Ladingကို ပြသနိုင်မှသာ ကုန်ထုတ်ယူခွင့် ရရှိမည်ဖြစ်သည် original B/Lကို ပျောက်လို့မရပါဘူး။
B/L တစ်စောင်မှာ ဘာတွေပါလေ့ရှိတယ်ဆိုတော့
- Shipper ကုန်ပို့သူ၏ အမည်နှင့် လိပ်စာ။
- Consignee ကုန်လက်ခံမည့်သူ၏ အမည်နှင့် လိပ်စာ။
- Notify Party ကုန်ရောက်ရှိကြောင်း အကြောင်းကြားရမည့်သူ။
- Vessel/Voyage သင်္ဘောအမည်နှင့် ခရီးစဉ်အမှတ်။
- Port of Loading/Discharge ကုန်တင်ဆိပ်ကမ်းနှင့် ကုန်ချဆိပ်ကမ်း။
- Description of Goods ကုန်ပစ္စည်းအမျိုးအမည်၊ အရေအတွက်၊ အလေးချိန်နှင့် ထုပ်ပိုးမှုပုံစံစတာတွေပါဝင်လေ့ရှိပါတယ်။
Bill of Lading (B/L) ရဲ့ လုပ်ဆောင်ပုံကို ပိုမိုရှင်းလင်းသွားအောင် ဥပမာပြောပြရရင် စာရေးနိုင်ငံခြားကနေ ရုံးသုံး ပရိဘောဂ Office Furnitureတွေ မှာယူတယ်လို့ ဆိုပါစို့ Shipper ကုန်ပို့သူက တရုတ်နိုင်ငံက Furniture Factory တစ်ခုဖြစ်ပြီး Carrier သယ်ယူပို့ဆောင်သူက သင်္ဘောလိုင်း ဥပမာ - Maersk သို့မဟုတ် MSCဖြစ်ကာ
Consignee ကုန်လက်ခံမည့်သူက စာရေးသူဖြစ်ပါမယ်။ဒါကို processအရ ကုန်ပစ္စည်းလွှဲပြောင်းဖိုွအတွက် တရုတ်စက်ရုံက ပရိဘောဂတွေကို ကွန်တိန်နာနဲ့ ထည့်ပြီး သင်္ဘောဆိပ်ကို ပို့လိုက်ပါတယ်သင်္ဘောလိုင်းက ကုန်တွေကို လက်ခံရရှိတဲ့အခါ Bill of Lading (B/L) ကို ထုတ်ပေးလိုက်ပါတယ် အဲဒီ B/L ထဲမှာ ပရိဘောဂ သေတ္တာအလုံး ၅၀၊ အလေးချိန် ၅ တန်ကို အခြေအနေကောင်းမွန်စွာ လက်ခံရရှိပြီး ရန်ကုန်ဆိပ်ကမ်းသို့ ပို့ဆောင်ပါမည် လို့ ရေးသားထားပါတယ်ဒါကို တရုတ်စက်ရုံက အဲဒီ B/L Original ကို စာရေးသူဆီကို အမြန်ချောပို့ DHLလိူမျိုး သို့မဟုတ် LCသုံးရင်ဘဏ်ကတစ်ဆင့် ပို့ပေးလိုက်ပါတယ်။
ပြီးတော့ ကုန်ထုတ်ယူဖို့အတွက် သင်္ဘော ရန်ကုန်ဆိပ်ကမ်းကို ရောက်တဲ့အခါ စာရေးသူက မိမိဆီမှာရှိတဲ့ B/L မူရင်းကို သင်္ဘောလိုင်းရဲ့ ကိုယ်စားလှယ်ဆီ Shipping Agentမှာ ပြသပြီး ဒီကုန်ပစ္စည်းဟာ ကျွန်တော်တို့ပိုင်တာပါလို့ သက်သေပြပြီးကုန်ထုတ်ယူခွင့်လက်မှတ် Delivery Order (D/O)ရရှိပြီးနောက်တခြား Port Fees ဆိပ်ကမ်းအခွန်အခများအတွက် ငွေသွင်းထားတဲ့ပြေစာ နဲ့ Customs Clearance လို့ ခေါ်တဲ့ သွင်းကုန်ပစ္စည်းတွေအတွက် ပေးဆောင်ရမယ့် အကောက်ခွန် Duty/Taxတွေကို