Vinz Engineering Solution

Vinz Engineering Solution

Share

25/12/2024

Merry Christmas to all!
May this season bring you peace, happiness, and treasured memories to last forever. 🎅🎁

Photos from Vinz Engineering Solution's post 11/10/2024

Medical center တစ်ခုရဲ့ full turnkey projectလေး အမြန်ဆုံး စတင်ပြီး၊ အမြန်ဆုံး လုပ်ငန်းလည်ပတ်နိုင်အောင် Vinz engineering က အမြန်ဆုံး timeline, အကောင်းဆုံး quality, အနည်းဆုံး ကုန်ကျစရိတ်နဲ့ တာဝန်ယူ ဆောင်ရွက်ပေးနေပါတယ်ခင်ဗျာ။

မကြာမီ client မှ "turn the key" to start လုပ်ပြီး လုပ်ငန်းစတင်လည်ပတ်နိုင်ပါတော့မယ်...

Design & Installation
work
Analysis
& painting
Work
Work
PM & Overhauling
control system modification work


+95 9 977169875
+95 9 795103947

Photos from Vinz Engineering Solution's post 14/06/2024

Relay အကြောင်းမသိသေးသူများအတွက်ရည်ရွယ်ပါသည်

1.Relay ရဲ့အဓိပ်ပါယျ
2.Relay အလုပ်လုပ်ပုံ
3.Relay အသုံးပြုပုံ
တွေကိုကျနော်သိသမျှတင်ပြပေးပါမယ်

1. Relay ဆိုတာက Electromagnetic Switch ပါ
Electrical signal နဲ့ထိန်းချုပ်တဲ့ Switch ခလုပ်ပါ

2. Relay အလုပ်လုပ်ပုံကတော့
သူ့အထဲမှာ coil တခုနဲ့ contact point လေးတွေရှိပါတယ်
coil ကelectrical signal +&- ရရင် magnetic field ထွက်လာပီး contact point မှာတွဲထားတဲ့ သံပြားလေးကိုလှမ်းဆွဲပီး point နှစ်ခုကိုထိစေပါတယ်

အဲ့လိုထိသွားရင် pointရဲ့တဖက်မှာရှိတဲ့ power source ကနေ နောက်တဖက်မှာရှိတဲ့ electrical load ဆီကို current စီးသွားပါတယ်
current များများအသုံးပြုတဲ့ load အတွက် contact point ကြီးကြီးလိုပါတယ်
contact point ကြီးရင် relay ပါကြီးသွားပီး
သူအလုပ်လုပ်ဖို့ပေးရတဲ့ signal current လည်းများလာပါတယ်

3.လေးငုတ် relayမှာ နှစ်ငုတ်က သူအလုပ်လုပ်ဖို့ signal ဖြစ်ပီး ကျန်နှစ်ငုတ်က NO normally open ငုတ်တွေဖြစ်ပါတယ်
အများအားဖြင့် NO ငုတ်တခုမှာ standby power ထားပီး နောက်တခုကို load နဲ့ series ချိတ်ထားပါတယ်

-5ငုတ် relay မှာ 2ငုတ်က signal
NO တငုတ် NC တငုတ် Common တငုတ်
relay off နေရင် NCနဲ့Common ထိနေပီး
relay on နေရင် NOနဲ့Common ထိပါတယ်

-3ငုတ် relayလည်းရှိပါတယ်
သူက signalနဲ့NOကိုပေါင်းထားတာပါ
minus signalနဲ့ control လုပ်ရင် ပေါင်းထားတဲ့ငုတ်မှာ plus ထားပီး NOအထွက်မှာ plus ထွက်မှာပါ
plus signal controlဆိုရင် NOမှာ minusထွက်မှာပေါ့

Relay မှာ အနည်းဆုံး 3ငုတ် ကနေ
contact point နှစ်ခုဆိုရင် 8ငုတ် စသဖြင့် contact point များရင်များသလို ငုတ်အရေအတွက်လည်းများလာပါမယ်

Relay ကိုဘာကြောင့်သုံးရလဲဆိုတော့
high current load တွေ on/off လုပ်တဲ့အခါ
comfort, remote ဖြစ်ပီး နေရာသက်သာ ရေရှည်ခံပီး လဲလို့လည်းလွယ်ပါတယ်

control သက်သာအောင် ctlနဲ့loadကြား ကြားခံအနေနဲ့ သုံးတာပါ
hydraulic MCV ကို pilot controlနဲ့ ခိုင်းသလိုပေါ့

ဥပမာ
စက်မှာ starter motor ကို key switch ကနေတိုက်ရိုက်ခိုင်းရင် ခုသုံးနေတဲ့ switchထက်ကြီးတာလိုပါတယ်
နောက် start motor ကနေ key switchကိုချိတ်ထားတဲ့ wire နှစ်ချောင်းကို ampere များများနိုင်တဲ့ ဂိတ်ကြီးတဲ့ကြိုးကိုသုံးရပါမယ်

