Synergy Youth Development
12/10/2022
သန်လျင်မြို့နယ်နေလူငယ်များအတွက် သတင်းကောင်း
---------------------------------------------------
Synergy Youth Development Group (SYDG) မှ မြန်မာနိုင်ငံရှိ လူငယ်များ ဖွံ့ဖြိုးတိုးတက်စေရန် နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုများပြားလာစေရန် ရည်ရွည်၍ သက်မွေးနည်းပညာ သင်တန်းများကို ဖွင့်လှစ်ရန် အစဉ်အဆက် ကြိုးပမ်းခဲ့ပါသည်။
ယခုအခါ သန်လျင်မြို့နယ်ရှိ လူငယ်များ အတွက် အခြေခံ ဂဟေဆက်နည်း သင်တန်းကို (Basic Welding Training) ကို စာတွေ့၊ လက်တွေ့ အခမဲ့ သင်ကြားပို့ချ နိုင်ရန် စီစဉ်လျက်ရှိပါသည်။ ထို့ကြောင့် စိတ်ပါဝင်စားသော လူငယ်များ နှင့် အဖွဲ့အစည်းများမှ ဆက်သွယ်နိုင်ပါကြောင်း အကြောင်းကြားအပ်ပါသည်။
သင်တန်းကာလ နှင့် အချိန်၊ နေရာ
၁) သင်တန်းကာလ - (၅) ပတ် ( တစ်ပတ် လေးရက် တက်ရောက်ရမည်။)
၂) သင်တန်း အချိန် - မနက် (၉း၃၀ ) မှ ညနေ (၄း၀၀) နာရီ အထိ
၃) သင်တန်း နေရာ - အမှတ် (၁)၊ သုခလမ်း ၊ အမှုထမ်းရပ်ကွက်၊ အောင်ချမ်းသာ၊ သန်လျင်မြို့။
၄) လျှောက်လွှာပိတ်ရက် - (၂၀) ရက်နေ့၊ အောက်တိုဘာလ (၂၀၂၂)
လျှောက်ထားနိုင်သူများ
- အသက် (၁၆) နှစ် မှ (၂၅) နှစ်အတွင်းရှိ ကျား / မ မရွေး မည်သူမဆို လျှောက်ထားနိုင်ပါသည်။
- အနိမ့်ဆုံး အခြေခံ အလယ်တန်း အဆင့် ရှိရမည်။ တက္ကသိုလ်တက်ေရာက်ဆဲ ကျောင်းသား/သူ များလည်း လျှောက်ထားနိုင်ပါသည်။
- ကျန်းမာရေးကောင်းမွန်ပြီး သင်တန်းကို ပြီးဆုံးအောင် တက်ရောက်နိုင်သူ ဖြစ်ရမည်။
- အကျင့်စာရိတ္တနှင့် သင်တန်းအတွက် အာမခံပေးနိုင်သော သူ နှစ်ဦး၏ထောက်ခံချက်ပါရှိရမည်။
- သန်လျင်မြို့နယ်အတွင်းမှ လူငယ်များကို ဦးစားပေးခေါ်ယူမည် ဖြစ်ပါသည်။
-
မှတ်ချက် ။ ။ သင်တန်းသား ဦးရေ (၂၀) ထိသာ လက်ခံမည် ဖြစ်ပြီး ရွေးချယ်ခံရမှသာ တက်ရောက်ခွင့် ရရှိမည်ဖြစ်ပါသည်။ သင်တန်းသားများသည် Person Safety Dress အတွက် စရိတ်မျှပေးရမည် ဖြစ်ပါသည်။
သင်တန်းနှင့် ပတ်သတ်သော အကြောင်းအရာ အသေးစိတ်များကို အောက်ဖော်ပြပါ များတွင် ဆက်သွယ် စုံစမ်းနိုင်ပါသည်။
ဖုန်း - ၀၉ ၇၉၅ ၁၁၅ ၂၉၆, ၀၉ ၄၂၃၇ ၄၁၇ ၂၂
Email – [email protected], [email protected]
Click here to claim your Sponsored Listing.
Category
Contact the organization
Telephone
Website
Address
Thanlyin