Soe Thandar

Soe Thandar

Share

30/01/2021

ဖြိုးတို့မြန်မာအခေါ်ဆားဝက်ခြံလို့ပြောတဲ့နေရာမှာ ညှစ်လိုက်ရင် အဖြူလေးတွေထွက်လာတဲ့ အဆံလေးတွေမြင်နေရ ဆားဝက်ခြံလေးတွေနဲ့ နှာခေါင်းထိပ်က အဆံအမည်းလေးတွေရှိတဲ့ ဆားဝက်ခြံလေးတွေ ၂ မျိူးရှိပါတယ် ။ ဆားဝက်ခြံထဲမှာမပါပေမယ့် လူတွေအဖြစ်များတဲ့ ဝက်ခြံတစ်မျိုးက အဆီဖုလေးတွေပါ ။ အဲ့ဒီ့သုံးမျိုးမှာ ပထမဆုံး အနက်ရောင်လေးတွေဖြစ်နေတတ်တဲ့ Black head လေးတွေအကြောင်းကို စပြောပြပေးပါမယ် ။

BlackHead တွေအကြောင်း ။

Blackhead ဆိုတာ အများအားဖြင့် ချွေးပေါက်ကျယ်တဲ့နေရာတွေဖြစ်တဲ့ နှာခေါင်းထိပ်ပိုင်းနဲ့ နှာခေါင်းတစ်ဝိုက်မှာပေါက်တတ်တဲ့ အနက်ရောင်ဝက်ခြံလေးတွေပါ ။ Blackhead ဘယ်လိုဖြစ်လာတာလည်းဆိုတော့ ဖြိုးတို့အဆီထွက်တဲ့ချွေးပေါက်လေးတွေထဲမှာ ဆဲလ်အသေလေးတွေနဲ့ အဆီလေးတွေစုပြီး ပိတ်လာတယ် ။ အဲ့ပိတ်လာတဲ့နေရာလေးတွေက လေနဲ့တွေ့တာကြာလာတဲ့အခါ အရောင်ပြောင်းသွားပြီး blackhead လေးတွေဖြစ်လာပါတယ် ။ Blackhead လေးတွေက ဝက်ခြံအပွင့်လေးတွေဖြစ်ပြီး ညှစ်တဲ့အခါအဆံလေးတွေထွက်လာတတ်ပါတယ် ။

Blackhead တွေထွက်ရတဲ့ အကြောင်းတွေကတော့ အရေပြားကနေအကြောင်းအမျိုးမျိုးကြောင့် အဆီတွေပိုထုတ်လာတဲ့အခါတွေ ၊ ဝက်ခြံဖြစ်စေတဲ့ ဘတ်တီးရီးယားလေးတွေရှိနေရင် ၊ အဆီပိုပြန်နေတတဲ့အချိန်မှာ ချွေးပေါက်လေးတွေထဲ အညစ်အကြေးတွေပိတ်မိသွားရင် ၊ ဟိုမုန်းအပြောင်းအလဲဖြစ်နေတဲ့ကာလတွေ စတာတွေဖြစ်တတ်ပါတယ် ။

Blackhead တွေပေါက်နေပြီဆိုရင် ပထမဆုံးအကုန်သန့်သွားအောင်လုပ်ပေးလို့ရတာက Peel off mask လို့ခေါ်တဲ့ ဝက်ခြံကပ်ခွာလေးတွေကပ်ပေးတာပါ ။ ဒီဟာလေးတွေက အဆံလေးတွေအထဲမှာပိတ်နေတာလေးတွေကို သန့်သွားပေမယ့် ထပ်မဖြစ်အောင်တော့ မလုပ်ပေးနိုင်ပါဘူး ။ ပြီးရင်ကပ်ခွာသုံးပြီးတိုင်းမျက်နှာသစ်ပြီး moisturizer သေချာလိမ်းပေးရပါမယ် ။ ထပ်မဖြစ်တော့အောင်က ကိုယ်သူံးတဲ့ skincare မှာ အဆီလုံးဝမပါအောင်ဂရုစိုက်ပေးပြီး တစ်ပတ်ကိုနှစ်ခါလောက် facial deep cleansing လေးလုပ်ပေးသင့်ပါတယ် ။

ဆားဝက်ခြံ ( Sebaceous filaments) တွေအကြောင်း ။

နောက်တစ်မျိုးအကြောင်းထပ်ပြောချင်တာက ဆားဝက်ခြံလေးတွေပါ ။ ဒီဟာလေးတွေကို sebaceous filaments လို့ခေါ်ပြီး မျက်နှာနေရာတော်တော်များများမှာ ချွေးပေါက်ကနေ အဆီဖြူဖြူလေးတွေထွက်နေတဲ့ ဝက်ခြံလေးတွေလို့ပြောလို့ရပါတယ် ။ သူ့ကို white head လို့အမှတ်မှားတတ်ပါတယ် ။ သူက white head မဟုတ်ပါဘူး ။