-အဲ့ဒီမှာ relayကြားခံသုံးပီး သူ့ကို starter နားထားရင်
comfort - start switchအသေးနဲ့ သက်သက်သာသာ သုံးရတယ်
remote - starter နဲ့ relay ကြားမှာရှိတဲ့
big wire ကို တိုတိုသုံးထားပီး
start switch နဲ့ relay ကြားကို small wireသုံးနိုင်ပါပီ

နောက် ECUတွေ PLC တွေကနေ solenoidတွေ high load တွေကို on/off control လုပ်တဲ့အခါ
relayကိုကြားခံသုံးလိုက်ရင် controller အလုပ်လုပ်ရတာအများကြီးသက်သာပါတယ်

-မှတ်ချက်
controller က currentနဲ့ control လုပ်ရတဲ့ power sh*tလို EPPRလို solenoidတွေမှာတော့
relay ကြားခံသုံးလို့မရပါ
ဒီလောက်ဆိုရင်တော့ relay အကြောင်းသဘောပေါက်လောက်ပါပီ
ကျေးဇူးပါ

ကျော် ကိုတစ် ပါ
14.06.2016

01/06/2024

B2C ,B2B ,B2G ဆိုတာဘာလဲ

ကိုယ်ရဲ့ လုပ်ငန်း တစ်ခုဖြစ်စေ ၊productတွေပဲဖြစ်စေ လုပ်တဲ့အခါ ကိုယ်ရဲ့ သွားရမယ် business လုပ်ငန်းtypeနဲ့ sales channel ကိုစဥ်းစားတဲ့အခါ B2C ,B2B ,B2G ဆိုပြီး ပြောကြလေ့ရှိကြပါတယ်။

B2C ဆိုတာကတော့ Business to Consumer/customerဆိုပြီးဖြစ်ပါတယ် ကိုယ်လုပ်ငန်းရဲ့ productတွေက လူတစ်ဦးချင်းစီအလိုက်ဝယ်သုံးလို့ရတဲ့ productမျိုးဖြစ်ပါတယ် ဥပမာ FMCG productတွေဖြစ်တဲ့ စားသောက်ကုန်တွေ နောက် လူသုံးကုန်တွေဖြစ်တဲ့ ခေါင်းလျော်ရည်တို့ ဆပ်ပြာတို့ စသဖြင့်ရှိပြီး ဖုန်းတို့ လျှပ်စစ်ထမင်းအိုး ပန်ကာတို့ဆိုရင် consumer electric productတွေဖြစ်ပါတယ်။ဒီproductတွေကိုကြည့်ရင် မိသားစုအိမ်အလိုက်ဖြစ်စေ၊ တစ်ဦးတစ်ယောက်အတွက်ဖြစ်စေ နောက်ဆုံးအသုံးပြုကြတာမျိုးဆိုရင် B2C လုပ်ငန်း၊product လို့ပြောကြပါတယ်။

B2Bကတော့ Business to Business ဆိုပြီးဖြစ်ပါတယ် လုပ်ငန်းတွေအတွက် ရောင်းပေးတဲ့ ပစ္စည်း/service မျိုးတွေဖြစ်ပါတယ်။ ဥပမာ Ready Mix concrete လိုမျိုး အုန်းမွှေးလုံး mixer carတွေနဲ့ ကွန်ကရစ်ရောင်းတာမျိုးဆိုရင် လုပ်ငန်းတွေကို ရောင်းတာဖြစ်ပါတယ် နောက် မုန့်စက်ရုံအတွက် ဂျုံတွေရောင်းတာမျိုး ဆိုရင် B2Bဖြစ်ပါတယ် ဒီမှာ စဥ်းစားရမှာက ဂျုံမှုန့်ဆိုရင် B2Cကော B2Bပါ sales channelရှိပါတယ် အိမ်တွေမှာ သုံးဖို့ ဂျုံမှုန့် အထုပ်အသေးလေးတွေ ရောင်းလို့ရသလို စက်ရုံတွေအတွက် အိတ်အကြီး လုပ်ငန်းသုံးတွေ ရောင်းကြပါတယ် packaging size နဲ့ priceအပေါ်မှုတည်ပြီး B2C ၊B2B channelခွဲရောင်းလို့ရပါတယ်။

B2G ဆိုတာကတော့ Business to Government ဆိုတဲ့ အစိုးရတွေကိုရောင်းတာဖြစ်ပါတယ် တနည်းပြောရရင် tender လိုက်တဲ့ အခါဖြစ်ပါတယ်။အစိုးရက tenderခေါ်ရင် လိုက်ပြီးရောင်းတာမျိုးပါ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက်ခေါ်ယူတဲ့ကိုယ်နဲ့ဆိုင်တဲ့ ပစ္စည်းတွေကို လိုက်ရတာမျိုးဖြစ်ပါတယ်။
ဒါတွေကတော့ B2C ,B2B,B2G ဆိုတာဘာလဲဖြစ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်
Myint Maung Maung Tun

Want your business to be the top-listed Contractor in Thingangyun?
Click here to claim your Sponsored Listing.

Telephone

Website

Address


Thingangyun