ပေးဆောင်ပြီးကြောင်းနဲ့ အကောက်ခွန်ဌာနကနေ ကုန်ထုတ်ယူခွင့်ပြုကြောင်း (Release)စာစတဲ့ ၃မျိုးနဲ့ ကုန်ထုပ်ရမှာဖြစ်ပါတယ် ဒါကြောင့် ကုန်ထုပ်မယ်ဆိုရင် D/O သင်္ဘောလိုင်းက ထုတ်ပေးတာ - B/L နဲ့ လဲထားတာ နဲ့ ဆိပ်ကမ်းပြေစာ ,အကောက်ခွန်ခွင့်ပြုချက် Customs က ထုတ်ပေးတာကို လိုအပ်မှာဖြစ်ပါတယ်။
Bill of Lading B/ L အမျိုးစားတွေထဲမှာဆိုရင် Clean B/L နဲ့ Claused /Dirty B/L ဆိုတဲ့ ၂မျိုးဖြစ်တဲ့Clean Bill of Lading ကတော့ အကောင်းဆုံး အခြေအနေဖြစ်တဲ့ သင်္ဘောလိုင်း Carrierက ကုန်ပစ္စည်းတွေကို လက်ခံရရှိတဲ့အခါ အထုပ်အပိုးတွေဟာ အကောင်းပကတိရှိနေရင် B/L ပေါ်မှာ Slightly damaged သို့မဟုတ် Shortage စတဲ့ ကုန်ပစ္စည်းချို့ယွင်းချက် ပြတဲ့စာသားမျိုး လုံးဝမပါဝင်ဘူးဆိုရင် ဘာအနာအဆာမှ မရှိဘူးဆိုရင် Clean B/L ကို ထုတ်ပေးပါတယ် ဒါဆိုရင် ဘဏ်တွေဟာ L/C (Letter of Credit) နဲ့ ငွေချေတဲ့အခါ Clean B/L ကိုပဲ လက်ခံလေ့ရှိပါတယ် ကုန်ပစ္စည်းတွေ အကောင်းအတိုင်း ရောက်လာမယ်ဆိုတာ သေချာစေလို့ ဖြစ်ပါတယ်။
Claused / Dirty / unclean Bill of Lading ကတော့ကုန်ပစ္စည်းတွေကို သင်္ဘောပေါ်တင်တဲ့အချိန်မှာ အထုပ်အပိုးတွေ ပေါက်နေတာ၊ သံချေးတက်နေတာ၊ ကွန်တိန်နာ စိမ့်နေတာ ဒါမှမဟုတ် အရေအတွက် လိုနေတာမျိုးကို သင်္ဘောလိုင်းက တွေ့သွားရင် B/L ပေါ်မှာ အဲဒီချို့ယွင်းချက်ကို မှတ်ချက် Clause ရေးလိုက်ပါတယ်ဒါကို Claused B/L သို့မဟုတ် Dirty B/L လို့ ခေါ်ပါတယ်
ပါဝင်နိုင်သည့် မှတ်ချက်တွေကတော့ Packaging torn အထုပ်အပိုး ပြဲနေသည်၊ Wet before loading မတင်မီကတည်းက စိုနေသည်၊ 3 cases broken သေတ္တာ ၃ လုံး ကွဲနေသည်စသည်ဖြင့်ရေးပေးလိုက်ရင်အကျိုးဆက်က ဘဏ်အများစုဟာ Claused B/L ကို L/Cအတွကိငြင်းပယ် Reject တတ်ပါတယ် လမ်းခရီးမှာ ပစ္စည်းပျက်စီးရင် သင်္ဘောလိုင်းက ငါတို့လက်ခံကတည်းက ပျက်နေတာလို့ သက်သေပြဖို့ ဒီမှတ်ချက်ကို သုံးပါတယ်။နောက်ထပ်ပြီး
Master Bill of Lading (MBL) နဲ့ House Bill of Lading (HBL) အကြောင်းထပ်ပြောပြပေးပါ့မယ်
