Pi Ti Cho Plant Shop
#သူတစ်ပါးရဲ့ #ပိုင်ဆိုင်မှုကို #မိမိပိုငိဆိုင်မှုလို့
ဘယ်သောအခါမှ မမှတ်စေချင်
************
တစ်ခါတုန်းက ကျီးကန်းတစ်ကောင်နဲ့ခွေးတစ်ကောင်က မိတ်ဆွေဖြစ်တယ်
ကျီးကန်းက ကြက်ဥမကြိုက်ဘူး၊
ကြက်ဥကို သူရရှိခဲ့တဲ့ အချိန်တိုင်း အမြဲတမ်း ခွေးကို ပေးလေ့ရှိတယ်။
အစပိုင်းတော့ ခွေးက ကျီးကန်းကို ကျေးဇူးတင်နေတာပေါ့၊
ကြာတော့ အကျင့် ဖြစ်သွားတယ်။
အကျင့်ဖြစ်လာတော့ ဒီကြက်ဥဟာ သူ့ကို ပေးကိုပေးရမှာလို့ ဆိုတဲ့ စိတ် ဖြစ်လာတယ်။
တနေ့ကျတော့
ကျီးကန်းက ကြက်ဥကို ငါးကို ပေးလိုက်တော့ အဲ့ဒါကိုခွေးက မြင်တော့ မကျေနပ်တော့ဘူး။
ကြက်ဥဟာအစကတည်းက ကျီးကန်းပိုင်တယ်ဆိုတာ သူမေ့သွားတယ်။
သူပိုင်တဲ့ကြက်ဥဘယ်သူ့ကို ပေးမယ်ဆိုတာ
ကျီးကန်းမှာ ဆုံးဖြတ်ခွင့်ရှိတယ်ဆိုတာ
မေ့သွားတယ်။
ဒါနဲ့သူတို့စကားများကြပြီး
အခင်အမင် ပျက်သွားကြတယ်။
***************************
သိပ်ပူတဲ့နွေရာသီတခုမှာ၊
လူတစုက
မြစ်ရေလှိုင်းထဲမှာ ဖောင်စီးသွားကြတယ်။
ဖောင်စီးရင်းနဲ့ ရေဆော့ရင်း
ကောင်မလေးတယောက်ရဲ့ ဖိနပ်
ရေထဲကျသွားတယ်။
ကမ်းပေါ်ရောက်ဖို့
ပူခြစ်နေတဲ့ သဲပြင်ကျယ်ကြီးကို ဖြတ်ရမယ်။
ဒါနဲ့ကောင်မလေးက
သူနဲ့လှေအတူစီးတဲ့ သူတွေဆီက
တယောက်ယောက် ဖိနပ်ငှားနိုင်မလားလို့
အကူညီတောင်းတယ်။
လူတစ်ယောက်မှာ ဖိနပ်တရံပဲပါတာ
ဘယ်သူမှ မပေးချင် ကြဘူး။
ကောင်မလေးက
မကျေနပ်ဖြစ်သွားတယ်။
ဒါနဲ့ သူက
ဒီလူတွေအားလုံး မကောင်းဘူး။
ကူညီချင်စိတ် မရှိကြဘူးလို့တွက်လိုက်တယ်။
နောက်တော့ လူတစ်ယောက်က
သူ့ဖိနပ်ကို ပေးလိုက်တယ်။
ကောင်မလေးက
ကျေးဇူးတင် ကြောင်းပြောလိုက်တယ်။
ဖိနပ်ပေးလိုက်တဲ့လူက
" ဘယ်သူမှမင်းကို ကူညီဖို့တာ၀န် မရှိပါဘူး။
မင်းကိုကူညီတာ
ခင်မင်မှုတစ်ခုကြောင့်ပဲ၊
မကူညီဖြစ်ရင်
ဒါကိုဒေါသမကြီးပါနဲ့
ဒါ သူများ right ပါ
အဲ့လိုပြောတော့
ကောင်မလေးစိတ်ထဲ တွေးမိသွားတယ်။
အဲ့ချိန်ကစပြီး
သူ့ကို ကူညီဖူးသူတွေကို
အမြဲမှတ်သား ထားပြီး
ပြန်လည် ကျေးဇူးဆပ်လေ့ရှိလာပါတယ်။
ကျနော်တို့ဟာ...