တစ်ခုထူးခြားတာက သူကဝက်ခြံအစစ်မဟုတ်ပဲ ဖြိုးတို့ skin အောက်ကအဆီထုတ်ပေးတဲ့ပစ္စည်းလေးတွေ အဆီအရမ်းပိုထုတ်လာပြီး အထဲမှာပြည့်လာတဲ့အခါအပြင်ဖက်ထိရောက်လာတဲ့ အဆီခဲလေးတွေပါ ။ ဝက်ခြံအဆင့်ထိမရောက်သေးတဲ့ ခန္ဓာကိုယ်ရဲ့ သဘာဝဖြစ်စဉ်တစ်ခုပါ ။ သူကနေတော့ အခန့်မသင့်ရင် ဝက်ခြံဖြစ်သွားနိုင်ခြေတော့ရှိပါတယ် ။

ဒီဆားဝက်ခြံလေးတွေသန့်ဖို့ကလည်း ခုနပြောတော့ peel off mask လေးတွေသုံးပေးလို့ရပါတယ် ။ ဒါမှမဟုတ် ချွေးပေါက်ကိုသန့်ပေးတဲ့ rubber ပြားလေးတွေ brush လေးတွေနဲ့ မျက်နှာသစ်ပေးလို့လည်းရပြီး သူ့အတွက်ကိုလည်း ကိုယ်သုံးတဲ့ Skincare မှာအဆီပါဝင်မှုမရှိအောင်ထားပေးရပါမယ် ။

ဒီဆားဝက်ခြံနှစ်မျိုးလုံးက ဂရုမစိုက်မိရင်အမြဲဖြစ်နေတတ်ပြီး တစ်ချို့ဝက်ခြံတွေလို ဆေးလိမ်းတာနဲ့သက်သာသွားပြီးပြန်မထွက်တော့တာမျိူးမဟုတ်ပါဘူး ။ အမြဲဂရုစိုက်ပေးနေမှ သက်သာပြီးထပ်မဖြစ်တာပါ ။ ကိုယ်အစားအသောက်ဂရုစိုက်မယ် မိတ်ကပ်တွေလိမ်းပြီးအမြဲ removing လုပ်ပြီးမှ မျက်နှာသစ်မယ် ၊ ဆဲလ်အသေတွေ ချွေးပေါက်တွေထဲမှာပိတ်မသွားအောင် facial deep cleansing လုပ်တဲ့ mask လေးတွေ scrub လေးတွေ အပတ်စဉ်သေချာသုံးပေးရင် တစ်ဖြည်းဖြည်း သက်သာသွားမှာပါ ။

အဆီဖု ( Whitehead ) တွေအကြောင်း ။

နောက်ဆုံးတစ်ခုကတော့ မိတ်ကပ်လိမ်းဖြစ်တဲ့ အဆီပြန်တတ်တဲ့ မိန်းကလေးတွေလိုတိုင်းဖြစ်ဖူးကြတဲ့ အဆီဖုလို့ခေါ်တဲ့ Whitehead တွေပါ ။ အဆီဖုတွေကသတိထားမိလားမသိဘူး ဝက်ခြံအဆံမရှိတဲ့ ဝက်ခြံညှစ်လို့မရတဲ့ အပတ်အဖုလေးတွေပါ ။ သူကဝက်ခြံထဲမှာပါပေမယ့် ဘတ်တီးရီးယားမဝင်သေးတဲ့ အဖုလေးတွေပေါ့နော် ။ အဲဒါကြောင့်ယောင်ယမ်းတာမရှိတတ်ပေမယ့် အများကြီးပေါက်တတ်တာမို့ စိတ်ညစ်စရာကောင်းပါတယ် ။

သူကဘယ်လိုဖြစ်တာလည်းဆိုတော့ ချွေးပေါက်တွေ ပိတ်ဆို့ပြီးပဲဖြစ်လာတာဖြစ်ပြီး သူကတစ်ခြားဝက်ခြံတွေလို အဆံလေးတွေမရှိပဲ အရေပြားအောက်မှာပိတ်နေလေ့ရှိပါတယ် ။ Combination skin တွေမှာအဖြစ်များပြီး မျက်နှာရဲ့ T zone တစ်ဝိုက် နဖူး မေးစေ့နဲ့ နှာခေါင်းတစ်ဝက်တွေမှာ ပေါက်တတ်ပါတယ် ။ တစ်ခုဖတ်ဖူးတာက whitehead တွေကဆစ်ခါတစ်လေ သန္ဓသေားဆေးသောက်သုံးတဲ့အခါရတဲ့ side effect ကြောင့်လည်းဖြစ်တတ်တာမို့ ဟိုမုန်းကြောင့်ဖြစ်တယ်ဆိုရင် ဆရာဝန်နဲ့သေချာဆွေးနွေးသင့်ပါတယ် ။