Master Bill of Lading MBLကို Shipping Line သင်္ဘောလိုင်းကိုယ်တိုင်က တိုက်ရိုက်ထုတ်ပေးတာ ဖြစ်ပြီး House Bill of Lading HBL ကိုတော့ Freight Forwarder ကုန်စည်ပို့ဆောင်ရေး အေးဂျင်းကနေပြီးတော့ တကယ့်ကုန်သည် ထံကို ထုတ်ပေးတာ ဖြစ်ပါတယ်အထူးသဖြင့် LCL Less than Container Load ခေါ်တဲ့ ကွန်တိန်နာတစ်လုံးစာမပြည့်တဲ့ ကုန်ပစ္စည်းတွေကို စုပေါင်းပို့တဲ့အခါမှာ သုံးကြပါတယ်
ဥပမာ မြင်အောင်ပြောပြရရင် စာရေးသူက ရန်ကုန်က ABC logistic company နဲ့ တရုတ်က ပစ္စည်းတွေမှာပြီးတင်သွင်းတယ် container တစ်လုံးမပြည့်ဘူး ကုန်သည် ၅ယောက်ပေါင်းမှ container တစ်လုံးပြည့်တယ်ဆိုရင် သင်္ဘောလိုင်းကForwarder logistic company ဆီကို MBL ၁ စောင် ပဲ ထုတ်ပေးပါတယ်ကွန်တိန်နာ တစ်လုံးစာအတွက်ဖြစ်ပြီးForwarder ကတော့ ကုန်သည် ၅ ဦးစီကို HBL ၅ စောင် ခွဲထုတ်ပေးပါတယ်တစ်ဦးချင်းစီရဲ့ ကုန်ပစ္စည်းအတွက်ဖြစ်ပါတယ်။ပစ္စည်းဆိပ်ကမ်းရောက်ချိန် သင်္ဘောရန်ကုန်ရောက်တဲ့အခါ Forwarder ဆီက Arrival Noticeပစ္စည်းရောက်ကြောင်းအကြောင်းကြားစာရောက်လာပါမယ် အဲ့ကြရင်စာရေးသူက Forwarder ABC Logistics ရုံးသို့ သွားပြီး စာရေးသူလက်ထဲက HBL (Original) ကို Forwarder ဆီ အပ်ရပါတယ် Forwarder က ဝန်ဆောင်ခတွေ Freight & Local Chargesကို တွက်ချက်ပြီးပြေစာပေးပါမယ် Forwarder (ABC Logistics) ဟာ စာရေးသူဆီက HBL ကို သိမ်းပြီးတဲ့နောက် သူတို့လက်ထဲမှာရှိတဲ့ MBL Master B/Lကို ကိုင်ပြီး သင်္ဘောလိုင်း Maerskရုံးကို သွားပါတယ် Forwarder က Maersk ဆီမှာ သင်္ဘောခတွေပေးချေပြီး D/O (Delivery Order) ကို သွားထုတ်ပါတယ်ပြီးရင် Port Fees နဲ့ Customs Clearance လုပ်ပြီးရင် ဆိပ်ကမ်းမှာ ပစ္စည်းထုပ်မှာဖြစ်ပါတယ်။
Bill of Lading မှာ တခြားStraight Bill of Ladingဆိုတဲ့သတ်မှတ်ထားသော ကုန်လက်ခံသူ (Consignee) တစ်ဦးတည်းသာ ထုတ်ယူခွင့်ရှိပြီး တဆင့်ပြန်လည်ရောင်းချ၍ မရသော အမျိုးအစားနဲ့ Order Bill of Ladingဆိုတဲ့ကုန်ပစ္စည်းကို တဆင့်ပြန်လည်ရောင်းချနိုင်ရန် Negotiable ပြုလုပ်နိုင်သောအမျိုးအစားတွေရှိပါသေးတယ်။
Crd
02/06/2026
အကောက်ခွန်နှုန်းလျှော့ချသတ်မှတ်ခြင်း
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No 1, Arthawka Street, Pyidaungsu Yeikmon Housing
Thingangyun
11071