အမြဲတမ်းသူများက
ကိုယ့်အပေါ်ကောင်းဖို့ပဲ မျှော်လင့်ကြတယ်။
အစပိုင်းတော့
ကျေးဇူးတင်မဆုံးဘူးပေါ့။
ကြာလာတော့
သူများ ကိုယ့်အပေါ်ကောင်းတာကို
အမြဲလိုချင်တဲ့ အကျင့် ဖြစ်လာတယ် ။
ဒါကို
ဖြစ်သင့်တဲ့အရာလို့ထင်လာတယ်။
တနေ့မှာ ကိုယ့်အပေါ်မကောင်းခဲ့ရင်
အပြစ်တင်ရှုံ့ချ မိတော့တယ်။
တကယ်တန်းကျတော့၊
သူများမကောင်းတော့တာ မဟုတ်ပါဘူး။
ကိုယ့်ရဲ့စိတ်တွေက ပြောင်းကုန်တာပါ။
ရနေကျဆိုတော့ ရပိုင်ခွင့်တစ်ခုလိုမြင်လာပြီး
ကျေးဇူးတရားဆိုတာကို
မေ့သွားတာပါ။
***************************
ညနေတခုမှာ
ဆိတ်လေးတစ်ကောင်ဟာ
တောင်ကုန်းပေါ်မှာ ဆော့နေတယ်။
ရုတ်တရက်
သစ်ပင်ခြုံကြားထဲက
၀ံပုလွေတကောင်ထွက်လာပြီး
ဆိတ်ကိုစားမယ်ပြင်တယ်။
ဆိတ်လေးဟာ
အသံကျယ်နဲ့အော်ပြီး
သူငယ်ချင်းတွေကို
အကူအညီ လှမ်းတောင်းတယ်။
နွားက
သစ်ပင်ခြုံထဲက တချက်လှမ်းကြည့်ပြီး
၀ံပုလွေကို မြင်တော့ ပြေးပါလေရော။
မြင်းက
ခေါင်းငုံပြီး တချက်ကြည့်၊
၀ံပုလွေမြင်တော့ ဝှစ်ကနဲကိုပြေးပြန်ရော။
၀က်ကလည်း
ဖြတ်သွားရင်း ဝံပုလွေကိုမြင်တာနဲ့
ကမန်းကတန်း တောင်ပေါ်က ဆင်းပြေးရော။
တောင်အောက်မှာရှိတဲ့ ခွေးက
ဆိတ်အော်သံ ကြားတော့
ကမန်းကတန်းတောင်ပေါ်ပြေးတက်
ခြုံပုတ်တွေထဲက ဖြတ်ပြီး
၀ံပုလွေရဲ့ လည်မြိုကို ကိုက်ခဲပစ်လိုက်တယ်။
၀ံပုလွေက နာလွန်းလို့ ထအော်တယ်၊
ခွေးမာန်ဖီလိုက်တော့
လန့်ပြီးပြေးပါလေရော..။
အိမ်ပြန်ရောက်တော့၊ သူငယ်ချင်းတွေ
အားလုံး ရောက်လာတယ်။
နွားက…
နင်ကဘာလို့ငါ့ကိုမခေါ်တာလဲ..
ငါ့ဂျိုနဲ့ သူ့ဗိုက်ပေါက်အောင်လုပ်ပစ်မှာပေါ့......၊
မြင်းက…
နင်ကဘာလို့ငါ့ကိုမပြောလဲ၊
ငါသူ့ခေါင်းကို ခွာနဲ့ကန်ပစ်မှာပေါ့.......။
၀က်က…
နင်ငါ့ကိုခေါ်ရောပေါ့
ငါတစ်ချက်ပက်လိုက်ရင်
သူတောင်ပေါ်ကတောင် ပြုတ်ကျသွားမှာ....။
အဲ့လို ပြောသံတွေကြားမှာ
ခွေးလေး မပါခဲ့ပါ။
မိတ်ဆွေစစ်ဆိုတာ
စကားအလှတွေ သုံးနေစရာမလိုပါဘူး။
တကယ့်လိုအပ်ချိန်မှာ
မင်းကို လက်လှမ်း ကူညီတဲ့သူဟာ
မိတ်ဆွေစစ်ပါ။
************************
အနားမှာရှိနေတဲ့သူငယ်ချင်းတွေ၊
ခင်မင်နေတဲ့ သူငယ်ချင်း တွေဟာ
သူငယ်ချင်းအစစ် ဟုတ်မဟုတ်
မသေချာသေးပါ။
တစ်ခါတလေ အဝေးမှာရှိနေပြီး အမြဲတမ်း
ပေါင်းသင်းနေတာ မဟုတ်ပေမယ့် မင်းတကယ်
အကူအညီလိုအပ်နေချိန်မှာ ၊ အပိုမပြောပဲ
ကူညီတဲ့သူ ဂရုစိုကျတဲ့သူသာ
တကယ့် မိတ်ဆွေ/သူငယ်ချင်း အစစ်ပါပဲ။
ဘ၀မှာ တန်ဖိုးထားသင့်တဲ့ မိတ်ဆွေ
သူငယ်ချင်းကောင်း များ ပိုင်ဆိုင်ကြပါစေ....