အဆီခဲလေးတွေကိုသက်သာစေချင်ရင်တော့ ပထမဆုံးအချက်အနေနဲ့ ပိုမဆိုးလာအောင် သွားမဆွပေးပဲ သူ့ကိုဒီတိုင်းထားပေးပါ ။ တစ်ခါတစ်လေ whitehead တွေက ဘာမှမလုပ်ပဲထားပေးတာကနေ သက်သာသွားတတ်ပါတယ် ။ ကိုယ်သုံးမယ့် product တွေထဲမှာ Benzoyl peroxide , salicylic acid, retinoids, စတာတွေပါတာရွေးချယ်ပေးလို့ရပါတယ် ။ မျက်နှာသစ်ဆေး ၊ serum နဲ့ moisturizer တွေရဲ့နောက်ကျောဖက်မှာ ပါဝင်ပစ္စည်းဖတ်ကြည့်လို့ရပါတယ် ။

နောက်တစ်ခုက exfoliate လုပ်တာလို့ခေါ်တဲ့ အပေါ်ယံလွှာက ဆဲလ်သေတွေကိုဖယ်ပေးတဲ့ deep cleansing mask တွေ scrub တွေ တစ်ပတ်နှစ်ခါ သုံးခါလောက် သုံးပေးသွားရင် ဆဲလ်အသေတွေချွေးပေါက်မှာပိတ်ဆို့သွားတာကိုကာကွယ်ပေးနိုင်ပါတယ် ။ Sunscreen သုံးတဲ့အခါ မျက်နှာရော ခန္ဓာကိုယ်ပါတူတူတွဲထုတ်ထားတာတွေ မသူံးပေးပဲ မျက်နှာအတွက်သပ်သပ်ကို အဆီမပါတာရှာသုံးပေးသင့်ပါတယ် ။ ကိုယ်သုံးတဲ့ skincare နဲ့ cosmetics ထဲမှာ oil မပါတာသုံးပေးရင် အဆီပို skin ထဲရောက်တာကာကွယ်ပေးထားပြီးသားဖြစ်တာမို့ အထောက်အကူပြုပါတယ် ။

Crd(မူရင်း)

30/01/2021

HM soap ကိုဘာကြောင့်ဝယ်သုံးရမလည်း
ဖွင့်ထွက်သွားအောင် ရှင်းပြမယ်နော်

🙋HM soapက Hand made soapဖြစ်တယ်
စက်ပစ္စည်းနှင့်ပေါင်းတင်ထုတ်ထားတဲ့
ဆပ်ပြာမျိုးမဟုတ်ပါဘူးနော်
ထုတ်လုပ်ချိန်မှာ အချိန်တစ်ခုစောင့်ပေးရတယ်

Hand made soap ကskinတွက်ကောင်းသော
သဘာဝအဆီအနှစ်ကို 90%ထိ ထိန်းထားပေးနိုင်တယ်

ရိုးရိုးsoapထက်ပိုပြီး skin careအားကောင်းတယ်

Removingအားကောင်းပြီး သန့်ရှင်းလန်းဆန်းနေမယ်

ဒီကြောင့် သူများနိုင်ငံတွေမှာ
Hand made soapဆို တော်တော်တန်ဖိုးထားပြီး
သုံးကြတယ်😁😁High Qualityဖြစ်မှန်းသိနေတယ်
မျက်နှာလည်းသစ်ရတယ်
ခန္ဓာယ်ကိုယ်လည်းတိုက်လို့ရတယ်

ပါဝင်ပစ္စည်းတွေကတော့ အကုန်လုံးက
အကောင်းစားတေပဲနော်😍😍
HM soap လေးကအသားရည်ကိုကြည်ပြီး
ဝက်ခြံကိုပျောက်စေတယ်
တချို့ကျောကုန်းမာရှိတဲ့ဝက်ခြံတွေ
HM soap လေးသုံးရင်အဆင်ပြေတယ်

Price-6500( 80g)

Want your business to be the top-listed Shop in Thaton?
Click here to claim your Sponsored Listing.

Telephone

Website

Address


Thaton