; Original Uploader.
ဒေါက်တာ အရှင်သီဟဉာဏာဘိဝံသ
ရွှင်လန်းချမ်းမြေ့ပါစေ
ဖောင်ဖျက်တိုက်ပွဲ
-----------------------
ရန်ကုန်မှာ ပိုးတွေ့လူနာ ၇၀၀ ကျော် တွေ့နေရပါတယ်။ ရှင်းရှင်းပြောရရင် အခုထိ မကျသေးပါဘူး။ ဘာလို့လဲဆိုရင် စည်းကမ်းမလိုက်နာကြတဲ့လူတွေ အများကြီးရှိနေသေးလို့ပါ။ ရန်ကုန်မှာက လူတွေက ဆန္ဒ ၂ခု ကွဲနေပါတယ်။ တဖွဲ့က ပိတ်ဆိုတဲ့အဖွဲ့နဲ့ တဖွဲ့က မပိတ်နဲ့ဆိုတဲ့အဖွဲ့ပါ။ ဒီ ၂ဖွဲ့ကြားထဲမှာ အစိုးရက ကျဉ်းထဲကြပ်ထဲရောက်နေရပါတယ်။ တဖြည်းဖြည်းချင်းပဲ လုပ်ရပါတယ်။ အခု မနက်ဖြန်ကစလို့ မြို့နယ်ကျော် ပိတ်မယ်ဆိုတာနဲ့ လူအများစုက အသံထွက်လာပါတယ်။ အဲဒါက ဘာကိုပြသလဲဆိုရင် Stay at home မနေပဲ အကြောင်းတခုခုနဲ့ သွားနေကြဆဲဆိုတာကို ပြပါတယ်။ အဲဒီလိုဆို ဒီရောဂါကို အနိုင်ရဖို့က အလှမ်းဝေးနေဆဲပါ။
အားလုံးသိတဲ့အတိုင်း ရန်ကုန်မှာ ဆေးရုံတွေမှာ လက်ခံနိုင်တာထက် ပိုနေပါပီ။ ထပ်တိုးချဲ့သမျှအကုန် လူတွေပြည့်နေပါတယ်။ ကျန်းမာရေး၀န်ထမ်းတွေက မနိုင်၀န်ထမ်းပီး အသက်စွန့်တိုက်နေရတယ်။ လက်မခံနိုင်တော့သူတွေကို အိမ်ပြန်လွှတ်နေရတယ်။ Stay at home အမိန့်ထုတ်ထားတာ ၁လ နီးပါးရှိပါပီ။ တင်းကြပ်သောအမိန့်ထုတ်တာက တပတ်နီးပါးရှိပါပီ။ ရန်ကုန်ဟာ မပြောင်းလဲသေးပါဘူး။ လမ်းပေါ်မှာ သွားနေကြတုန်း။ တချို့ဆို အကြောင်းမရှိပဲ သွားနေကြတယ်။ ဓာတ်ပုံရိုက်ကြသူတွေလဲရှိတယ်။ အရေးမကြီးပဲ သွားနေကြသူတွေလဲရှိပါတယ်။ ဒီတော့ ဘာဖြစ်လဲဆိုတော့ ရောဂါကို မထိန်းနိုင်သေးပါဘူး။
စည်းကမ်းလိုက်နာပီး အိမ်ထဲမှာနေသူတွေရှိပါတယ်။ သူတို့အတွက် မတရားပါဘူး။ အိမ်ထဲမှာနေလို့ မကူးပေမယ့် ကူးစက်နှုန်းမကျမချင်း သူတို့ပါ အလုပ်အကိုင်ပျက်နေရပါတယ်။ ကလေးတွေ ကျောင်းမတက်ရဘူး။ ၀င်ငွေမရှိဘူး။ အလုပ်မတက်ရဘူး။ ဒါတွေက အပြင်မှာ မလိုအပ်ပဲ သွားလာနေကြသူတွေကြောင့်ပါ။ တင်းကြပ်စွာ ကိုင်တွယ်လိုက်တဲ့ မလေးရှားတို့ ဗီယက်နမ်တို့ တရုတ်တို့မှာ ပိုးတွေ့လူနာတွေ နည်းနေပီ။ ပျောက်နေပီ။ တောင်ကိုရီးယားမှာ ရုပ်ရှင်ရိုက်နေကြပီ။ ဥရောပမှာ ဟိုတနေ့က ဘောလုံးပွဲမှာ ပရိသတ် ၁သောင်းကျော် တက်ရောက်အားပေးနေပီ။ ကျနော်တို့ဆီမှာ ဘာမှ ဖြစ်မလာသေးပါဘူး။
အမေရိကန်လို ဖွင့်ပါဆိုပီး ပေါတောတောတွေ ရေးတာမျိုးလဲ နားမယောင်ကြပါနဲ့။ အဲဒီလုပ်ရပ်ဟာ အမေရိကန် CDC နဲ့ ဆေးပညာရှင်တွေရဲ့ အကြံပေးချက်တခုမှ မပါပါဘူး။ အခုထိ Herd Immunity မရပဲ လူ ၂ သိန်းကျော်သေပီး ၇ သန်း ကူးစက်ခံနေရလို့ ထရန့်ကို ဆဲနေကြတာ တပြည်လုံးပါပဲ။ ဘာသိပ္ပံအချက်အလက်တွေ နည်းပညာတွေမှ မပါပါဘူး။ Herd Immunity ရဖို့က နိုင်ငံရဲ့ လူဦးရေ ၇၀% လောက် ကူးစက်ခံရပါမယ်။ မြန်မာပြည်ဆို သန်း ၄၀ လောက်ပေါ့။ အခု ၁၀၀၀၀ မှာ ၂၀၀ လောက်သေတယ်ဆိုတော့ သန်း ၄၀ ဆို စဉ်းစားသာကြည့်ပါ။ ကျနော်တို့ ပြည်သူ့အသက်တွေကို အဲလောက်များများ မစတေးနိုင်ပါဘူး။ ကျနော်တို့လို ဆင်းရဲတဲ့ အာဆီယံနိုင်ငံအများစုဟာ ဒီနည်းလမ်းပဲ သုံးကြရပါတယ်။
ဒီတော့ မနက်ဖြန်ကစပီး မြို့နယ်ကျော်တာတွေကို ပိတ်ပါတော့မယ်။ ဒီရောဂါတိုက်ဖျက်ရာမှာ ဌာနတခုထဲ လုပ်လို့မရပါဘူး။ အားလုံးဝိုင်း၀န်းရပါမယ်။ မနက်ဖြန်မှာ ပိတ်တာက ဖြစ်သင့်တာ ကြာပါပီ။ QR Pass တွေကိုလဲ သေချာစိစစ်ထုတ်ပေးသင့်ပါတယ်။ မဆိုင်တဲ့သူတွေက ညာပီးထုတ်နေကြလို့ပါ။ နောက်ပီး အဓိက လမ်းမကြီးတွေကနေ သေချာစိစစ်ရပါမယ်။ ရဲတပ်ဖွဲ့ပါ ပါ၀င်လာတော့ ပိုပီးတော့ အဆင်ပြေပါမယ်။ အဲဒီ QR Pass ဟာ ခွင့်ပြုထားတဲ့လုပ်ငန်းတွေအတွက်ပဲ ထုတ်ပေးတာဖြစ်ပီး မဆိုင်တဲ့လူတွေ မလျှောက်သင့်ပါ။ အစိုးရ၀န်ထမ်းတွေနဲ့ ကျန်းမာရေးကလူတွေကတော့ ၀န်ထမ်းကတ်နဲ့ပဲ သွားနိုင်ပါတယ်။ ကျနော်တို့ ဒီလိုလုပ်မှသာ ကူးစက်တာကို ထိန်းနိုင်ပါတယ်။ မဟုတ်ရင် ၂ ပတ်ပီးလဲ မကျခဲ့ရင် ဘာဆက်လုပ်မလဲ။ Stay at home သက်တမ်းပဲ ထပ်တိုးမလား။ စား၀တ်နေရေးကိုပဲ ကြည့်ရမလား။ မနိုင်၀န်ထမ်းနေရတဲ့ ကျန်းမာရေးစနစ်ပြိုလဲသွားရင် ဘယ်လိုလုပ်မလဲ။ ဒီတော့ ဒီ ၂ပတ်က သေရေးရှင်ရေးပါပဲ။ ဖောင်ဖျက်တိုက်ရမယ့် အချိန်ပါ။
အခုလို မြို့နယ်မကျော်ရတဲ့အခါ ဘယ်လိုတွေဖြစ်လာနိုင်မလဲ။ ဒါကတော့ ရှင်းပါတယ်။ လက်ရှိအနေအထားအရ Down Town မြို့နယ်တွေမှာ ပိုးတွေ့သူ အနည်းငယ်တက်လာပေမယ့် ဒါက ထိန်းလို့ရနိုင်ပါတယ်။ လူတွေ စည်းကမ်းတကျ အိမ်ထဲမှာနေတဲ့မြို့နယ်တွေ၊ Mask တွေသေချာတပ်တဲ့ မြို့နယ်တွေမှာ ကူးစက်နှုန်းတွေ ကျလာပါမယ်။ စည်းကမ်းသိပ်မလိုက်နာတဲ့ ဆင်ခြေဖုံးမြို့နယ်တွေဖြစ်တဲ့ လှိုင်သာယာတို့ဘက်မှာ ကူးစက်နှုန်းတွေက စတင်မြင့်တက်လာနေပါပီ။ ကူးစက်နှုန်းကျလာတဲ့ မြို့နယ်တွေကို ကူးစက်သူမရှိအောင်အထိ လုပ်လို့ရပါတယ်။ ထို့အတူပဲ ကူးစက်မှုနှုန်းတက်လာတဲ့မြို့နယ်တွေကို သေချာ ပိတ်ပီး ကုလို့ရနိုင်ပါတယ်။ မဟုတ်ရင် ကူးစက်မှုနှုန်းများနေတဲ့ မြို့နယ်တွေက ကူးစက်မှုနည်းတဲ့မြို့နယ်တွေကိုလာလိုက် သွားလိုက်နဲ့ ရောဂါဖြန့်နေကြရင် ဘယ်တော့မှ ပီးတော့မှာ မဟုတ်ပါဘူး။
ဒါကြောင့် မနက်ဖြန်ကစပီး တင်းတင်းကြပ်ကြပ်ကိုင်တွယ်မှာကို လိုက်နာပေးကြပါ။ တချို့က အလုပ်လေးတွေရှိလို့ ကိစ္စလေးတွေရှိလို့ သွားလို့ရမလားဆိုပီး သိချင်ကြသူတွေရှိပါတယ်။ ကျနော့်အမြင်ကတော့ အိမ်ထဲမှာပဲနေပါ။ ခွင့်ပြုထားတဲ့ အလုပ်တွေမဟုတ်ရင် မသွားပါနဲ့။ အားနာမှုနဲ့ ခွင့်ပြုနေကြရင်တော့ လူတိုင်းလမ်းပေါ်ရောက်ပီး အခုလိုပဲ မထူးဆန်းတဲ့ Stay home ပဲ ဆက်ဖြစ်ပီး ရန်ကုန်ဟာ အခက်တွေ့ရပါလိမ့်မယ်။ ကြီးကြပ်တဲ့အဖွဲ့တွေကလဲ တင်းတင်းကြပ်ကြပ် စိစစ်မယ်။ ပြည်သူကလဲ စည်းကမ်းတွေကို လိုက်နာကြမယ်ဆိုရင်တော့ ရန်ကုန်ဟာ ဒီကပ်ဘေးကို ကျော်လွန်နိုင်ပါလိမ့်မယ်။ မဟုတ်ရင်တော့ ထူးမခြားနားပဲဖြစ်ပါလိမ့်မယ်။ ရန်ကုန်မြို့အတွက် အရေးအကြီးဆုံးနေ့တွေပါပဲ။ ဖောင်ဖျက်ပီး တိုက်ပွဲ၀င်ရမယ့်အနေအထားပါ။ အားလုံးညီရင် ဒီတိုက်ပွဲကို အောင်နိုင်ပါလိမ့်မယ်။ ယုံကြည်စွာနဲ့ မျှော်လင့်နေပါတယ်။
Credit Nay Thway
16/09/2020
ပိန်းပန်းရောင် နှင့် ပိန်းဆန်းလေးပါ
အရမ်းလှပါတယ်နော်
တစ်အိုး - 13500 /-
*** delivery မရှိပါ ***
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. 680 (B) Ground Floor, 3rd Street, Ngamoeyeik Ward, Thingangyun Township
Thingangyun
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 21:00 |